က်ာက္ပန္းေတာင္းျမိဳ ့နယ္ သာယာေအးရပ္ကြက္တြင္ ဗလီဟုယူဆရေသာအေဆာက္အအုံ ေဆာက္လုပ္ေနသည္ဆုိေသာ သတင္းေၾကာင့္ ရပ္ကြက္ေနျပည္သူမ်ားအၾကား ရႈတ္ရႈတ္သဲသဲ ျဖစ္စဥ္တစ္ခု ဇူလုိင္လ ၂၇ ရက္ ညေနပုိင္းတြင္ ျဖစ္ပြားေနေၾကာင္း သတင္းရရွိသည္။
ေက်ာက္ပန္းေတာင္းျမိဳ ့နယ္သည္ ဘာသာေရးကိစၥတြင္ နာမည္ေက်ာ္ၾကားလွေသာ ျမိဳ ့တစ္ျမိဳ ့ျဖစ္ျပီး အထူးသျဖင့္ အစၥလာမ္ဗလီတစ္လုံးပင္ မရွိေသာျမိဳ ့ဟု လူသိမ်ားေသာ ျမိဳ ့လည္း ျဖစ္ကာ ယင္းတြင္ ဗလီဟုယူဆႏုိင္ေသာ အေဆာက္အဦးကိစၥသည္ ရပ္ကြက္ေနျပည္သူမ်ားအၾကားတြင္ ရႈပ္ေထြးသြားေစေသာ ကိစၥျဖစ္ေနေၾကာင္း ေက်ာက္ပန္းေတာင္ျမိဳ ့ခံတစ္ဦးက အကုန္သိသတင္းဌာနကုိ သတင္းေပးေျပာၾကားသည္။ ယင္းကိစၥႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနက ဇူလုိင္လ ၂၇ ရက္ ညေန ၇ နာရီခြဲခန္ ့တြင္ ျမိဳ ့နယ္ ရဲစခန္းထံသုိ ့ဆက္သြယ္ေမးျမန္းရာ ” သာယာေအးရပ္ကြက္မွာလုိ ့ေတာ့ သိရတယ္။ ကၽြန္ေတာ္တုိ ့ဆီက သြားေနတုန္းပဲ။ မသိေသးဘူးခင္ဗ်ာ။ ကၽြန္ေတာ္တုိ ့ဘာမွ အတိအက် မသိေသးပါဘူး ” ဟု တာ၀န္က် အရာရွိတစ္ဦးက ျပန္လည္ေျဖၾကားခဲ့ျပီး သြားေနဆဲျဖစ္သည့္အတြက္ Report တက္မလာေသးေၾကာင္း ဆုိသည္။ ေဒသခံတစ္ဦးက ၄င္း၏လူမႈကြန္ရက္တြင္ ေဖာ္ျပလာမႈ၌ ” စည္ပင္ကိုတင္ထားတာမရွိဘူး။ ပိုင္ရွင္ဘယ္သူမွန္းမသိ။ ညအခ်ိန္မွာ ေဆာက္တယ္။ ခုလို ဥၾသေသာင္းနင္းျဖစ္ေနခ်ိန္မွာေတာင္ ေဆာက္သူေရာ ပိုင္ရွင္ေရာမေတြ ့။ ဘုရားခန္းမေတြ႕၊ ဗလီဖြဲ႔စည္းပံုအရင္တစ္ခါဗလီလို တူေနတဲ့အတြက္ ေက်ာက္ပန္းေတာင္းခုိးေဆာက္ဗလီဖ်က္ေတာ့မယ္လို ့သိရပါတယ္။ ကၽြန္ေတာ္ အခုအဲဒီမွာ ေရာက္ေနတာပါ။ ေနာက္မွပံုနဲ႔တကြတင္ေပးပါ့မယ္ ” ဟု ေရးသားထားသည္ကုိေတြ ့ရသည္။ လက္ရွိ ေနာက္ဆုံးအေျခအေန သတင္းမ်ားအရ အဆုိပါ ဗလီပုံစံ အေဆာက္အအုံကုိ အာဏာပုိင္မ်ားက ဘူဒုိဇာျဖင့္ ျဖိဳခ်ရန္ စီစဥ္ေနျပီျဖစ္ေၾကာင္းလည္း သိရသည္။
ဓါတ္ပုံ – Zar ni win ႏွင့္ သတင္းေပးသူအခ်ဳိ ့
Credit – Akonthi
==========
Unicode
