ရဲတပ်ဖွဲ့ကိုခေါ်ပြီး မိခင်ရဲ့ခေါင်းပြတ်နဲ့အတူ အဖမ်းခံခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

Share:

အသက် 18 နှစ်သာ ရှိသေးတဲ့ Oliver Mauricio Funes Machada ဆယ်ကျော်သက် ကောင်လေးဟာ ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး အကူအညီပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရောက်လာတဲ့အခါမှာတော့ ထင်မှတ် မထားတဲ့ မြင်ကွင်း ကို ရဲတပ်သားတွေ မြင်ခဲ့ရပါတယ်။
အကြောင်းကတော့ Oliver ရဲ့ လက်ထဲမှာ ဓားတစ်လက် ကိုင်ထားပြီး၊ အခြားတစ်ဖက်မှာတော့ မိခင်ဖြစ်သူရဲ့ ခေါင်းကို
ဖြတ်ကာ ကိုင်ဆောင်ထားပါတယ်။ မြောက်ကယ်ရိုလိုင်းနားအခြေစိုက် Franklin County ရဲတပ်ဖွဲ့ဟာ Oliver ကို ဖမ်းဆီးပြီး၊ အမြင့်ဆုံးလူသတ်မှုနဲ့ ထိန်းသိမ်းထားပါတယ်။
ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Terry Wright ရဲ့ ပြောကြားချက်အရ တရားခံကိုယ်တိုင် 911 ကို  ဖုန်းဆက်ခဲ့ တာ ဖြစ်ပြီး၊ အကျိုးအကြောင်းကိုမေးတော့ ဘာမှမပြောဘဲ လာခဲ့ဖို့သာအရေးကြီးကြောင်း Oliver က တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့အိမ်ကို ရောက်တဲ့အခါမှာတော့ Oliver ဟာ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ မိခင်ရဲ့ခေါင်းပြတ်ကြီးကို ကိုင်ကာ ထွက်လာကြောင်း သိရပါတယ်။
Oliver ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့နေသူတစ်ယောက် ဖြစ်ပြီး၊ Schizophrenia (စိတ်ကစဥ့်ကလျားဖြစ်ခြင်း)၊ Psychosis (ပြင်းထန်သော စိတ်ဝေဒနာကိုခံစားနေရခြင်း) စတဲ့ ရောဂါတွေနဲ့ ဆေးရုံမှာ တက်ရောက်ကုသဖူးသူလည်း ဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဟွန်ဒူးရပ်စ်နိုင်ငံသားအဖြစ်မှ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပါတယ်။
လင်းဇော်ကို (Shwemom)

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...