သင္၏မ်က္လံုး အားျပန္ေကာင္းၿပီး ” မ်က္မွန္လြတ္တဲ့နည္း “

Share:
ပထမဦးဆံုး အိပ္ရာကႏိုးၿပီးၿပီးခ်င္း ၊ မ်က္ႏွာကိုအရင္မသစ္ရဘူး ၊ ေျခေထာက္ႏွစ္ဖက္လံုး ဒူးအထက္ကေနၿပီး ေရသံုးခြက္စီေလာက္ ေလာင္းေပးရမယ္ ။ ဒါက တစ္ကိုယ္လံုးမွာျပန္႔ႏွံေနတဲ့ အပူခိုးေတြကို ေျခေထာက္ေရာက္သြားေအာင္ ဆြဲခ်လိုက္တာပါ ။ ။ ။

အိပ္ရာကထလာတာနဲ႕အပူေတြကတစ္ကိုယ္လံုးမွာျပန္႕ႏွံ႕ေနတာပါ ၊ ဒီအခ်ိန္မွာ အရင္ကထံုးစံအတိုင္း မ်က္ႏွာကိုအရင္သစ္လိုက္မယ္ဆိုရင္ ေရနဲ႕ထိၿပီးေအးသြားတဲ့ မ်က္ႏွာတစ္ျပင္လံုးကို တစ္ကိုယ္လံုးက အပူေတြ အကုန္ေျပးလာၾကပါတယ္ ၊ ဒါေၾကာင့္မ်က္စိကိုတစ္ကိုယ္လံုးက အပူခိုး ၊ အပူေငြ႕ေတြလာရိုက္ေတာ့တာေပါ့ ။ ။ ။
ေသခ်ာသိခ်င္ရင္ မ်က္ႏွာသစ္ၿပီးတာနဲ႕ မွန္ေထာင္ၾကည့္လိုက္ပါ ၊ မ်က္လံုးႏွစ္လံုးစလံုး ” ရဲ ” ေနတာေတြ႕ရလိမ့္မယ္၊ အဲ့ဒီလိုအပူခိုးေတြ ရိုက္ပါမ်ားလာတဲ့အခါ ” ဒီမ်က္စိကမႈန္ၿပီး အားနည္းသြားတာေပါ့ ” ။ ။ ။
ဒါေၾကာင့္အပူခိုးေတြ မ်က္စိဆီကိုမသြားဘဲ ေအာက္ေရာက္သြားေအာင္ ေျခေထာက္ကိုအရင္ေရေလာင္းရတာေပါ့ ၊ ဒူးကေနေရေလာင္းၿပီးတဲ့အခါမွာလည္း ခ်က္ခ်င္းမ်က္ႏွာမသစ္ရေသးဘူး ။
ခ်ိဳင္းၾကားႏွစ္ဖက္မွာ ကပ္က်န္ေနတဲ့ အပူခိုးေတြ ထြက္သြားေအာင္ မတ္တတ္ရပ္ၿပီး လက္ႏွစ္ဘက္ကို ေခါင္းေပၚေျမွာက္တင္လိုက္ ေအာက္ခ်လိုက္ နဲ႕ အနည္းဆံုး အႀကိမ္ ၂၀ ေလာက္လုပ္ေပးရမယ္ ။ ။ ။
အဲ့ဒါၿပီးတဲ့အခါ တက္ေနတဲ့ ဇက္ေၾကာေတြေလွ်ာ့သြားေအာင္ ေခါင္းကို ေနာက္ေက်ာဘက္ေရာက္ႏိုင္သေလာက္ လွန္ခ်ရမယ္ ၊ ေရွ႕ကိုလည္း ရသေလာက္ ငံု႕ရမယ္ ။
ဒါကလည္းအႀကီမ္ ၂၀ ေလာက္ေပါ့ ၊ ၿပီးရင္ ေခါင္းကို ဘယ္ညာ အခါ ၂၀ ေလာက္လွည့္ေပးရမယ္ ။ ။ ။
ဒီေလ့က်င့္ခန္း သံုးခု ၿပီးတာနဲ႕ တစ္ကိုယ္လံုးမွာရွိတဲ့ အပူခိုးေတြ ေျခေထာက္ကတဆင့္ ထြက္ေနတာ ကုန္သြားပါၿပီ ။
ေသခ်ာသိခ်င္ရင္ ေျခေထာက္ကိုစမ္းၾကည့္လိုက္ေပါ့ ။
“ေရတစ္စက္မွမရွိေတာ့ဘဲ ေျခာက္ေနတာေတြ႕ရလိမ့္မယ္ ” ။
အဲဒီက်ေတာ့မွ မ်က္ႏွာကို ဆပ္ျပာနဲ႕ ေသခ်ာသစ္ရမယ္ ၊ သြားမတိုက္ရေသးဘူး ။ ပါးစပ္ကိုပိတ္ထားရမယ္ ။
မ်က္ႏွာသစ္ၿပီးတာနဲ႕ မ်က္ႏွာသုတ္ပု၀ါနဲ႕သုတ္ေပေတာ့ ။
ဒီအခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ ေမႊးညွင္းေပါက္ေတြ အကုန္ပြင့္သြားတာေပါ့ ၊ အဲ့ဒီက်ေတာ့မွ သြားတိုက္ရမယ္ ၊ သြားတိုက္ရင္းနဲ႕ သြားႀကိဳသြားၾကားမွာရွိတဲ့ အခိုးအေငြ႕ေတြဟာ ” မ်က္ႏွာကေမႊးညွင္းေပါက္မ်ားမွတဆင့္ ထြက္ကုန္မယ္ေလ” ။
