ဖုန်းမှ မက်ဆေ့ခ်ျပြန်မပို့တဲ့ ယောကျာ်းကို ကွာရှင်းခွင့် ထိုင်ဝမ်အမျိုးသမီး ရရှိ

Share:
စာဖတ်သူအနေနဲ့ မက်ဆေ့ခ်ျတွေကို မသိကျေးကျွန်ပြုတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ သတိထားပါလို့ မှာချင်ပါ
တယ်။ ထိုင်ဝမ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ဖုန်းကနေ မက်ဆေ့ခ်ျပြန်မပို့တဲ့ ယောကျာ်းကို ကွာရှင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။

မျိုးရိုးနာမည် လင်းလို့အမည်ရတဲ့ ထိုင်ဝမ်အမျိုးသမီးတစ်ဦးဟာ တရားရုံးမှာ ယောကျာ်းဖြစ်သူကို တရားဝင်ကွာရှင်းခွင့်
ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက အမျိုးသမီးကို ဘာကြောင့်ကွာရှင်းချင်လဲဆိုတဲ့သက်သေပြချက်တောင်း ခဲ့ပါတယ်။ အမျိုးသမီးဟာ Line Appကို အသုံးပြုသူဖြစ်ပြီး အဆိုပါAppကနေ ယောကျာ်းဖြစ်သူကို မက်ဆေ့ခ်ျတွေပို့ခဲ့ပေ
မယ့် ယောကျာ်းဖြစ်သူက ပြန်မပို့တာကို သက်သေအဖြစ် တရားရုံးကို ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့(6)လကတည်းက မစ္စလင်းနဲ့ ယောကျာ်းဖြစ်သူတို့ဟာ အတူနေထိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ အဲဒီ(၆)
လတွေမှာ မစ္စလင်းဟာ ယောကျာ်းဖြစ်သူကို မက်ဆေ့ခ်ျတွေ ပို့ခဲ့ပေမယ့် ပြန်စာမရခဲ့ပါဘူး။ ဒါ့အပြင် မစ္စလင်းဟာ ကား
အက်ဆီးဒင့်ဖြစ်ပြီး ယောကျာ်းဖြစ်သူကို မက်ဆေ့ခ်ျပို့ပြီး ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်စာမရခဲ့ပါဘူး။ ဒီအကြောင်းပြ
ချက်ကို မစ္စလင်းက အသုံးချပြီး တရားရုံမှာ သက်သေပြခဲ့တာဖြစ်ပါတယ်။

တရားရုံးက မစ္စလင်းရဲ့ မက်ဆေ့ခ်ျကို အတည်ပြုခဲ့ပြီး ယောကျာ်းဖြစ်သူက မက်ဆေ့ခ်ျတစ်စောင်ပြန်ပို့ခဲ့ရင် အဆိုပါသက်
သေပြချက်ဟာ ပယ်ချခံရမှာပါ။ ဒါပေမယ့် အခုက မစ္စလင်းဆီ ပြန်စာမက်ဆေ့ခ်ျတစ်ခုမှ မရောက်လို့ သူတို့နှစ်ဦးရဲ့ဆက်
ဆံရေးမှာ ကွဲအက်နေပြီလို့ ယူဆရပြီး တရားရုံးက မစ္စလင်းကို ကွာရှင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။
မစ္စလင်းနဲ့ ယောကျာ်းဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ (၂၀၁၂)ခုနှစ်က လက်ထပ်ခဲ့ကြပေမယ့် ယောကျာ်းဖြစ်သူဟာ ပုံမှန်ဝင်ငွေ
ရရှိအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့မိသားစု(3)ယောက်ရဲ့ အသုံးစရိတ်နဲ့ အိမ်စရိတ်ကိုတောင် မစ္စလင်းက ပေးခဲ့ရ
တယ်လို့ သိရပါတယ်။
Source ; BBC

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...