ရန္ကုန္ေဆး႐ံုႀကီးသို႔ ထပ္မံေရာက္လာသည့္ လူနာႏွစ္ဦးေသဆံုး

Share:

ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ ေဆးကုသမႈခံယူေနစဥ္ ေသဆံုးခဲ့သူ ႏွစ္ဦးကို ရာသီတုပ္ေကြးလကၡဏာ သံသယရွိသျဖင့္ စစ္ေဆးရာမွ A(H1 N1) Positive ျဖစ္ေနေၾကာင္း သတင္း ရရွိသည္။

၎တို႔ႏွစ္ဦးသည္ မူလကရာသီ တုပ္ေကြးေရာဂါျဖင့္ ကုသမႈခံေနသူ သံုးဦးထဲမွမဟုတ္ဘဲ ထပ္မံေရာက္ရွိ လာသူမ်ားျဖစ္သည္။

ပဲခူးတုိင္းမွ အမ်ိဳးသားတစ္ ဦးႏွင့္ အျခားေဒသမွ ကိုယ္ဝန္ ေဆာင္ အမ်ိဳးသမီးတစ္ဦးတို႔ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔ အျခား ေရာဂါအခံျဖင့္ ေဆးကုသမႈခံယူ ရန္ ေရာက္ရွိလာၿပီး ဇူလုိင္ ၂၄ ရက္တြင္ ေသဆံုးသျဖင့္ စစ္ေဆး ရာ ဇူလုိင္ ၂၅ ရက္တြင္ (H1N1) ရာသီတုပ္ေကြးေရာဂါဟု အေျဖ ထြက္ေၾကာင္း ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးမွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ေသဆံုးသူႏွစ္ဦး သည္ ရန္ကုန္ေဆး႐ံုႀကီးသို႔ ေရာက္ရွိၿပီး နာရီပိုင္းအတြင္း ေသဆံုးခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူမ်ားသည္ အျခား ေရာဂါကုသမႈခံယူရန္ ေရာက္ရွိလာျခင္းျဖစ္ၿပီး ေသဆံုးၿပီးမွသာ H1N1 ေရာဂါကုိ စစ္ေဆးေတြ႕ရွိခဲ့ သည္။

ယင္းေသဆံုးသူမ်ားႏွင့္ပတ္ သက္၍ ေဆး႐ံုအုပ္ႀကီးထံသို႔ ဇူလုိင္ ၂၅ ရက္ ညေန ၅ နာရီက ဆက္သြယ္ေမးျမန္းရာ ဖုန္းလက္ ခံေျဖဆုိျခင္းမရွိခဲ့ေပ။ ေနျပည္ ေတာ္ရွိ က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာနသို႔ အႀကိမ္ႀကိမ္ဖုန္းေခၚဆိုေသာ္လည္း အဆက္ အသြယ္မရခဲ့ေပ။

လက္ရွိတြင္ ရန္ကုန္ေဆး႐ံု ႀကီးႏွင့္ ရန္ကုန္အေထြေထြေရာဂါ ကု ေဆး႐ံုသစ္ႀကီး၌ ရာသီတုပ္ ေကြးေရာဂါ (H1N1) ျဖင့္ လူနာ သံုးဦး ေဆးကုသမႈခံယူေနဆဲျဖစ္ သည္။ ရာသီတုပ္ေကြးေရာဂါ သည္ တစ္ႏုိင္ငံလံုးအတုိင္းအတာ ျဖင့္ ျဖစ္ပြားသူ ၁၃ ဦးရွိၿပီး ေသ ဆံုးသူ တစ္ဦးရွိခဲ့ေၾကာင္း က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ဇူလုိင္ ၂၄ ရက္တြင္ ထုတ္ျပန္ ထားသည္။

ေရာဂါျဖစ္ပြားသည့္ ေဒသ မ်ားသည္ ရန္ကုန္တုိင္းတြင္ ႏွစ္ဦး၊ဧရာဝတီတိုင္းတြင္ တစ္ဦးႏွင့္ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္တြင္ ၁၀ ဦး ျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆံုးခဲ့သည္။

Ref – 7Day Daily

=========

Unicode

သေဆုံးပြီး ဓာတ်ခွဲစစ်ဆေးမှ ရာသီတုပ်ကွေး ကူးစက်ခံထားရကြောင်း တွေ့ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သူ နှစ်ဦးကို ရာသီတုပ်ကွေးလက္ခဏာ သံသယရှိသဖြင့် စစ်ဆေးရာမှ A(H1 N1) Positive ဖြစ်နေကြောင်း သတင်း ရရှိသည်။

၎င်းတို့နှစ်ဦးသည် မူလကရာသီ တုပ်ကွေးရောဂါဖြင့် ကုသမှုခံနေသူ သုံးဦးထဲမှမဟုတ်ဘဲ ထပ်မံရောက်ရှိ လာသူများဖြစ်သည်။

ပဲခူးတိုင်းမှ အမျိုးသားတစ် ဦးနှင့် အခြားဒေသမှ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခြား ရောဂါအခံဖြင့် ဆေးကုသမှုခံယူ ရန် ရောက်ရှိလာပြီး ဇူလိုင် ၂၄ ရက်တွင် သေဆုံးသဖြင့် စစ်ဆေး ရာ ဇူလိုင် ၂၅ ရက်တွင် (H1N1) ရာသီတုပ်ကွေးရောဂါဟု အဖြေ ထွက်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သေဆုံးသူနှစ်ဦး သည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများသည် အခြား ရောဂါကုသမှုခံယူရန် ရောက်ရှိလာခြင်းဖြစ်ပြီး သေဆုံးပြီးမှသာ H1N1 ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ သည်။

ယင်းသေဆုံးသူများနှင့်ပတ် သက်၍ ဆေးရုံအုပ်ကြီးထံသို့ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီက ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိခဲ့ပေ။ နေပြည် တော်ရှိ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနသို့ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်း အဆက် အသွယ်မရခဲ့ပေ။

လက်ရှိတွင် ရန်ကုန်ဆေးရုံ ကြီးနှင့် ရန်ကုန်အထွေထွေရောဂါ ကု ဆေးရုံသစ်ကြီး၌ ရာသီတုပ် ကွေးရောဂါ (H1N1) ဖြင့် လူနာ သုံးဦး ဆေးကုသမှုခံယူနေဆဲဖြစ် သည်။ ရာသီတုပ်ကွေးရောဂါ သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဖြစ်ပွားသူ ၁၃ ဦးရှိပြီး သေ ဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။

ရောဂါဖြစ်ပွားသည့် ဒေသ များသည် ရန်ကုန်တိုင်းတွင် နှစ်ဦး၊ဧရာဝတီတိုင်းတွင် တစ်ဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။

Ref – 7Day Daily

No comments

Featured post

၂၄ နာရီအတြင္း ၄၂ခါအာသာေျဖခ့ဲမႉေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးေသဆုံး

လိင္အာသာေျဖျခင္းဆိုတာ အမ်ိဳးသားမ်ားအတြက္ ပုံမွန္သဘာဝပဲျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ိဳေဖာ္ဝင္ခါစ အမ်ိဳးသားမ်ား ဟိုမုန္းေျပာင္းလဲမွုေၾကာင့္ လိင...