ဆီးကြိတ်ရောဂါကာကွယ်ဖို့ တစ်လမှာ ၂၁ကြိမ် သုတ်လွှတ်စို့

Share:

အမျိုးသားတွေအတွက် ဆီးကြိတ်ကင်ဆာ (Prostate Cancer) ဟာလည်း ကြောက်စရာတစ်ခုဖြစ်လာပါပြီ။ အမေရိကန်နိုင်ငံမှာတောင် ဆီးကြိတ်ကင်ဆာဟာ အမျိုးသားတွေအတွက် တတိယအဖြစ်များဆုံးကင်ဆာဖြစ်ပါတယ်။ သုတ်ထုတ်ပေးတဲ့ ဂလင်း (Gland) တွေဟာ အမျိုးသားတွေအတွက် အရေးကြီးလွန်းပြီး အသက်၅ဝကျော်လာတာနဲ့ ဂလင်းဧရိယာဟာ ကျယ်ပြန့်လာတတ်ပါတယ်။ ဆီးကြိတ်ဂလင်းကြီးလာတာနဲ့ ဆီးမကြာခဏသွားလာပြီး ဆီးကြိတ်ကင်ဆာဖြစ်တာပါတယ်။
အစားအသောက်ပုံမှန်းစားမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးပုံမှန်စစ်မယ်ဆိုရင် ဆီးကြိတ်ဂလင်းကို ကျန်းမာစေပါတယ်။ ကဲ . . . အခုတော့ အမျိုးသားတွေအတွက် ဆီးကြိတ်ကင်ဆာလည်း ကာကွယ်နိုင်သလို စိတ်ဆန္ဒလည်း ပြည့်ဝစေမယ့် နည်းလမ်းတစ်ခုက ဟားဗတ်တက္ကသိုလ် (Harvard University) က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ European Urology ဂျာနယ်မှာ လိင်များများဆက်ဆံရင် ဆီးကြိတ်ကင်ဆာကို လျော့နည်းစေပါတယ်လို့ ဖော်ပြထားပါတယ်။
“သုတ်များများလွှတ်တဲ့လူဟာ ဆီးကြိတ်ကင်ဆာဖြစ်တန်စွမ်းကို
လျော့နည်းစေပါတယ်။ တစ်လမှာ အနည်းဆုံး
သုတ်၂၁ကြိမ်လွှတ်သင့်ပါတယ်။
အကြိမ်ရေများလေ ဆီးကြိတ်ကင်ဆာ
ဖြစ်တန်စွမ်း လျော့နည်းလေ ဖြစ်မှာပါ။
သုတ်လွှတ်များရင် ဆီးကြိတ်ကင်ဆာဖြစ်တန်စွမ်းကို
၃၃ရာခိုင်နှုန်းအထိ လျော့နည်းစေပါတယ်။”
ဟားဗတ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူပေါင်း၃၂ဝဝဝရဲ့ လိင်ဆက်ဆံမှုအခြေအနေကို စစ်တမ်းကောက်ယူပြီး အဖြေထုတ်ပေးခဲ့တာဖြစ်ပါတယ်။ လိင်အကြိမ်ရေ များများဆက်ဆံလေ ဆီးကြိတ်ဖြစ်တန်စွမ်း လျော့နည်းလေဆိုတာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ သုတ်လွှတ်လိုက်တာနဲ့ ဆီးကြိတ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေဟာ ခန္ဒာကိုယ်ထဲက ထွက်သွားတဲ့အတွက် ဖြစ်ပါတယ်။
ဒါပေမယ့် သုတ်များများ လွှတ်ရုံနဲ့ ဆီးကြိတ်ရောဂါကို အပြည့်အဝကာကွယ်နိုင်မယ်လို့ ယတိပြတ်ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အဝလွန်တာတွေ၊ ဆေးလိပ်သောက်တာတွေ၊ အဆီများတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း ဆီးကြိတ်ကင်ဆာဖြစ်တန်စွမ်း မြင့်တက်စေတာဖြစ်ပါတယ်။ အဲဒီတော့ ဆီးကြိတ်ကင်ဆာမဖြစ်စေချင်ဘူးဆိုရင် ဆေးလိပ်နဲ့အဆီအဆိမ့်စားတာတွေလည်း ဖြတ်ပါ၊ လိင်များများဆက်ဆံပါလို့ အကြံပြုလိုက်ပါတယ်။
Source – Akhayar

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...