ယောက်ျားဖြစ်ခဲ့ဖူးတဲ့ မိန်းမလှလေးများ

Share:

လူတွေဟာ ကိုယ်ရရှိထားတဲ့ဘဝကို မတင်းတိမ်ရင် အပြောင်းအလဲကို လိုချင်ကြတာ ဓမ္မတာပဲဖြစ်ပါတယ်။ လက်ရှိဘဝကို မကျေနပ်ရင်တော့ ပြောင်းလဲပစ်ဖို့ ကြိုးစားကြတာ ထုံးစံလိုဖြစ်နေပါပြီ။ ကမ္ဘာအရပ်ရပ်မှာ ရရှိထားတဲ့ ယောက်ျားဘဝ (သို့) မိန်းမဘဝကို မသာယာဘဲ ဆန့်ကျင်ဘက်လိင်ဘဝကိုမှ သဘောကျတဲ့ လိင်ပြောင်းလဲခွဲစိပ်တဲ့ အခြေအနေတွေဖြစ်လာတာပါပဲ။ လိင်ပြောင်းလဲတဲ့သူတွေဟာ အမေရိကန်၊ ဘရာဇီးလ်၊ ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံတွေမှာတော့ အများသားပဲဖြစ်ပါတယ်။ ယောက်ျားဘဝကနေ မိန်းမဘဝကို လိင်ပြောင်းလဲလိုက်တဲ့အခါ သာမန်မိန်းမတွေထက်တောင် ချောမောလှပသွားတဲ့ Transwomen တွေကလည်း အများသားပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့အလှဆုံး ခ တွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

၁။ Chalisa “Rose” Yuemchai
Chalisa “Rose” Yuemchai တစ်ယောက် နာမည်ကျော်သွားတာကတော့ ၂ဝ၁၂ခုနှစ်မှာ ထုတ်လုပ်တဲ့ “Lost in Thailand” ရုပ်ရှင်ကားကြောင့်ပဲ ဖြစ်ပါတယ်။ Rose ဟာ မထင်မရှားပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့အလှအပတွေကြောင့် ပုရိသအပေါင်းကို ရာဂတက်ကြွစေခဲ့သူလည်း ဖြစ်ပါတယ်။ နီရဲတဲ့နှုတ်ခမ်း၊ စူးရှတဲ့အကြည့်တွေနဲ့ ငါးရံ့ကိုယ်လုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါ ပုထုဇဉ်မဆိုထားနဲ့ ရသေ့သူတော်တွေတောင် ဥာဏ်မခိုင် ဈာန်ပြိုင်လျှောရမယ့်အလှပိုင်ရှင်လေးပါ။ သူမဟာ ယောက်ျားဘဝကနေ မိန်းမဘဝကို ခွဲစိပ်ပြောင်းလဲထားသူပါပဲ။

ငါးရံ့ကိုယ်လုံးနဲ့ Rose

၂။ Rinrada “Yoshi” Thurapan

Rinrada “Yoshi” Thurapan ကတော့ ကြွေရုပ်သဏ္ဍန်မျက်နှာလေးကြောင့်ပဲ လူမှုကွန်ရက်မှာ လူချစ်လူခင်များနေတာပါ။ Yoshi ဟာ ထိုင်းအဆိုတော် Baitoey Rsiam ရဲ့သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ရုံမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် အစွမ်းပြနေပြီဖြစ်ပါတယ်။
ကော်ပတ်ရုပ်အလှပိုင်ရှင် Roshi
ကော်ပတ်ရုပ်အလှပိုင်ရှင် Roshi
Instagram မှာလည်း Follower ၁သန်းနီးပါးရှိတဲ့ ကော်ပတ်ရုပ်အလှပိုင်ရှင်ဖြစ်ပါတယ်။ Yoshi ရဲ့အလှတရားဟာ ဘယ်လောက်ထိ ဆွဲဆောင်မှုရှိသလဲဆိုရင် လေဖြတ်နေတဲ့သူတောင် ကောက်ခနဲ ထနိုင်စေတဲ့ စွမ်းအားရှိပါတယ်။
ကလေးနဲ့တူတဲ့ Roshi

၃။ Monthana “Jeen” Chuthatus

Monthana “Jeen” Chuthatus ဟာ ထိုင်းနိုင်ငံ Chachoengsao ခရိုင်ရဲ့ အမျိုးသားတွေအတွက် စစ်မှုမထမ်းမနေရ ဥပဒေကြောင့်လည်း နာမည်ကျော်လာတဲ့သူဖြစ်ပါတယ်။
Sexy ကျတဲ့ Jeen
မိန်းမဖြစ်နေပေမယ့် မှတ်ပုံတင်ထဲမှာ ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် စစ်မှုထမ်းဥပဒေနဲ့ ရင်ဆိုင်ရတာဖြစ်ပါတယ်။ စစ်သားတွေနဲ့ ဓာတ်ပုံတွဲရိုက်ရင်းကနေ နာမည်ကျော်လာတဲ့ အလှပိုင်ရှင်ဖြစ်ပါတယ်။ သူမရဲ့အလှဟာ မိန်းမတွေတောင် ငေးကြည့်ယူရတဲ့ “သွေးပျက်အလှ” ဖြစ်ပါတယ်။
ကလေးဆန်တဲ့ Jeen

