လက္ေခ်ာင္းကေျပာေသာ သင့္အေၾကာင္း

Share:
လက္ေခ်ာင္းကေျပာေသာ သင့္အေၾကာင္း
———-
သင့္လက္က ဘယ္ နံပါတ္လဲ. 🙋🙋🙋
ေ႐ွ႕လကၡဏာက်မ္းမ်ားတြင္ ပါေသာလက္ပံုစံ (၇)မ်ိဳးမွာ-
—–
၁။လက္ေခ်ာင္းမ်ား အလြန္တိုတုတ္၍ အယုတ္ညံ့ဆံုးလက္။
၂။ေလးေထာင့္စပ္စပ္ ပံုသ႑န္ ႐ွိ၍ အသံုးဝင္ေသာ လက္မ်ိဳး။
၃။ေယာင္မ ပံုသ႑န္ႏွင့္ စိတ္ျမန္လက္ျမန္ လုပ္တတ္ေသာလက္မ်ိဳး။
၄။လက္ဆစ္မ်ားႀကီး၍ေနေသာ အေတြးသမား၏ လက္။
၅။ကံေတာ့ပံုသ႑န္ ႐ွိေသာ အႏုပညာ႐ွင္လက္။
၆။အလွအပႀကိဳက္ေသာ လူေဘာ္ေၾကာ့လက္။
၇။ၫြန္႔ေပါင္းလက္ 
ဟူ၍ (၇)မ်ိဳးသတ္မွတ္ၾက၏……….
ယခုေဖာ္ျပေသာ လက္ပံုစံ သံုးမ်ိဳးမွာ အဘမင္းသိခၤ ၏ နည္းျဖစ္၏……
A….(Thin but Long)
ဗ်က္က်ဥ္း၍ အလ်ား႐ွည္ေသာ လက္
လက္ဖဝါးအေရ ေပ်ာ့ေျပာင္းတတ္သည္။
လမ္းေၾကာင္းမ်ားျပည့္စံုတတ္သည္။
လက္အဖ်ား႐ူးသြား၏။
လက္သည္းခြၽန္တတ္၏။
၁။စိတ္သေဘာထားျပည့္ဝတတ္သည္ သဒၵါတရား ႐ွိသည္ ထိုးထြင္းဥာဏ္ ေကာင္းသည္။
၂။လက္ေတြ႔လုပ္ငန္းထက္ စိတ္ကူးယဥ္လုပ္ငန္း တို႔ကို ပို၍ႏွစ္သက္သည္။
၃။ဘာကိုပဲလုပ္လုပ္ စိတ္႐ွည္လက္႐ွည္ႏွင့္ ျဖည္းျဖည္းေဆးေဆး တိတိက်က် လုပ္တတ္သည္။
ေဗဒင္ဝါသနာအိုး Page မွတင္ဆက္ပါသည္
၄။စကားေျပာဆိုရာတြင္ သူတစ္ပါးနားခံသာ၊ နားဝင္ခ်ိဳေအာင္ေျပာတတ္၏။
၅။အလွအပႀကိဳက္၍ သန္႔ျပန္႔စြာေနတတ္၏။
၆။အစားအေသာက္ေရြးသည္၊မာန႐ွိသည္ ရဲစြမ္းသတၱိ႐ွိသည္။ေခါင္းေဆာင္လုပ္လို စိတ္မ်ားစြာမ႐ွိတတ္။
B…(Broad but Short)
ဗ်က္က်ယ္၍ အလ်ားတိုေသာ လက္
ဗ်က္သင့္ေလ်ာ္စြာ က်ယ္၏၊လက္ေခ်ာင္းမ်ားတို၏ သို႔ရာတြင္အခ်ိဳးက်၏၊လက္ဝါးျပင္မွာ ေပ်ာ့ေျပာင္းႏူးညံ့ေသာ အမ်ိဳးအစားႏွင့္ ၾကမ္းတမ္းေသာ အမ်ိဳးအစား (၂)မ်ိဳး ႐ွိတတ္ပါသည္၊လက္မကို ေစ့လိုက္လ်ွင္ လက္ညိဳ႕၏တစ္ဝက္ကို သြား၍ မွီေနတတ္သည္။