ကျာက်ပန်းတောင်းမြို ့နယ် သာယာအေးရပ်ကွက်တွင် ဗလီဟုယူဆရသောအဆောက်အအုံ ဆောက်လုပ်နေသည်ဆိုသော သတင်းကြောင့် ရပ်ကွက်နေပြည်သူများအကြား ရှုတ်ရှုတ်သဲသဲ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ကျောက်ပန်းတောင်းမြို ့နယ်သည် ဘာသာရေးကိစ္စတွင် နာမည်ကျော်ကြားလှသော မြို ့တစ်မြို ့ဖြစ်ပြီး အထူးသဖြင့် အစ္စလာမ်ဗလီတစ်လုံးပင် မရှိသောမြို ့ဟု လူသိများသော မြို ့လည်း ဖြစ်ကာ ယင်းတွင် ဗလီဟုယူဆနိုင်သော အဆောက်အဦးကိစ္စသည် ရပ်ကွက်နေပြည်သူများအကြားတွင် ရှုပ်ထွေးသွားစေသော ကိစ္စဖြစ်နေကြောင်း ကျောက်ပန်းတောင်မြို ့ခံတစ်ဦးက အကုန်သိသတင်းဌာနကို သတင်းပေးပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနက ဇူလိုင်လ ၂၇ ရက် ညနေ ရ နာရီခွဲခန် ့တွင် မြို ့နယ် ရဲစခန်းထံသို ့ဆက်သွယ်မေးမြန်းရာ ” သာယာအေးရပ်ကွက်မှာလို ့တော့ သိရတယ်။ ကျွန်တော်တို ့ဆီက သွားနေတုန်းပဲ။ မသိသေးဘူးခင်ဗျာ။ ကျွန်တော်တို ့ဘာမှ အတိအကျ မသိသေးပါဘူး ” ဟု တာဝန်ကျ အရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပြီး သွားနေဆဲဖြစ်သည့်အတွက် Report တက်မလာသေးကြောင်း ဆိုသည်။ ဒေသခံတစ်ဦးက ၄င်း၏လူမှုကွန်ရက်တွင် ဖော်ပြလာမှု၌ ” စည်ပင်ကိုတင်ထားတာမရှိဘူး။ ပိုင်ရှင်ဘယ်သူမှန်းမသိ။ ညအချိန်မှာ ဆောက်တယ်။ ခုလို ဥသြသောင်းနင်းဖြစ်နေချိန်မှာတောင် ဆောက်သူရော ပိုင်ရှင်ရောမတွေ ့။ ဘုရားခန်းမတွေ့၊ ဗလီဖွဲ့စည်းပုံအရင်တစ်ခါဗလီလို တူနေတဲ့အတွက် ကျောက်ပန်းတောင်းခိုးဆောက်ဗလီဖျက်တော့မယ်လို ့သိရပါတယ်။ ကျွန်တော် အခုအဲဒီမှာ ရောက်နေတာပါ။ နောက်မှပုံနဲ့တကွတင်ပေးပါ့မယ် ” ဟု ရေးသားထားသည်ကိုတွေ ့ရသည်။ လက်ရှိ နောက်ဆုံးအခြေအနေ သတင်းများအရ အဆိုပါ ဗလီပုံစံ အဆောက်အအုံကို အာဏာပိုင်များက ဘူဒိုဇာဖြင့် ဖြိုချရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ဓါတ်ပုံ – Zar ni win နှင့် သတင်းပေးသူအချို ့
Credit – Akonthi








No comments