အသက္၇ႏွစ္အရြယ္ေက်ာင္းသူတစ္ဦးအားသတ္ၿပီးနားကြင္းျဖဳတ္ယူသြားတဲ႔ ရင္နင့္ဖြယ္ျဖစ္ရပ္

Share:
မအူပင္၊ ဇူလိုင္ ၂၀ ။

ဧရာဝတီတိုင္းေဒသႀကီး၊မအူပင္ၿမိဳ႕နယ္၊ ဘီးလင္းေက်းရြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ အသက္ ၇ ႏွစ္အရြယ္ ႏွစ္တန္းေက်ာင္းသူတစ္ဦး ယေန႔ ဇူလိုင္လ ၂၀ရက္ေန႔ နံနက္ ၉နာရီေက်ာ္အခ်ိန္ခန္႔တြင္ အသတ္ခံခဲ့ရေၾကာင္း အဆုိပါေက်ာင္းသူေလး ပညာသင္ယူေနသည့္ ဘီးလင္းေက်းရြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္းဆရာတစ္ဦးက AHNသို႔ေျပာသည္။
“ကြၽန္ေတာ့္ကိုရြာသူရြာသားေတြကေက်ာင္းသူအေလာင္းေတြ႕လို႔လာေခၚတယ္။အဲဒါနဲ႔ကြၽန္ေတာ္လိုက္သြားေတာ့ကြၽန္ေတာ္တို႔ေက်ာင္းကႏွစ္တန္းတက္ေရာက္ေနတဲ့ ေက်ာင္းသူ ေလးျဖစ္ေနတာကုိေတြ႕ရတယ္။သူကမနက္ကေတာင္ေက်ာင္းကိုလာေသးတယ္။လြယ္အိတ္ေလးထားၿပီး ရြာထဲမွာရိွတဲ့ မုန္႔ဆိုင္ကို မုန္႔သြားဝယ္စားတာလမ္းမွာရိွတဲ့ၿခံအက်ယ္ႀကီးရဲ႕ အေနာက္ဘက္အစပ္ လယ္ကြင္းထဲမွာအသတ္ခံရတာ။သူ႕အိမ္ကေျပာတာေတာ့ကေလးမွာနားကြင္းတစ္စံုဝတ္ဆင္ထားတယ္လို႔ေျပာတယ္။
ဒါေပမယ့္ေသဆံုးေနခ်ိန္မွာေတာ့နားကြင္းမရိွဘူး။လည္ပင္း မွာေတာ့ပြန္းပဲ့ဒါဏ္ရာေတာ့ေတြ႕တယ္။ေနာက္ၿပီးကေလးေသဆံုးတဲ့နားမွာ အေအးပုလင္း(အဆီပုလင္း) အခြံနဲ႔ထည့္ထားတဲ့ အရက္ပုလင္းလည္းေတြ႕ရတယ္။ေက်ာင္းနဲ႔ ေသဆံုးတဲ့ေနရာနဲ႔ေတာ့ ေပ၄၀၀ေလာက္ကြာပါတယ္”ဟု၄င္းကေျပာသည္။
ေက်ာင္းသူေလးမွာ ေသဆံုးခ်ိန္တြင္ ေက်ာင္း၀တ္စံု အျဖဴ၊ အစိမ္းကုိ ၀တ္ဆင္ထားေၾကာင္းလည္း ၄င္းကဆုိသည္။လူသတ္တရားခံကုိ အခ်ိန္ႏွင့္တေျပးညီဖမ္းဆီးႏိုင္ေရးအတြက္ေဆာင္ရြက္လ်က္ရွိေၾကာင္း မအူပင္ၿမိဳ႕နယ္ကြၽဲဒံုးနယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ျမင့္ေဇာ္ကေျပာသည္။
“ကြၽန္ေတာ္တို႔ကို ရြာက တာဝန္ရိွ သူေတြမေၾကာင္းၾကားၿပီးခ်က္ခ်င္းပဲ အခင္းျဖစ္တဲ့ေနရာကိုသြားၿပီး မွတ္တမ္းယူခဲ့ပါတယ္။ၿပီးေတာ့မအူပင္ျပည္သူေဆး႐ံုႀကီးကို ပို႔ခဲ့ပါတယ္။အခုခ်ိန္ထိေတာ့ တရားခံမမိေသးပါဘူး။တရားခံကိုအခ်ိန္ႏွင့္တေျပးညီဖမ္းဆီးရမိဖို႔ေဆာင္ရြက္ေနပါတယ္။ေသဆံုးသူရဲ႕ဖခင္က တရားလုိျပဳလုပ္တုိင္တန္းထားလုိ႔ ပုဒ္မ ၃၀၂/၃၉၂နဲ႔အမႈဖြင့္ထားပါတယ္ “ဟုစခန္းမႉး ရဲအုပ္ ျမင့္ေဇာ္က ယေန႔ေန႕လယ္ပိုင္းတြင္ေျပာသည္။
Credit- ျပည့္ၿဖိဳးပိုင္
Zin Moe
=========
Unicode
မအူပင်၊ ဇူလိုင် ၂၀ ။
