လွန်ခဲ့သော ဆယ်စုနှစ်ခန့်က နာမည်ကျော်ခဲ့သော No အဖွဲ့မှ အဆိုတော်သဇင်ဟာ နှစ်အတန်ကြာထိ ပရိတ်သတ်နဲ့ ကင်းကွာသွားခဲ့သည်။ သူမသည် အမေရိကတွင်နေထိုင်ခဲ့သည်။ ခုတော့ မြန်မာပြည်ဘက် ပြန်လည်ခြေဦးလှည့်လာပြီး မိတ်ကပ်အလှပြင် ပညာဘက်ကို လိုက်စားနေသည်ဟု သိရသည်။

မကြာသေးခင်ကပဲ သဇင်တစ်ယောက် ရန်ကုန်ကိုပြန်လာပြီး မိတ်ကပ်သင်တန်းဖွင့်မည်ဟု သတင်းမျာ ဖေ့ဘုတ်လူမှုကွန်ယက်ပေါ် ရောက်လာသေးသည်။ သူမကိုယ်တိုင်အသုံးပြုသော ပေချခ်တစ်ခုမှ ခံစားချက်များလည်း တင်လေ့ရှိသော သဇင်က ဒီနေ့လည်း ပို့တစ်ခုတင်လိုက်သည်။ ထိုပို့တွင် လူငယ်များအတွက် အချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတာကို ပြောပြထားသည်။

အဆိုတော်ဇင်က ” အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် ဖြစ်စေ
အားကစား ပြုလုပ်ခြင်းဖြင့် ဖြစ်စေ
ပရဟိတ ကူညီပြုလုပ်ခြင်းဖြင့် ဖြစ်စေ
ကိုယ်ကြိုက်နှစ်သက်ရာ ပညာရပ်တွေကို သင်ယူလေ့လာခြင်းဖြင့် ဖြစ်စေ
အကျိုးရှိစွာ အသုံးချခြင်းဖြင့် ကိုယ့်ကိုကိုယ် အားပေးပြီး အရည်အသွေးကိုမြှင့်တင်ပါ။ ”

ဟု ရေးသားထားသည်။
တစ်ဆက်တည်းမှာပဲ သူမဟာလည်း ယခုလက်ရှိမှာ ပန်းအလှပြင်သင်တန်း တက်နေပါတယ်ဆိုပြီး သင်တန်းမှ ဓာတ်ပုံများနှင့် တွဲတင်ထားသည်။ မော်ဒယ် ထားထက်ထက်နှင့်အတူ ဓာတ်ပုံရိုက်ထားတာကိုလည်း တွေ့နိုင်သည်။
တစ်ဆက်တည်းမှာပဲ သူမဟာလည်း ယခုလက်ရှိမှာ ပန်းအလှပြင်သင်တန်း တက်နေပါတယ်ဆိုပြီး သင်တန်းမှ ဓာတ်ပုံများနှင့် တွဲတင်ထားသည်။ မော်ဒယ် ထားထက်ထက်နှင့်အတူ ဓာတ်ပုံရိုက်ထားတာကိုလည်း တွေ့နိုင်သည်။

Credt – thadin co

No comments