၎။ Jiratchaya “Mo” Sirimongkolnawin

Jiratchaya “Mo” Sirimongkolnawin ဟာ ၂ဝ၁၆ခုနှစ်က Miss Tiffany’s Universe မှာ Winner ဖြစ်ရုံမက ၂ဝ၁၇မှာလည်း Miss International Queen မှာ ထိုင်းနိုင်ငံကိုယ်စားပြုပြီး Winner ဖြစ်ခဲ့ပါသေးတယ်။
Miss Tiffany’s Universe Winner Mo
ခါးသေးရင်ချီနဲ့ ပြစ်မျိုးမှဲ့မထင်အလှပိုင်ရှင် Mo ဟာ “I Can See Your Voice” ရှိုးပွဲမှာလည်း သူမရဲ့စွဲမက်ဖွယ်အသံနဲ့ ဖျော်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ငေးမောလိုက်ရုံနဲ့ ပေးစရာရှိတဲ့ အကြွေးရှင်ကိုတောင် မေ့ပျောက်သွားနိုင်တဲ့ အလှပိုင်ရှင်မျိုးပါ။
ငေးလို့မဝတဲ့ Mo

၅။ Nathachat “Hana” Chanchiew

Nathachat “Hana” Chanchiew ဟာ The Face Thailand Season 3 ကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ Winner မဖြစ်ခဲ့ပေမယ့် သူမရဲ့အလှတရားကြောင့် ပရိသတ်အခိုင်အမာရရှိခဲ့သူပါ။ Hana ဟာ ကျစ်လျစ်တဲ့ခန္ဒာကိုယ်၊ နက်မှောင်တဲ့ဆံသား၊ စွဲမက်ဖွယ်အကြည့်၊ တင်းရင်းတဲ့နှုတ်ခမ်းတွေနဲ့ Sexy ကျသူလည်း ဖြစ်ပါတယ်။
ကိလေသာစိတ်ကို ယိုဖိတ်စေတဲ့ Mo

၆။ Patta “Nadia” Wiruntanaki

Patta “Nadia” Wiruntanaki ဟာ Miss Mimosa Queen Thailand ဆုကို ၂ဝ၁၅ခုနှစ်မှာ ရရှိပြီးတာနဲ့ ပုရိသပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရုံမက သွားရေတမြှားမြှားကျသွားအောင် လှနိုင်သူလေးပါ။
ချစ်စရာကောင်းတဲ့ Nadia
သူမရဲ့အလှကို ချီးကျူးနေရရင် စာဆိုကဝိတွေတောင် လက်မှိုင်ချရမယ့်သဘောပါပဲ။ အခုချိန်မှာတော့ Nadia ဟာ မော်ဒယ်နဲ့ အကသမားအနေနဲ့ အသက်မွေးနေပါတယ်။
စာဆိုကဝိတွေ လက်မှိုင်ချရမယ့် Nadia

၇။ Woranun “Frame” Nalatworasakul

၂၂နှစ်ရှိပြီဖြစ်တဲ့ Woranun “Frame” Nalatworasakulဟာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ညှိစွန်းရာကနေ လူမှုကွန်ရက်မှာ နာမည်ကြီးလာပြီး Thai TV မှာ အင်တာဗျူးဖြစ်ခဲ့ပါတယ်။
ကလေးနဲ့တူတဲ့ Roshi
Frame ဟာ သူမရဲ့အပြစ်ကင်းတဲ့ အလှတရားကြောင့် စစ်မှုထမ်းဥပဒေကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး Crazy Love ရုပ်ရှင်ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ရာကနေ မိန်းမသားတွေတောင် အားကျခဲ့ရတဲ့ အလှပိုင်ရှင်ပဲဖြစ်ပါတယ်။
ရိုးရှင်းတဲ့အလှပိုင်ရှင် Frame

၈။ Treechada “Poyd” Petcharat

Treechada “Poyd” Petcharat ဟာ အလှဆုံးလိင်ပြောင်းလဲတဲ့ အမျိုးသမီးအဖြစ် သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ပထမဆုံးလိင်ပြောင်းလဲသူဖြစ်တဲ့အတွက် စွန့်ဦးတီထွင် Transwomen တစ်ယောက်ဖြစ်ပါတယ်။
စွန့်ဦးတီထွင် Poyd
သူမဟာ လိင်ပြောင်းလဲတဲ့အသိုင်းအဝိုင်းမှာ Idol တစ်ယောက်ဖြစ်ခဲ့ပြီး ကမ္ဘာရှားတဲ့အလှတရားကြောင့်လည်း သားသား၊ ညီညီ၊ မောင်မောင်၊ ကိုကို၊ ဦးဦး၊ ဖိုးဖိုးတွေရဲ့ အသည်းစွဲကျော်တစ်ယောက်ပဲဖြစ်ပါတယ်။ ယောက်ျားတိုင်းအတွက် အိမ်ယာဝင်ဆေးတစ်ခွက်လို ဆွဲဆောင်နိုင်ခဲ့တဲ့ သူမရဲ့အလှတရားဟာ နတ်မိမယ်လားတောင် ထင်မှားရပါတယ်။
နတ်မိမယ်လား ထင်မှားရတဲ့ Poyd
ကဲ . . . လိင်ပြောင်းလဲထားတဲ့ မိန်းကလေးတွေကို ဖွဲ့နွဲ့ထားလို့လား မိန်းကလေးတွေက စိတ်မဆိုးသွားနဲ့ဦးနော်။ ကဲ . . . အခုဖော်ပြထားတဲ့ ၈ယောက်ထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတာ စိတ်ရှိလက်ရှိရေးချလိုက်ပါဦး။

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...