…

Credit – Seinn Moe Sat

==========
Unicode
ခုဖြစ်နေတဲ့ H1 N1 နဲ့ပတ်သက်ပြီး….အစိုးရဆေးရုံ တွေမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ N 95 mask တွေလုံလုံလောက်လောက်မရဘဲ….အများစုဟာ ရိုးရိုး mask လေးတွေကိုပဲ နှစ်ထပ်သုံးထပ်ဝတ်ပြီး…. လက်နက်မပါဘဲ ရှေ့တန်းမှာ အသေခံတိုက်နေရသလိုဖြစ်တဲ့အကြောင်း… ကျွန်မ စိတ်မကောင်းစွာနဲ့ မနေ့က post တင်ခဲ့ပါတယ်..
…
အဲဒီ post တင်ပြီးနောက်မှာ.. လှူချင်ပါတယ်ဆိုသူတွေ ရှိခဲ့ပါတယ်
အဲဒီထဲကမှ ကို Soe Moe Aung ဟာ….ထူးထူးခြားခြား ပါပဲ
ကျွန်မကို အပြင်မှာ တခါမှ မြင်ဖူး သိဖူးခြင်းမရှိပဲ….သူအနည်းဆုံး သိန်းငါးဆယ် ဖိုးလောက် mask တွေ လှူပါရစေ… သူက ငွေလွှဲပြီး ကျွန်မက mask တွေဝယ်ပေး..တကယ်လိုအပ်နေတဲ့ဆေးရုံတွေကို သွားလှူပေးဖို့ပြောလာပါတယ်..

ဒီကနေ့ ချက်ချင်းပဲ အလှူငွေသိန်းငါးဆယ်ကို ကျွန်မ ဆီ လွှဲလိုက်ပါပြီ
ခုခေတ်မှာ လူတော်တော်များများဟာ..ငွေကြေးနဲ့ ပတ်သက်လာရင်…တယောက်နဲ့တယောက် လှည့်ဖျားဖို့.. သူတပါးဆီက ရယူဖို့တွေပဲကြိုးစားကြ…အပေးထက် အယူသက်သက်တွေပဲ များနေကြတဲ့အချိန်မျိုးမှာ ကိုစိုးမိုးအောင် လိုလူမျိုးဟာ…အင်မတန့်ကို ရှားရှားပါးပါးပါ
တခါမှ မြင်ဖူးသိဖူးခြင်းမရှိဘဲ… ကျွန်မကို ယုံကြည်ပေးတဲ့.. ယုံကြည်မှု အတွက်လဲ ကျေးဇူး တင်ပါတယ်
မျက်ရည်ဝဲရလောက်အောင်လဲ အားလုံးအတွက်ကို ပီတိဖြစ်ရပါတယ်
ဒါဟာ.. အလိုအပ်ဆုံးအချိန်မှာ အထိရောက်ဆုံးလှူလိုက်တာပါပဲ
ဒါဟာ.. အလိုအပ်ဆုံးအချိန်မှာ အထိရောက်ဆုံးလှူလိုက်တာပါပဲ
ကိုစိုးမိုးအောင် ရဲ့မြင့်မြတ်တဲ့အလှူကို အထိရောက်ဆုံးဖြစ်အောင်…တကယ်လိုအပ်နေတဲ့ အစိုးရဆေးရုံ တွေမှာ ခွဲဝေပြီး ကျွန်မလှူသွားမှာပါ
အားလုံးပီတိဖြစ်လို့ရအောင် post တင်ပေးလိုက်ပါတယ်
သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ရှင့်
သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ရှင့်
Credit – Seinn Moe Sat
အလှူရှင် fb အကောင့် – https://www.facebook.com/luckygupsy

No comments