ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော ၅၄ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ် အမွေဆိုင် ကိစ္စ
အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်း
အမွေဆိုင် ကိစ္စ
==========================
ယခု ဒေါ်အောင်ဆန်းစုကြည်
နေထိုင်သော ၅၄ တက္ကသိုလ်ရိပ်သာ
လမ်းနေအိမ်သည် မိခင်ကြီး
ဒေါ်ခင်ကြည် ပိုင်သောမြေဖြစ်သည်။
၂၅ တာဝါလိန်းလမ်းအိမ်ကို
ဗိုလ်ချု ပ်ပြတိုက် ဆောက်လုပ်ရန်
အတွက်ဖဆပလ အစိုးရက
အမှတ် ၅၄ သို့ ၁၉၅၅ တွင်
ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီးဘဝမှ အငြိမ်းစား
ယူခဲ့ပြီးအမှတ် ၅၄ တွင်နေထိုင်ခဲ့သည်။
သားကြီး ဦးအောင်ဆန်းဦးသည်
အမေရိကန်တွင်လည်းကောင်း
ဒေါ်အောင်ဆန်းစုကြည်သည်
ဗြိတိန်တွင်လည်းကောင်းအသီးသီး
နေထိုင်ကြ၍ ဒေါ်ခင်ကြည်တစ်ဦး
တည်းသာလျှ င် နေထိုင်ခဲ့သည်။
ဒေါ်ခင်ကြည်သည် တူအရင်းဖြစ်သူ
(ဒေါ်ခင်ကြည် ဧ။်အမအရင်းဖြစ်သူ)ဧ။်
သား ဦးခင်မောင်အေးအား
မွေးစားသား အဖြစ်မွေးစားခဲ့သည် ။
(နောင် ဗိုလ်မှုးကြီး ခင်မောင်အေး)
ထို ၁၉၈၅ ခုနှစ်အထိ ဗိုလ်မှုးကြီးခင်
မောင်အေးတွင် နေစရာ အိမ် မရှိပေ။
ယင်းကိုသိသော ဒေါ်ခင်ကြည်က
မွေးစားသား(ယခု အသက် ၈၆ နှစ် ရှိ
ပြီဖြစ်သော) ဗိုလ်မှုးကြီးခင်မောင်အေး
အတွက်
အမှတ် ၅၄ မြေကွက်
အတွင်းမှပေ ၇၀ × ၁၀၀ အကျ ယ်ရှိ
မြေကွက်တစ်ပိုင်းကို တူသား
အိမ်ဆောက် နေနိုင်ရန်
အသိသက်သေများရှေ့၌
လက်မှတ်ရေးထိုးပေးအပ်လေသည်။
၁၉၈၈ တွင်ဒေါ်ခင်ကြည်
ကျန်းမာရေးချို့ ယွင်းလာချိန်
သားကြီးကိုဦး နှင့် သမီးငယ်မစုထံ
မိခင်ကြီးကို လာကြည့်ရန်မှာကြားဧ။်
သားကြီးကိုဦး အလုပ်ခွင်အခြေအနေ
အရ မလာနိုင်သော်လည်း သမီးငယ်
မစု မှာ ထိုင်းအဲယားဝေးဖြင့်
ရောက်လာဧ။် ။
မိခင် ဒေါ်ခင်ကြည်က
ဗိုလ်မှုးကြီး ခင်မောင်အေးအား
ပေ ၁၀၀ × ၇၀ မြေကိုပေးအပ်ထား
ကြောင်း ရောက်ရောက်ချ င်းပြောပြဧ။်
ဒေါ်စုက ဘာမျှထင်မြင်ချက် မပေးပါ ။
ဗိုလ်မှုးကြီးခင်မောင်အေးကို
မြေ ၁၀၀ × ၇၀ ပေးခြင်းကို
သားကြီးကိုဦးသည် မကျေ လည်
ခဲ့ပေ။
ထို့ကြောင့် ရန်ကုန် အနောက်ပိုင်း
ခရိုင်တရားရုံးတွင် တရားဆွဲဆိုခဲ့သည်။
စွပ်စွဲချက်တို့သည် အထောက်အထား
ခိုင်မာမှု မရှိသည့်အတွက် ရုံးတော်မှ
အမှု ကိုပယ်ချ ခဲ့သည် ။
ဗိုလ်မှုးကြီးခင်မောင်အေးရမည့်
မြေတန်ဘိုးသည် ကာလပေါက်ဈေး
သိန်းပေါင်း ( ၇၀၀၀၀ )ခုနှစ်သောင်း
ခန့်တန်ပေသည် ။
ယခု အခြေအနေ အရပ်ရပ်သည်
ညီညွတ်ရေးဆီသို့ ဦးတည်ပြောင်းလဲ
ခဲ့ပြီ ။ သဘောထားကွဲလွဲမှု
များလည်းယခင်ကလို မရှိတော့ပါ။
ဒေါ်စု သဘောထားက ရှင်းသည် ။
ဦးအောင်ဆန်းဦး ရရှိမည့်မြေပိုင်ဆိုင်
မှု အတွက် သင့်တင့်မျှ တသော ငွေကို
သူ အမ်းပေးမည် ။
ဗိုလ်မှုးကြီးခင်မောင်အေး မြေကွက်
အတွက်လည်း တန်ဘိုးငွေ
အမ်းပေးမည် ။
ဤမြေကွက်ကြီးကို သူလည်းမယူ ။
မိခင်ကြီးအား ရည်စူး၍
ပြည်သူများရှေ့ရေးအတွက်
ဒေါ်ခင်ကြည် ပရဟိတဖေါင်ဒေးရှင်းသို့
ဤမြေကွက်ကြီးကို ပေးလှူလိုက်မည်။
ပြတ်သားလွန်းလှပါသည် ။
မြန်မာ ပြည်သူလူထုင်္ကြီးအတွက်
မိမိရ ရှိမည့် အခွင့်အရေးကို
စွန့်လွှတ်ကာ
မွန်မြတ်သော
အမေစု ဧ။်ပရဟိတ အမှုတို့
အတွက် ကမ္ဘာ တည်သရွေ့
နတ်လူ သာဓု ခေါ်စေသော်
ဟုသာ
ဆုတောင်းပတ္ထနာပြု
လိုက်ရပါတော့သည်
မေမေ ကျန်းမာပါစေ။
Myomyanmar
CREDIT — ကိုကျော်နိုင်

No comments