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ အသက် ရ နှစ်အရွယ် နှစ်တန်းကျောင်းသူတစ်ဦး ယနေ့ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီကျော်အချိန်ခန့်တွင် အသတ်ခံခဲ့ရကြောင်း အဆိုပါကျောင်းသူလေး ပညာသင်ယူနေသည့် ဘီးလင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာတစ်ဦးက AHNသို့ပြောသည်။
“ကျွန်တော့်ကိုရွာသူရွာသားတွေကကျောင်းသူအလောင်းတွေ့လို့လာခေါ်တယ်။အဲဒါနဲ့ကျွန်တော်လိုက်သွားတော့ကျွန်တော်တို့ကျောင်းကနှစ်တန်းတက်ရောက်နေတဲ့ ကျောင်းသူ လေးဖြစ်နေတာကိုတွေ့ရတယ်။သူကမနက်ကတောင်ကျောင်းကိုလာသေးတယ်။လွယ်အိတ်လေးထားပြီး ရွာထဲမှာရှိတဲ့ မုန့်ဆိုင်ကို မုန့်သွားဝယ်စားတာလမ်းမှာရှိတဲ့ခြံအကျယ်ကြီးရဲ့ အနောက်ဘက်အစပ် လယ်ကွင်းထဲမှာအသတ်ခံရတာ။သူ့အိမ်ကပြောတာတော့ကလေးမှာနားကွင်းတစ်စုံဝတ်ဆင်ထားတယ်လို့ပြောတယ်။
ဒါပေမယ့်သေဆုံးနေချိန်မှာတော့နားကွင်းမရှိဘူး။လည်ပင်း မှာတော့ပွန်းပဲ့ဒါဏ်ရာတော့တွေ့တယ်။နောက်ပြီးကလေးသေဆုံးတဲ့နားမှာ အအေးပုလင်း(အဆီပုလင်း) အခွံနဲ့ထည့်ထားတဲ့ အရက်ပုလင်းလည်းတွေ့ရတယ်။ကျောင်းနဲ့ သေဆုံးတဲ့နေရာနဲ့တော့ ပေ၄၀၀လောက်ကွာပါတယ်”ဟု၄င်းကပြောသည်။
ကျောင်းသူလေးမှာ သေဆုံးချိန်တွင် ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းကို ၀တ်ဆင်ထားကြောင်းလည်း ၄င်းကဆိုသည်။လူသတ်တရားခံကို အချိန်နှင့်တပြေးညီဖမ်းဆီးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ်ကျွဲဒုံးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်ဇော်ကပြောသည်။
“ကျွန်တော်တို့ကို ရွာက တာဝန်ရှိ သူတွေမကြောင်းကြားပြီးချက်ချင်းပဲ အခင်းဖြစ်တဲ့နေရာကိုသွားပြီး မှတ်တမ်းယူခဲ့ပါတယ်။ပြီးတော့မအူပင်ပြည်သူဆေးရုံကြီးကို ပို့ခဲ့ပါတယ်။အခုချိန်ထိတော့ တရားခံမမိသေးပါဘူး။တရားခံကိုအချိန်နှင့်တပြေးညီဖမ်းဆီးရမိဖို့ဆောင်ရွက်နေပါတယ်။သေဆုံးသူရဲ့ဖခင်က တရားလိုပြုလုပ်တိုင်တန်းထားလို့ ပုဒ်မ ၃၀၂/၃၉၂နဲ့အမှုဖွင့်ထားပါတယ် “ဟုစခန်းမှူး ရဲအုပ် မြင့်ဇော်က ယနေ့နေ့လယ်ပိုင်းတွင်ပြောသည်။


Credit- ပြည့်ဖြိုးပိုင်
Zin Moe

No comments

Featured post

၂၄ နာရီအတြင္း ၄၂ခါအာသာေျဖခ့ဲမႉေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးေသဆုံး

လိင္အာသာေျဖျခင္းဆိုတာ အမ်ိဳးသားမ်ားအတြက္ ပုံမွန္သဘာဝပဲျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ိဳေဖာ္ဝင္ခါစ အမ်ိဳးသားမ်ား ဟိုမုန္းေျပာင္းလဲမွုေၾကာင့္ လိင...