ထိုလက္မ်ားကို ၾကည့္ေသာအခါ လမ္းေၾကာင္စံုမစံုၾကည့္ရ၏၊ လမ္းေၾကာင္းစံုလ်ွင္ အသိဥာဏ္မွာ တခ်ိဳ႕ေနရာတြင္ လိုအပ္သည္ထက္ ပိုလြန္းေနတတ္သည္၊ စိတ္ျမန္လက္ျမန္ လုပ္တတ္သည္၊ စကားကို တိုတိုေျပာတတ္ သကဲ့သို႔ တိုတိုေျပာမွ ႀကိဳက္၏၊ နဂိုစိတ္ရင္း အလြန္ေကာင္း၏ စကားတိုေတာင္းမူ႔ေၾကာင့္ လူခ်စ္လူခင္နည္းတတ္၏၊ အဝတ္အစားကို ဂ႐ုမစိုက္တတ္၊ ျဖစ္သလို ဝတ္တတ္၏ ႀကီးပြားေအာင္ျမင္သူမ်ားျဖစ္တတ္၏။
C…(The Lowest Type Hand)
အညံ့ဆံုးလက္ပံုစံ 
လက္ေခ်ာင္းမ်ား အလြန္တိုတုတ္၍ လက္ဝါးျပင္ ၾကမ္းတမ္းေသာ တတိယတန္းလက္ 
မ်ားေသာအားျဖင့္ ဤလက္ပံုစံတြင္ အာယု ဥာဏ ဟာဒယ ဟူေသာ လမ္းေၾကာင္း သံုးေၾကာင္းသာ ပါတတ္သည္။
လြန္စြာမိုက္မဲ၏ ရဲစြမ္းသတၱိမ႐ွိ အိပ္ျခင္း စားျခင္း ေမထုန္မွီဝဲျခင္း သံုးမ်ိဳးထက္ နည္းနည္း ပဲပို၍ သိသည္။
………………………………………………..
ဆရာသာထက္ဆန္း
( unicode version )
လက်ချောင်းကပြောသော သင့်အကြောင်း
———-
သင့်လက်က ဘယ် နံပါတ်လဲ. 🙋🙋🙋
ရှေ့လက္ခဏာကျမ်းများတွင် ပါသောလက်ပုံစံ (၇)မျိုးမှာ-
—–
၁။လက်ချောင်းများ အလွန်တိုတုတ်၍ အယုတ်ညံ့ဆုံးလက်။
၂။လေးထောင့်စပ်စပ် ပုံသဏ္ဍန် ရှိ၍ အသုံးဝင်သော လက်မျိုး။
၃။ယောင်မ ပုံသဏ္ဍန်နှင့် စိတ်မြန်လက်မြန် လုပ်တတ်သောလက်မျိုး။
၄။လက်ဆစ်များကြီး၍နေသော အတွေးသမား၏ လက်။
၅။ကံတော့ပုံသဏ္ဍန် ရှိသော အနုပညာရှင်လက်။
၆။အလှအပကြိုက်သော လူဘော်ကြော့လက်။
ရ။ညွန့်ပေါင်းလက် 
ဟူ၍ (၇)မျိုးသတ်မှတ်ကြ၏……….
ယခုဖော်ပြသော လက်ပုံစံ သုံးမျိုးမှာ အဘမင်းသိင်္ခ ၏ နည်းဖြစ်၏……
A….(Thin but Long)
ဗျက်ကျဉ်း၍ အလျားရှည်သော လက်
လက်ဖဝါးအရေ ပျော့ပြောင်းတတ်သည်။
လမ်းကြောင်းများပြည့်စုံတတ်သည်။
လက်အဖျားရူးသွား၏။
လက်သည်းချွန်တတ်၏။
၁။စိတ်သဘောထားပြည့်ဝတတ်သည် သဒ္ဒါတရား ရှိသည် ထိုးထွင်းဉာဏ် ကောင်းသည်။
၂။လက်တွေ့လုပ်ငန်းထက် စိတ်ကူးယဉ်လုပ်ငန်း တို့ကို ပို၍နှစ်သက်သည်။
၃။ဘာကိုပဲလုပ်လုပ် စိတ်ရှည်လက်ရှည်နှင့် ဖြည်းဖြည်းဆေးဆေး တိတိကျကျ လုပ်တတ်သည်။
