အိန္ဒိယ တွင် ရာဇ၀တ်မှု ၃၀ ကျော် ကျူးလွန်ထားသော နာမည်ကြီး လူမိုက် နေ့ခင်းကြောင်တောင် ဓားဖြင့် ၀ိုင်းအခုတ်ခံရပြီး သေဆုံး

Share:

အိန္ဒိယနိုင်ငံ ဒူလီ မှာ နေ့ခင်းကြောင်တောင် အမျိုးသား တစ်ယောက်ကို လူ ၁၁ ဦး မှ ၀ိုင်းဖွဲ့ပြီး ဓားနဲ့ ခုတ်တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။

သေဆုံးသူရဲ့ ဦးခေါင်းမှာ သေနတ် ဒဏ်ရာရရှိထားတယ်လို့လည်း သိရပါတယ်။

စီစီတီဗီ ကင်မရာ ရိုက်ကူးချက်တွေဟာ အင်တာနက်ပေါ် ပျံ့နှံ့သွားပြီး မြို့တွင်း နေထိုင်သူများကို အလွန် ထိတ်လန့် တုန်လှုပ်စေခဲ့ကြောင်း သိရပါတယ်။

ဒူလီမြို့ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်သူ ဗီဗက်ပန်ဆာရီ က အိန္ဒိယ ပြည်တွင်း Mid –Day သတင်းဌာန ကို WhatsApp မှ တစ်ဆင့် အဆိုပါ ရက်စက်တဲ့ လူသတ်မှု ဗီဒီယိုကို ဖြန့်ဖြူးနေသူများကို ဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုချိန်အထိ သိရှိထားသမျှကတော့ သေဆုံးသူ “ ရာဖီကက်ဒင်ရှာဖီကက် ဒင်ရှိတ်ခ်အလီယက်စ်ဂတ်ဒယား ” ဟာ ဒေသတွင်း နာမည်ကျော် လူမိုက် တစ်ဦးဖြစ်ပြီး မုဒိန်းမှု၊ လူသတ်မှု အပါအ၀င် ရာဇ၀တ်မှုပေါင်း ၃၀ ကျော်ကို ကျူးလွန်ခဲ့တဲ့ မှတ်တမ်း ရှိကြောင်း သိရပါတယ်။

သူ့ကို နောက်ဆုံး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု မှ ခံဝန် နဲ့ လွှတ်ပေးထားစဉ် ယခုကဲ့သို့ ၀ိုင်းဝန်း သတ်ဖြတ်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

လူသတ်သမား တွေဟာလည်း ရာဇ၀တ်မှု မှတ်တမ်းရှိတဲ့ လူမိုက်များ ဖြစ်ကြပြီး ပြိုင်ဘက် ရာဇ၀တ်ဂိုဏ်း အချင်းချင်း တိုက်ခိုက်မှု ဖြစ်ပုံ ပေါ်တယ်လို့ ဒူလီ ရဲတပ်ဖွဲ့ မှ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ နံနက်က ရှိတ်ခ် တစ်ယောက် လမ်းဘေးဆိုင် တစ်ခုမှာ လက်ဖက်ရည် သောက်နေစဉ် ယခုကဲ့သို့ ၀ိုင်းဝန်း သတ်ဖြတ်ခြင်း ကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ အဆိုပါ အမှု အတွက် အရေးယူ ဆောင်ရွက်သွားရန် အဖွဲ့ ခြောက်ခု ဖွဲ့စည်း ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

တိုက်ခိုက်သူများဟာ ဓားများ၊ ဟော်ကီတုတ်တံ များဖြင့် ရောက်ရှိလာပြီး တိုက်ခိုက်မှုအတွင်း ဓားဖြင့် ထိုးသွင်းဒဏ်ရာ ၂၇ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

သူ့ကို လဲပြိုသွားသည်အထိ တိုက်ခိုက်ပြီး မသေမရှင် ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို လမ်းမပေါ် ဆွဲတင်ပြီးတဲ့နောက် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ သုံးပြီး ပြန်လည် ထွက်ခွာ သွားကြ ကြောင်း သိရပါတယ်။

ဗီဒီယို မှတ်တမ်း အတွင်း တိုက်ခိုက်သူများဟာ သူ့ကို ဦးခေါင်းကို အဓိက ထားပြီး အသည်းအသန် တိုက်ခိုက်ကြကြောင်း၊ ပြီးနောက် သူ့ကို အခြား သူများ တရွတ်တိုက် ဆွဲသွားကြကြောင်း တွေ့ရပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အပြင်သို့ မပေါက်ကြားစေရန် ရဲတပ်ဖွဲ့ တွင်း တင်းကြပ်စွာ မှာကြားထားပါလျှက်နှင့် အပြင်သို့ ဗီဒီယိုဖိုင် ရောက်ရှိသွားတဲ့ ဖြစ်စဉ်အပေါ် လည်း စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် များက လက်ရှိ အချိန်မှာ ဖမ်းဆီးမှု တစ်စုံတစ်ရာ မပြုလုပ်ရ သေးပေမယ့် လူ ခုနှစ်ယောက် အပါအ၀င် အခြားသူများ စာရင်းကို အတည်ပြု ထားပါတယ်။

ရဲတပ်ဖွဲ့ ရဲ့ သံသယ တရားခံ စာရင်းမှာ ပါဝင်သူများ အနက် ခံဝန် ၁၀ ကြိမ် လူမိုက် ဗစ်ကီ နဲ့ ခံဝန် ၁၁ ကြိမ် လူမိုက် ဗီဂျေး တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Thomas
Ref : Mid – Day
Credit opinion leaders media


No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...