ဒါကခါးသြယ္ေစမယ့္ ကိုယ္ကိုေကာ့ဆက္လို ပတ္ထားတဲ့ Oblique ