နှစ်ပေါင်း 1300 ကျော်က ကြေးကွင်းနဲ့ပတ်ထားသည့် ထူးဆန်းသော အလောင်းများ

Share:


ရုရှနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ ကြေးကွင်းနဲ့ ပတ်ထားသည့် နှစ်ပေါင်း 1300 ခန့်က လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုခေတ်ထိုအခါက ပါးရှားတွေ ကြီးစိုးတဲ့ခေတ်မို့ အရိုးစုတွေဟာ ပါးရှားတွေ ဖြစ်ပုံရကြောင်း ခန့်မှန်းချက်များ ရှိနေပေမယ့်၊ ယခင်က တွေ့ရှိခဲ့တဲ့ အလောင်းတွေနဲ့ တူညီမှု မရှိပါဘူး။ ယခုရုပ်အလောင်းတွေဟာ ကြေးကွင်းနဲ့ ပတ်ထားကြပြီး၊ ပိုးကောင်အိမ်နဲ့တူတဲ့ ခေါင်းတလားမှာ ထည့်သွင်းမြှုပ်နှံထားပါတယ်။
ယခုတွေ့ရှိမှုမှာ ကလေးရုပ်အလောင်းများလည်း ပါဝင်ပြီး၊ အမျိုးသမီးအလောင်း တစ်ခုတည်းသာ ပါဝင်တယ်လို့ သိရပါတယ်။ အာတိတ်သုတေသနဌာနမှ အကြီးတန်းသုတေသနအရာရှိ Alexander Gusev ကတော့ အလောင်းတွေကို အချင်းချင်း မနီးမဝေးမှာ ကပ်လျှက်အနေအထားနဲ့ တွေ့ခဲ့ရတာလို့ အတည်ပြုခဲ့ပါတယ်။
အရွယ်ရောက်ပြီး ရုပ်အလောင်းတွေဟာ ခြေထောက်မှ အောက်အထိ ကြေးကွင်းတွေနဲ့ ပတ်ထားပြီး၊ ကလေးတစ်ဦးရဲ့ ရုပ်အလောင်းကတော့ အသက် 6 လအရွယ်သာ ရှိနိုင်တယ်လို့ Gusev က ခန့်မှန်းခဲ့ပါတယ်။ အရွယ်ရော်ကပြီးသူတွေကို ထည့်ထားတဲ့ ပိုကောင်အိမ်ပုံစံ ခေါင်းတလားဟာ အရှည် 5.7 လက်မ အရှည်ရှိပြီး၊ ယင်းခေတ်မှာတော့ ပုံမှန်မဟုတ်တဲ့ အရပ်ကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။

ဆယ်ကျော်သက်ဘဝမှာကွဲသွားခဲ့ပြီး Facebook မှာ ပြန်ဆုံကြသူ ချစ်သူ(၂)ဦး
လက်ရှိအချိန်မှာတော့ တောင်ကိုရီးယား-ရုရှ ပညာရှင်တွေပူးပေါင်းပြီး၊ ရုပ်အလောင်းတွေကို Tyumen မြို့က ဓာတ်ခွဲခန်းမှာ အသက်၊ လိင် အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဆိုက်ဘေးရီယား Zeleniy Yar ရှေးဟောင်းဌာနမှာ ပါးရှားခေတ်က အသုံးပြုခဲ့တဲ့ ကြေးနီကွင်းတွေ၊ ကြေးနီဒယ်အိုးတွေ မြောက်များစွာ တွေ့ရဆဲ ဖြစ်ပြီး၊ တောင် မိုင် 3500 အတွင်းမှာလည်း ပါးရှားခေတ်အသုံးဆောင် တွေ့ရှိမှုတွေ ရှိနေဆဲလို့ သိရပါတယ်။
Credit-shwemom

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...