လင်ငယ်နှင့်ပေးစားခံရသဖြင့် မိန်းမဖြစ်သူက ယောက်ျားဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ်ယူ
Share:
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ကို သူ့ယောက်ျား၏ လိင်အင်္ဂါကို ဓားနှင့် ခုတ်မှုဖြင့် ရဲကဖမ်းဆီးလိုက်သည်။ သူ့တို့လင်မယောက်နှစ်ယောက်ဟာ စကားများရန်ဖြစ်ခဲ့ကြပြီး အမျိုးသမီးဖြစ်သူက သူ့ကို လင်ငယ်နေသည်ဟု စွပ်စွဲခံရသောကြောင့် ခုလိုလုပ်ခဲ့သည်ဟု သိရသည်။
ကလေး ၄ ယောက်မိခင် အသက် ၃၀ အရွယ်ကို တမီးနန္ဒူပြည်နယ်၊ ဂူဒိယသန်ခရိုင်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယောက်ျားဖြစ်သူ၏ လိင်္ဂါဇာတ်ကို သူမပိုက်ဆံအိတ်ထဲသို့ ထည့်ကာ မိဘများဆီသို့ ပြန်ခဲ့စဉ် ယခုလို အဖမ်းခံခဲ့ရသည်။
 ကြာသာပတေးနေ့ မနက် ၃ နာရီမှာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူတို့လင်မယားဟာ အိမ်ထောင်သက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူက ဂျဂဒီစန် ဟုခေါ်ပြီး ယောက်ျားဖြစ်သူက ဆာရုဆာဟု ခေါ်သည်။
 ယခု အမှုမဖြစ်ပွားခင် နှစ်များစွာ တကွဲတပြားစီ နေခဲ့ကြပြီး အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ၏ တောင်းဆိုမှုကြောင့် ခုလို ပြန်ပေါင်းသင်း နေကြတာ ဖြစ်ကြောင်း သိရသည်။
အဝတ်လျှော်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကြသော သူတို့နှစ်ယောက်ဟာ အမြဲရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်းလည်း တစ်ယောက်ကို တစ်ယောက် ပေးစား တိုင်းထွာလေ့ရှိသည် ဟု ရဲက ပြောသည်။
ကြာသာပတေးနေ့ မနက်အစောကြီးမှာပဲ လင်မယားနှစ်ယောက်ဟာ ရန်ထဖြစ်ကြသည်။ 
ရန်ပွဲဟာ မနက် ၂ နာရီထိ ဆက်နေခဲ့ပြီး ပြန်အိပ်ခဲ့ကြသည်။ မနက် ၃ နာရီလောက်အရောက်မှာ ဂျဂဒီစက အိပ်ယာက ထပြီး အသွားထက်တဲ့ ဓားတစ်လက်ကို ဆွဲထုတ်ကာ သူ့ယောကျ်ားရဲ့ အင်္ဂါဇာတ်အတံကို လှီးဖြတ်ခဲ့သည် ဟု ရဲမှတ်တမ်းက ဆိုသည်။
PannPwint 
ref- Dailymail
Zawgyi Version
PannPwint 
Ref-Dailymail
No comments
Featured post
၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး
လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...