Top 10 Free Kick Goals Inside Penalty Box
လူတံတိုင်းကျော်ကာဂိုးသွင်းတဲ့ နတ်ဘုရားများ
တစ်ခါတစ်လေ ဘောလုံးက ဆန်းကြယ်လှပါတယ်။ ဆန်းကြယ်လို့ပဲ လူတွေက အရူးအမူးအားပေးနေကြတာပါ။ အခုတစ်ခေါက် ရှာဖွေတင်ပြပေးမှာကတော့ ရှားရှားပါးပါး ဂိုးသွင်းယူမှုပါ။ ဘောလုံးနည်းဥပဒေအရ ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘော ကန်ခွင့်ပေးတဲ့ အချိန်တွေ ရှိပါတယ်။တိုက်ရိုက်ပယ်နယ်တီ ပြစ်ဒဏ်ဘောဆိုတာ ဂိုးသမားနဲ့ ပယ်နယ်တီ ကန်သွင်းမယ့် ဘောလုံးသမားပဲ ရှိတာပါ။ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘောပေးရရင်တော့ နှစ်ဘက်ကစားသမား အစုံအလင် ရှိနိုင်ပါတယ်။ဂိုးပေါက်ကန်သွင်းဖို့ ကြိုးစားတဲ့အဖွဲ့ကလည်း နည်းမျိုးစုံနဲ့ ကန်သွင်းဖို့ကြိုးစားသလို၊ ဂိုးပေါက်ကာကွယ်မယ့် အသင်းကလည်း အပြည့်အ၀ ကာကွယ်ဖို့လူတံတိုင်းနဲ့အတူ ပြန်လည် တုံ့ပြန်မှာပါ။ ဒီလိုအခြေအနေမျိုးမှာဂိုးသွင်းဖို့ အလွန်ခက်ခဲလှပါတယ်။ ဒါတောင် ဂိုးဖြစ်အောင် သွင်းနိုင်သူတွေ ရှိတာကို ဒီရုပ်သံက သက်သေပြလိုက်ပါတယ်။ ကြည့်လိုက်ကြပါအုံး (၃)မိနစ်ကျော်လေးပဲ ရှိတာပါ။ကြိုက်ရင်တော့ အားပေးအုံး၊ နောက်ထပ် ဘာတွေကြည့်လိုလဲ Comment မှာပြောခဲ့နော်…
Top 10 Free Kick Goals Inside Penalty Box
Top 10 Free Kick Goals Inside Penalty Box

No comments