တမလွန်ဘဝအထိဆက်လက်မောင်းနှင်သွားနိုင်အောင် ဒေါ်လာသန်းချီတန်တဲ့ကားကို မြေမြုပ်ခဲ့သူ

Share:

Image result for thane chiquinho scarpa
တစ်ခါတုန်းက ဘရာဇီးနိုင်ငံမှာ သြဇာညောင်းပြီး ကျိကျိတက်ချမ်းသာတဲ့ မစ္စတာစကာပါ (Mr.Scarpa) ဆိုတဲ့သူဌေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူက လူတိုင်းအံ့အားသင့်သွားစေမယ့် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်တယ်။
သူ့ရည်ရွယ်ချက်က သူသေဆုံးသွားပြီးနောက် တမလွန်ဘဝအထိ ဆက်လက်မောင်းနှင်သွားလို့ရအောင် ဒေါ်လာသန်းချီတန်တဲ့ သူ့ကားအကောင်းစားကြီးကို မြေကြီးထဲမြုပ်နှံဖို့စီစဉ်ထားတယ်ဆိုတဲ့အကြောင်းပါ။ ဘာပြောကောင်းမလဲ။ အဖိုးတန်ကားတစ်စီးလုံးကို မြေမြုပ်ဖြုန်းတီးပစ်မယ့် သူ့စိတ်ရူးပေါက်မှုအပေါ် လူတွေရဲ့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရှုတ်ချသံတွေ သူ့ဆီပလူပျံနေအောင် ရောက်လာတော့တယ်။ ကားကို မြေမြုပ်ပစ်လိုက်မယ့်အစား အများအတွက်အကျိုးရှိအောင်  အဖွဲ့အစည်းတစ်ခုခုဆီ လှူဒါန်းခဲ့ဖို့ အကြံပေးကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။
Image result for thane chiquinho scarpa
ကြေညာထားတဲ့အတိုင်း ကားကိုတကယ်မြုပ်နှံမယ့်နေ့ရောက်တော့ ကျင်းတူးထားတဲ့နေရာကို စိတ်ဝင်တစားလာကြည့်ကြတဲ့လူတွေလည်း ဝက်ဝက်ကွဲပေါ့။ သူဌေး စကာပါ (Scarpa )ကို
“ကားကို နောက်ဘဝအထိ ဘယ်လိုယူသွားလို့ရမှာလဲ။ ဒီလူ့နှယ် ရူးများနေသလား” ဆိုပြီး ဝေဖန်သံတွေလည်း စီစီညံနေတယ်။
ဒါပေမယ့် စကာပါ(Scarpa) က သူ့ကားကို  ကျင်းထဲမြုပ်ခါနီးကျမှ  အခုလိုလုပ်ရတာက လူတွေကို ပညာပေးချင်တာကြောင့်ပါလို့ ရှင်းပြတယ်။
Related image
“ခင်ဗျားတို့က သန်းချီတန်တဲ့ကားကြီးကို မြုပ်ပစ်ရကောင်းလားဆိုပြီး ကျုပ်ကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ တကယ်တော့ ခင်ဗျားတို့ကမှ ကျုပ်ကားထက် တန်ဖိုးကြီးတဲ့အရာတွေအများအပြားကို မြေကြီးအောက်ထဲ မြုပ်နှံပစ်နေကြတာပါ။ စဉ်းစားကြည့်လေ။ ခင်ဗျားတို့ဟာ နှလုံးသားတွေကို မြုပ်နှံပစ်ကြတယ်၊ အသည်းတွေကို မြုပ်နှံပစ်ကြတယ်။ အဆုတ်တွေကို မြုပ်နှံပစ်ကြတယ်၊ မျက်လုံးတွေကို မြုပ်နှံပစ်ကြတယ်၊ ကျောက်ကပ်တွေကို မြုပ်နှံပစ်ကြတယ်။ တကယ်တော့ အဲ့ဒါတွေကမှ တန်ဖိုးကြီးလှပါတယ်ဆိုတဲ့ ကျုပ်ကားထက် အဆတစ်ရာမက ပိုနှမြောဖို့ကောင်းတဲ့အရာတွေဗျ။ ခင်ဗျားတို့သေသွားရင် မြေမြှုပ်မီးရှို့ပစ်လိုက်ရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက မပြည့်စုံသူတွေအတွက်တော့ တကယ့်ရတနာတွေပါ။ ရတနာတောင် ရိုးရိုးရတနာမဟုတ်ဘူး။ ဘဝတွေကို ပြောင်းလဲသွားစေနိုင်လောက်တဲ့ တကယ့်အဖိုးတန်ရတနာတွေဗျ။ အဲ့ဒါကြောင့် ခင်ဗျားတို့သေသွားတဲ့နောက်မှာ ခင်ဗျားတို့ရဲ့အကောင်းပကတိကျန်ရှိနေခဲ့တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို လိုအပ်နေတဲ့ဘဝအများကြီးအတွက် လှူဒါန်းမသွားသင့်ကြဘူးလားဗျာ”
Image result for thane chiquinho scarpa
ပရိသတ်ကြီးရေ… သူဌေးကြီး စကာပါ (Scarpa )ရဲ့ အလှူအတန်းနဲ့ ပတ်သက်ပြီး သင်ခန်းစာပေးပုံလေးက ပညာသားပါလှပါတယ်။ တကယ်တော့ လောကကြီးမှာ အဆောင်အယောင်ဥစ္စာတို့ထက် အဖိုးတန်တဲ့အရာတွေကို လူတွေက အမှုမဲ့အမှတ်မဲ့မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒီအချက်လေးကို ဒီဆောင်းပါးလေးက မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ ဖတ်မိလို့ နှစ်သက်သဘောကျတယ်ဆို အခြားသူတွေပါ ဖတ်ရအောင် Share လိုက်ပါဦးနော်။
Credit – Original Writer

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...