ဗေဒင်ဝါသနာအိုး Page မှတင်ဆက်ပါသည်
၄။စကားပြောဆိုရာတွင် သူတစ်ပါးနားခံသာ၊ နားဝင်ချိုအောင်ပြောတတ်၏။
၅။အလှအပကြိုက်၍ သန့်ပြန့်စွာနေတတ်၏။
၆။အစားအသောက်ရွေးသည်၊မာနရှိသည် ရဲစွမ်းသတ္တိရှိသည်။ခေါင်းဆောင်လုပ်လို စိတ်များစွာမရှိတတ်။
B…(Broad but Short)
ဗျက်ကျယ်၍ အလျားတိုသော လက်
ဗျက်သင့်လျော်စွာ ကျယ်၏၊လက်ချောင်းများတို၏ သို့ရာတွင်အချိုးကျ၏၊လက်ဝါးပြင်မှာ ပျော့ပြောင်းနူးညံ့သော အမျိုးအစားနှင့် ကြမ်းတမ်းသော အမျိုးအစား (၂)မျိုး ရှိတတ်ပါသည်၊လက်မကို စေ့လိုက်လျှင် လက်ညို့၏တစ်ဝက်ကို သွား၍ မှီနေတတ်သည်။
ထိုလက်များကို ကြည့်သောအခါ လမ်းကြောင်စုံမစုံကြည့်ရ၏၊ လမ်းကြောင်းစုံလျှင် အသိဉာဏ်မှာ တချို့နေရာတွင် လိုအပ်သည်ထက် ပိုလွန်းနေတတ်သည်၊ စိတ်မြန်လက်မြန် လုပ်တတ်သည်၊ စကားကို တိုတိုပြောတတ် သကဲ့သို့ တိုတိုပြောမှ ကြိုက်၏၊ နဂိုစိတ်ရင်း အလွန်ကောင်း၏ စကားတိုတောင်းမူ့ကြောင့် လူချစ်လူခင်နည်းတတ်၏၊ အဝတ်အစားကို ဂရုမစိုက်တတ်၊ ဖြစ်သလို ဝတ်တတ်၏ ကြီးပွားအောင်မြင်သူများဖြစ်တတ်၏။
C…(The Lowest Type Hand)
အညံ့ဆုံးလက်ပုံစံ 
လက်ချောင်းများ အလွန်တိုတုတ်၍ လက်ဝါးပြင် ကြမ်းတမ်းသော တတိယတန်းလက် 
များသောအားဖြင့် ဤလက်ပုံစံတွင် အာယု ဉာဏ ဟာဒယ ဟူသော လမ်းကြောင်း သုံးကြောင်းသာ ပါတတ်သည်။
လွန်စွာမိုက်မဲ၏ ရဲစွမ်းသတ္တိမရှိ အိပ်ခြင်း စားခြင်း မေထုန်မှီဝဲခြင်း သုံးမျိုးထက် နည်းနည်း ပဲပို၍ သိသည်။
………………………………………………..
ဆရာသာထက်ဆန်း

No comments

Featured post

၂၄ နာရီအတြင္း ၄၂ခါအာသာေျဖခ့ဲမႉေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးေသဆုံး

လိင္အာသာေျဖျခင္းဆိုတာ အမ်ိဳးသားမ်ားအတြက္ ပုံမွန္သဘာဝပဲျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ိဳေဖာ္ဝင္ခါစ အမ်ိဳးသားမ်ား ဟိုမုန္းေျပာင္းလဲမွုေၾကာင့္ လိင...