(အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်သည့် စကားလုံးအသုံးအနှုန်းများ ပါဝင်သည်)
ဇင်ဘာဘွေနိုင်ငံ၊ Makoni, Chitungwizathen မှာ ကျောင်းဆရာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ကျောင်းဆရာဟာ အမျိုးသားတစ်ယောက်နဲ့၊ အမျိုးသမီး 4 ယောက် ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံခဲ့ပြီး၊ အကြိမ်
ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသလို၊ သုတ်ရေကိုလည်း အတင်းအဓမ္မ ယူဆောင်ခံခဲ့ရပါတယ်။
ဒီပြစ်မှုတွေကို ကျူးလွန်သူတွေကိုတော့ ဒေသခံတွေက “Sperm Bandits” သုတ်ရည်ဓားပြတွေလို့ ခေါ်ကြပါတယ်။ သူတို့ဟာ ကားတစ်စီးနဲ့ အဖွဲ့လိုက်လှုပ်ရှားလေ့ရှိပြီး၊ ခရီးသွားအမျိုးသားတွေနဲ့၊ ကားကြုံလိုက်စီးသူတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ အထူးသဖြင့် ပြန်ပေးဆွဲခံရတဲ့ အမျိုးသားတွေကို လိင်စိတ်ကြွဆေးတွေ အတင်းကျွေး/ထိုးပြီး၊ သုတ်ရေရဖို့ လုံ့လပြုခိုင်းတာ ဖြစ်ပါတယ်။
ရရှိလာတဲ့ သုတ်ရည်ကို “ကံကောင်းစေတဲ့ အဆောင်”အဖြစ် ရောင်းချကြပါတယ်။ အခုလည်း အသက် 39 နှစ်အရွယ် ကျောင်းဆရာဟာ သူ အိမ်ကိုပြန်ရာ လမ်းတစ်လျှောက်မှာ ကားတစ်စီးက လမ်းကြုံလိုက်ခဲ့ပါလားလို့ ခေါ်ယူခဲ့ပါတယ်။ သူကလည်း သွေးရိုးသားရိုးမှတ်ပြီး၊ ကားပေါ်ကို တက်ခဲ့ပါတယ်။ ကားဒရိုင်ဘာကတော့ အမျိုးသားဖြစ်ပြီး၊ ကျန်တဲ့သူတွေက အမျိုးသမီး 4 ယောက် ဖြစ်ပါတယ်။
ယင်းနောက် အမျိုးသမီးတစ်ဦးက အချို့ရည်တစ်ဘူး ဖောက်တိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းဆရာဟာ အိပ်မောကျသွားခဲ့ပြီး၊ နိုးလာတဲ့အချိန်မှာတော့ အလွန်မှောင်တဲ့ အခန်းထဲကို ရောက်နေခဲ့ပြီး ငယ်ပါတစ်ခုလုံး ကျိမ်းစပ်နာကြင်နေတယ်လို့ ဆိုပါတယ်။ ယင်းနောက် အမျိုးသမီးတွေ ကိုယ်စီရောက်လာခဲ့ကာ သူ့ကို အားဆေးနဲ့ လိင်စိတ်ကြွဆေးတွေကျွေးကာ လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် စော်ကားခဲ့သလို၊ သုတ်ထွက်ဖို့လည်း အမျိုးမျိုးလုပ်ဆောင်စေခဲ့ပါတယ်။
ဒုတိယနေ့မှာတော့ သူဟာ အလွန်ပင်ပန်းနေလို့ ငြင်းဆန်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက်က သေနတ်နဲ့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ယင်းနောက် သူဟာ အလွန်ပြင်းထန်တဲ့ ဝေဒနာကြောင့် သတိလစ်သကဲ့သို့ဖြစ်သွားခဲ့ပါတယ်။ သူ ပြန်လည်သတိရတဲ့အချိန်မှာတော့ သူ့ကို ကျောက်ခဲထူထပ်တဲ့ မြို့နဲ့ မိုင်အနည်းငယ်အဝေးက လမ်းကလေးမှာ စွန့်ပစ်ခံခဲ့ရတယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီကိစ္စကို သူက ရဲစခန်းမှာ တိုက်ရိုက်တိုင်ကြားထားပြီး၊ လောလောဆယ် ဖမ်းဆီးမိနိုင်ရေး ဆောင်ရွက်နေပါတယ်။

ဇင်ဘာဘွေနိုင်ငံမှာ သုတ်ရေဓားပြအဖြစ် ထူးဆန်းစွာ ပေါ်လာခဲ့တာကတော့ 2011 ခုနှစ်ကတည်းက ဖြစ်ပြီး၊ ပထမဆုံးအကြိမ် သုတ်ရေဓားပြအဖြစ် အဖမ်းခံခဲ့ရသူတွေကတော့ အမျိုးသမီးသုံးဦးပါ။ ထိုအမျိုးသမီး 3 ဦးဟာ ကွန်ဒုံး 31 ခုထဲမှာ သုတ်ရည်အပြည့်အ၀ ထည်သွင်းစည်းနှောင်ထားတာကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပြီး၊ သူတို့ဟာ အမျိုးသားတစ်ဦးကို ရက်သတ္တနှစ်ပတ်ကြာ ဖမ်းဆီးကာ သူမတို့နဲ့ ချစ်တင်းနှောစေပြီး၊ သုတ်ရေတွေ ရယူခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
Source – ညီလင်းထက် (Shwemom)

No comments