သင်သတိမထားမိသောနေ့စဉ်သုံးပစ္စည်းအစိတ်အပိုင်းများရဲ့အသုံးဝင်ပုံများ

Share:
ပစ္စည်းအသစ်အဆန်းတွေကိုသာ ကျွန်တော်တို့ ဂရုစိုက်ပြီး သေချာသတိထားမိကြပေမဲ့ နေ့စဉ်အိမ်တွင်းသုံး ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကိုတော့ ဘာရည်ရွယ်ချက်အတွက် ပြုလုပ်ထားတာလဲဆိုတာကို သေချာမသိကြပါဘူး။ကျွန်တော်တို့ သတိမထားမိတဲ့ အတွက် ဗဟုသုတအဖြစ်သူငယ်ချင်းတို့အတွက်ဖော်ပြပေးလိုက်ပါ။
၁။ဘောလ်ပင်ဖုံး မှာ ပါဝင်တဲ့ အပေါက်။
********************************
ကျွန်တော်တို့ဘောပင်ကအပေါက်လေးဟာ မှင်ချောင်းတွေကိုလုံးဝခြောက်သွေ့မသွားစေရန် ၊ဒါမှမဟုတ်
မှင်ရည်တွေ စိမ့်မထွက်သွားဖို့ လုပ်ထားတယ်လို့ တွေးရင်တွေးမိပါလိမ့်မယ်။ဒါပေမဲ့ တကယ်ရည်ရွယ်ချက်က အဲ့ဒီလောက်အထိ ပညာရှင်မဆန်ပါဘူး။တကယ်လို့ ကလေးတစ်ယောက်က ဘောလ်ပင်ဖုံးကို မျိုချမိလို့ လည်ပင်းမှာ တစ်နေရင် ဒီဘောပင်ဖုံးက အပေါက်လေးမှ တဆင့် အသက်ရှုလို့ရအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
၂။လေယာဉ်ပျံ ပြတင်းပေါက်က အပေါက်။
**********************************
လေယာဉ်ပျံစီးဖူးတဲ့ သူတွေကတော့ အပေါက်ပါမှန်းသိကြမှာပါ။ပထမ ရည်ရွယ်ချက်က လေဖိအားကို ထိန်းညှိပေးဖို့ပါ။လေယာဉ်က အမြင့်ကို ရောက်လေ လေယာဉ်ကိုယ်ထည်ထဲက လေဖိအားနဲ့ ပြင်ပလေ
ဖိအား ခြားနားမှုများလေပါပဲ။ပြတင်းပေါက်က အပေါက်လေးတွေဟာ လေထုဖိအား ကွာခြားမှုကို တတ်နိုင်သမျှ လျှော့ချပေးဖို့ရန် ဖြစ်ပါတယ်။ဒုတိယ ရည်ရွယ်ချက်က ရေငွေ့ မရိုက်ဖို့ အတွက်ဖြစ်ပါတယ်။
၃။ ကားမှ ဆီပမာဏပြဒိုင်ခွက်မှ မြှား။
******************************
ဆီပမာဏပြဒိုင်ခွက်မှ ဒီအမှတ်အသားလေးကို သိပ်မသတိမထားမိလောက်ကြပါဘူး။ဒါပေမဲ့ သင်သူများကားကို ယူမောင်းစဉ်မှာ ဒီအမှတ်အသားလေးဟာ အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။ဒီမြှားရဲ့ရည်ရွယ်ချက်ကတော့ ဆီထည့်ရန်အပေါက်ဟာ ကားရဲ့ ဘယ်ဘက်မှာရှိနေသလဲဆိုတာကိုအလွယ်တကူသိစေဖို့ ထည့်သွင်းထားတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။
၎။သော့ခလောက်မှ အပေါက်ကလေးများ။
******************************
သင်ဟာ သော့ခလောက်ကို အိမ်အပြင်ဘက်မှာ အသုံးပြုမယ်ဆိုရင် မိုးရာသီမှာရေစိုတဲ့ အခါ သော့ကိုယ်ထည်မှရေတွေ ဒီအပေါက်လေးမှ တဆင့် စီးကျသွားစေဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဒီအပေါက်လေးမှတဆင့် ချောဆီထည့်လို့ရရန် ဖြစ်ပါတယ်။
၅။အားသွင်းကြိုးတွေမှာ ပါဝင်တဲ့ အဖုလေးများ။
**********************************
ဒီဆလင်ဒါပုံစံ အဖုလေးတွေဟာ magnetic iron oxide နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လျှပ်စစ်သံလိုက်လှိုင်းများရဲ့နှောက်ယှက်မှုကို ကာကွယ်ရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
၆။ ကွန်ပျုတာ ကီးဘုတ်ရှိ F နဲ့ J မှ အဖုလေးများ
***************************************
စာစီစာရိုက်အလေ့အကျင့်များသူတွေကတော့ သိကြမှာပါ။Keyboard Typing ရိုက်ရာမှာ F နဲ့ J Keys များဟာ လက်ညှိးများရှိနေရမဲ့နေရာ ဖြစ်ပါတယ်။F နဲ့ J Keys မှာ အဖုလေးများရှိခြင်းဖြင့် ကီးဘုတ်ကို ပြန်ကြည့်နေစရာမလိုဘဲ အလွယ်တကူ လက်ကိုထားရှိနိုင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
၁၁။ ကွန်ပျုတာ ကီးဘုတ်ရှိ F နဲ့ J မှ အဖုလေးများ။ စာစီစာရိုက်အလေ့အကျင့်များသူတွေကတော့ သိကြမှာပါ။Keyboard Typing ရိုက်ရာမှာ F နဲ့ J Keys များဟာ လက်ညှိးများရှိနေရမဲ့နေရာ ဖြစ်ပါတယ်။F နဲ့ J Keys မှာ အဖုလေးများရှိခြင်းဖြင့် ကီးဘုတ်ကို ပြန်ကြည့်နေစရာမလိုဘဲ အလွယ်တကူ လက်ကိုထားရှိနိုင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
၇။ပုလင်းများအောက်ခြေက အဟိုက်များ။
*****************************
ဒီအဟိုက်တွေဟာ ၀ိုင်ပုလင်းတွေကို ပိုပြီး ဖိအားဒဏ်ခံနိုင်ရန်လုပ်ဆောင်ထားတာ ဖြစ်ပြီး ၀ိုင်ပုလင်းကို ပိုပြီး ကြီးတယ်လို့ မျက်စိလှည့်စားရန်အတွက် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
ကြိုက်လို့Shareရင် likeလေးပေးခဲ့တင်ရတာအားရှိတာပေါ့
Ref: Buzzfeed
နေသူရိန် (အခသ)

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...