ဒီနည္းကေတာ့” အပူေၾကာင့္ျဖစ္တဲ့ သြားကိုက္ေရာဂါ ” ကို ႀကိဳတင္ကာကြယ္နည္းပါ ။
ေနာက္ၿပီးျဖစ္ႏိုင္ရင္ ေန႕ဘက္ကို ဦးစားေပးၿပီး စာၾကည့္သင့္တယ္ ၊ ညဘက္ကိုနည္းနည္း ပဲၾကည့္ေစခ်င္တယ္ ။
ဒီနည္းျဖင့္ မ်က္စိမႈန္ေနသူမ်ား ျပန္အားေကာင္းႏိုင္ပါတယ္ ။ မ်က္စိအားေကာင္းေသာ သူမ်ားပင္လွ်င္ ဒီနည္းကို အျမဲတေစျပဳလုပ္မည္ဆိုပါက မ်က္မွန္တတ္ရမည့္ အဆင့္သို႕ မေရာက္ႏိုင္ေတာ့ပါ ။
အရွင္ဇ၀န (ေမတၱာရွင္ – ေရႊျပည္သာ )
စာရိတၱသတၱိ စာအုပ္မွ မွ်ေ၀ပါသည္
ေမတၱာျဖင့္ … ျမစိုး
=========
Unicode
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊ အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။
သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊ မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ။ ။ ။
ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။
ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။
အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ် ။
ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။
ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။
သေချာသိချင်ရင် ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
“ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် ” ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ ပါးစပ်ကိုပိတ်ထားရမယ် ။
မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊ အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ ” မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ” ။
ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။
နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။
ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။ မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။
အရှင်ဇဝန (မေတ္တာရှင် – ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် … မြစိုး

No comments

Featured post

၂၄ နာရီအတြင္း ၄၂ခါအာသာေျဖခ့ဲမႉေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးေသဆုံး

လိင္အာသာေျဖျခင္းဆိုတာ အမ်ိဳးသားမ်ားအတြက္ ပုံမွန္သဘာဝပဲျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ိဳေဖာ္ဝင္ခါစ အမ်ိဳးသားမ်ား ဟိုမုန္းေျပာင္းလဲမွုေၾကာင့္ လိင...