လက္ရွိ ေရႀကီးေရလွ်ံမႈမ်ားသည္ ႏွစ္စဥ္ ျဖစ္ေပၚေနၾကျပႆနာျဖစ္ေန၍ သဘာဝေဘးဒဏ္ မဟုတ္ေတာ့ဘဲ ေနထိုင္မႈပံုစံ ေျပာင္းလဲရန္ လိုအပ္ေၾကာင္း ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာၾကားသည္။
ျပည္ၿမိဳ႕ နဝင္းရပ္ကြက္အတြင္း ေရႀကီးေရလွ်ံမႈေၾကာင့္ ေရေဘးကယ္ဆယ္ေရးစခန္း (ဝါဆိုဘုန္းႀကီးေက်ာင္း)တြင္ ေရေဘးသင့္ျပည္သူမ်ားႏွင့္ ယေန႔ (ဇူလိုင္လ ၂၃ ရက္) နံနက္ ၁၁ နာရီခန္႔က ေတြ႔ဆံုစဥ္ ၎က ယင္းသို႔ ေျပာဆိုလိုက္ျခင္းျဖစ္သည္။

“ႏွစ္စဥ္လို ျဖစ္ေနေတာ့ သဘာဝေဘးလို႔ ေျပာလို႔မရေတာ့ဘူး။ ဒီမိုကေရစီ နည္းလမ္းတက် ေဒသခံေတြအေနနဲ႔ သက္ဆိုင္ရာ ကိုယ္စားလွယ္ေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းက လူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီး ေနထိုင္မႈ ပံုစံေျပာင္းသင့္ရင္ ေျပာင္းရမယ္”ဟု ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာဆိုသည္။
ႏွစ္စဥ္ ေရဝင္ေနၾကေနရာမ်ားမွ ေျပာင္းေရႊ႕ ေဆာက္လုပ္ျခင္း၊ အိမ္အျမင့္ ေဆာက္ျခင္းမ်ိဳးမ်ား ႀကိဳတင္ျပဳလုပ္ထားသင့္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။
“ေရႀကီးရင္ ကေလးေတြ ေရႏွစ္မွာ ေၾကာက္ရတာလဲတစ္ဒုကၡ ခုလွ်ပ္စစ္မီးေတြ ျဖတ္ထားတယ္။ လွ်ပ္စစ္အႏၱရာယ္လည္း ေၾကာက္ရမွာစိုးလို႔ ေနာက္ပိုင္းၾကရင္ေတာ့ ဆိုလာနဲ႔ျဖစ္ျဖစ္ ဘတၴရီနဲ႔ျဖစ္ျဖစ္ မီးရေအာင္ လုပ္ေပးမယ္”ဟု ဝန္ႀကီးခ်ဳပ္က ထပ္ေလာင္းေျပာဆိုသည္။

ျပည္ၿမိဳ႕နယ္အတြင္း ဇူလိုင္လအတြင္း ေရဝင္ေရာက္သည့္အိမ္ေျခ ၁၉၇၂ လံုး၊ လူဦးေရ ၇၉၄၆ ဦး၊ ကယ္ဆယ္ေရးစခန္းသို႔ ေျပာင္းေရႊ႕ ေနထိုင္သည့္ အိမ္ေထာင္စု ၄၃၁ စု လူဦးေရ ၁၆၆၇ ဦး႐ွိေၾကာင္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး ဦးစီးဌာန စာရင္းမ်ားအရ စံုစမ္း သိ႐ွိရသည္။
ဧရာဝတီျမစ္ကမ္းေဘးတစ္ေလွ်ာက္႐ွိ ေရဝင္နစ္ျမဳပ္သည့္ေနရာတြင္ ေနထိုင္ၾကသူ အမ်ားစုသည္ အေျခခံ လူတန္းစားမ်ားျဖစ္ၿပီး ျမစ္ဆိပ္ကုန္တင္ကုန္ခ်၊ ငါးဖမ္းျခင္း စသည္တို႔ျဖင့္ အသက္ေမြးဝမ္းေၾကာင္းေနသူ အမ်ားစုျဖစ္ၿပီး ေနရာေျပာင္းေရႊ႕လိုျခင္း မ႐ွိၾကသူမ်ားလည္း ႐ွိေနေၾကာင္း ေဒသခံမ်ားထံမွ စံုစမ္း သိ႐ွိရသည္။
The Voice

============
Unicode
လက်ရှိ ရေကြီးရေလျှံမှုများသည် နှစ်စဉ် ဖြစ်ပေါ်နေကြပြဿနာဖြစ်နေ၍ သဘာဝဘေးဒဏ် မဟုတ်တော့ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
ပြည်မြို့ နဝင်းရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (ဝါဆိုဘုန်းကြီးကျောင်း)တွင် ရေဘေးသင့်ပြည်သူများနှင့် ယနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၁၁ နာရီခန့်က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“နှစ်စဉ်လို ဖြစ်နေတော့ သဘာဝဘေးလို့ ပြောလို့မရတော့ဘူး။ ဒီမိုကရေစီ နည်းလမ်းတကျ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နေထိုင်မှု ပုံစံပြောင်းသင့်ရင် ပြောင်းရမယ်”ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။
နှစ်စဉ် ရေဝင်နေကြနေရာများမှ ပြောင်းရွှေ့ ဆောက်လုပ်ခြင်း၊ အိမ်အမြင့် ဆောက်ခြင်းမျိုးများ ကြိုတင်ပြုလုပ်ထားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေကြီးရင် ကလေးတွေ ရေနှစ်မှာ ကြောက်ရတာလဲတစ်ဒုက္ခ ခုလျှပ်စစ်မီးတွေ ဖြတ်ထားတယ်။ လျှပ်စစ်အန္တရာယ်လည်း ကြောက်ရမှာစိုးလို့ နောက်ပိုင်းကြရင်တော့ ဆိုလာနဲ့ဖြစ်ဖြစ် ဘတ္ထရီနဲ့ဖြစ်ဖြစ် မီးရအောင် လုပ်ပေးမယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။
ပြည်မြို့နယ်အတွင်း ဇူလိုင်လအတွင်း ရေဝင်ရောက်သည့်အိမ်ခြေ ၁၉၇၂ လုံး၊ လူဦးရေ ရ၉၄၆ ဦး၊ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စု ၄၃၁ စု လူဦးရေ ၁၆၆၇ ဦးရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန စာရင်းများအရ စုံစမ်း သိရှိရသည်။
ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရေဝင်နစ်မြုပ်သည့်နေရာတွင် နေထိုင်ကြသူ အများစုသည် အခြေခံ လူတန်းစားများဖြစ်ပြီး မြစ်ဆိပ်ကုန်တင်ကုန်ချ၊ ငါးဖမ်းခြင်း စသည်တို့ဖြင့် အသက်မွေးဝမ်းကြောင်းနေသူ အများစုဖြစ်ပြီး နေရာပြောင်းရွှေ့လိုခြင်း မရှိကြသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
The Voice

No comments