တိရိစ္ဆာန်လေးတွေဖြစ်တာတောင်မှ သူတို့လေးတွေရဲ့ ကိုယ်ချင်းစာတရား စိတ်ထားလေးက တကယ့်ကိုပဲ ချစ်စရာကောင်းလွန်းပါတယ်။ ဘရာဇီးလ်က ခွေးမလေး လာရာရဲ့ ကြင်နာသနားတတ် တဲ့စိတ်ကလေးက စာဖတ်သူတွေရဲ့ ရင်ထဲကိုနက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။
လာရာလို့ခေါ်တဲ့ အိမ်မွေးခွေးမကလေးက အရင်က လမ်းဘေးခွေးကလေးတစ်ကောင်ပါ။ လမ်းမ ပေါ်မှာ နေထိုင်ရင်း အသက်အန္တရာယ်နဲ့ရင်ဆိုင်ရလုနီးပါး နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ သူမကို ဘရာဇီးလ်သခင်တစ်ယောက်က မွေးစားခဲ့လို့ အခုတော့သူက ပိုင်ရှင်ရှိတဲ့ ခွေးကလေးဘဝနဲ့ ကောင်း စားနေပါပြီ။

ဒါပေမယ့် သူမက သူမရဲ့ ဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့ ဘဝကို ဘယ်တော့မှ မမေ့ပါဘူး။ သူမမှာ ကိုယ် ချင်းစာတတ်တဲ့ စိတ်ကလေး ရှိနေတာကို တွေ့ရပါတယ်။ သူမလိုပဲ လမ်းမ ပေါ်မှာ ဆင်းရဲဒုက္ခ ရောက် နေရှာတဲ့ သူငယ်ချင်းခွေးကလေးတစ်ကောင်အတွက် အိပ်စက်ဖို့ အနွေးဓာတ်ယူနိုင်မယ့် ခြုံစောင် တစ်ထည်ကို အပြင်ကို ကိုက်ချီသွားပြီး ခွေးကလေးကို ယူသွားပေးခဲ့ပါတယ်။
လာရာလေးရဲ့ ဒီအပြုအမူလေးက သူမတကယ်ပဲ သူမရဲ့အရင်ကဘဝကို မမေ့ထားပဲ ကိုယ်ချင်း စာတရားထားပြီး အခြားတန်းတူတိရစ္ဆာန်လေးတွေအပေါ်လည်း ကြင်နာသနားတတ်တဲ့ စိတ်က လေးကို အသိမှတ်ပြုလို့ ရပါတယ်။ သခင်ဖြစ်သူနဲ့ အိမ်ကောင်းနေရာထိုင်ခင်းကောင်းမှာ နေရပေမယ့် အပြင်က လမ်းဘေးခွေးလေးတွေအပေါ် အမြဲကြင်နာတတ်တဲ့ လာရာရဲ့ စိတ်ကလေးကို ဂုဏ်ပြုပေးကြရအောင်လား….
သဒ္ဒါချို(ရွှေအင်းလေး)

No comments