အရပ်ပုတဲ့ ကောင်မလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်း..
ပုတဲ့ ကောင်မလေးတွေနဲ့တွဲရတာ နည်းနည်းတော့ အလုပ်ရှုပ်မယ်လို့ အရင် ကတော့ ထင်မိကောင်းထင်မိပါလိမ့်မယ်။ဒါပေမယ့် ပုတဲ့ ကောင်မလေး တွေနဲ့ ဒိတ်လုပ်ရင် ကြုံတွေ့ခံစားရမယ့် ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ပု တဲ့ ကောင်မလေးတွေကို ချစ်သူတော်လိုက်ရင် ရလာမယ့် အကျိုး ကျေးဇူး တွေကတော့….
#1 ပုပြီး တခုခုကို မမီမကမ်းဖြစ်နေတာလေးက သူမရဲ့ ဆွဲဆောင်မှုပါ။ပုတဲ့ ကောင်မလေးတစ်ယောက်က သူမအရပ်နဲ့မမီတဲ့ပစ္စည်းအရာဝတ္ထုတစ်ခုခုကို ကြိုးစားပမ်းစားနဲ့ ယူဖို့ ကြိုးစားနေတဲ့ ပုံလေးက အရမ်းကို ချစ်စရာေ ကာင်းပါတယ်။
#2 နားနား ကပ်ပြီး တိုးတိုးလေး ပြောဖို့ အရပ်မမီလို့ ကိုယ်လုံးကို လှမ်းဆွဲပြီး သူ့အရပ်နဲ့ မီအောင်လုပ်တဲ့ အချိန်လေးပါ။ဒီလိုပုံလေးက ဘယ်လောက် ချစ်ဖို့ ကောင်းလဲဆိုတာ ဂျပုလေးတွေကို ချစ်သူတော်ထားတဲ့ သူတွေ သာ သိပါလိမ့်မယ်။
#3 ပုနေတော့ အရပ်က မမီဖြစ်နေတဲ့အတွက် သူမရဲ့ မမီမကမ်း အရပ်လေးနဲ့ သင့်ကို ထိဖို့ ကြိုးစားတာ၊အကောင်သေးသေးလေးနဲ့သင့်ကို ထုဖို့ ရိုက်ဖို့ ကြိုးစားတဲ့ အချိန်လေးက အရမ်းအရမ်းကို ချစ်ဖို့ကောင်းပါတယ်။
#4 ဖက်လိုက်တဲ့ အချိန်ပါ။ပုံမှန်ဆိုရင်တော့ သင့်ရဲ့ ကျောမှာ ရှိနေရမယ့် လ က်တွေက ပုနေတော့ ခါးမှာပဲ ရှိနေတဲ့ အချိန်လေးပါ။နောက်တစ်ခုက သူမရဲ့ ခေါင်းက သင့်ရဲ့ မေးစေ့အောက်မှာ ရှိနေတဲ့ အချိန်လေးပါ။အဲ့ဒီအချိန် ခံစားရတဲ့ Feeling က တစ်မျိုးလေးပါ။
#5 နမ်းတဲ့အချိန်။ခြေဖျားလေးထောက်ပြီး နမ်းဖို့ ကြိုးစားတဲ့ ပုံလေးက ဘယ်ေ လာက် ချစ်ဖို့ကောင်းလဲဆိုတာကို ဂျပုလေးတွေရဲ့ ချစ်သူကောင်လေးတွေ အသိ ဆုံးပါ။
#6 ပုနေတာလေးက စနောက်လို့ ကောင်းပါတယ်။သူမရဲ့ ပုနေတဲ့ အရ ပ်လေးက သင့်အတွက် ပျော်စရာလေးတွေကို ဖန်တီး ပေးနိုင်ပါတယ်။သူမ ကိုလည်း အရမ်းစနောက်လို့ကောင်းပါတယ်။ဥပမာ- ပစ္စည်းကို သူမ မမီအောင် မြှောက်ပြီး ကိုင်ထားတာမျိုး။
#7 ပွေ့ဖက်လို့ အကောင်းဆုံး။ပွေ့ဖက်လိုက်ပြီဆိုရင် သူမရဲ့ တစ်ကိုယ်လုံးကို လုံးဝတစ်ရာရာခိုင်နှုန်း အပြည့်အ၀ ဖက်ထားလို့ရပါတယ်။(အရမ်းဝနေ ရင်တော့ ချွင်းချက်ပါ)
#8 ကလေးလိုဖြစ်နေတာ။ပုရုံတင်မဟုတ်ပဲ ကိုယ်လုံးလေးကပါ သေးသေး ပိစိ လေးဆိုရင် ပိုသိသာပါတယ်။သူတို့ဟာ ကလေးလေးလိုပဲ နေနေ၊လူကြီး ပုံမျိုး နဲ့နေနေ(လူကြီးပုံဖမ်းတဲ့ ကလေးပုံစံက ပိုချစ်ဖို့ ကောင်း)ဘယ်လိုပဲ နေနေကို တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ ချစ်ဖို့ကောင်းနေတတ်ပါတယ်။
Credit-shwemom

No comments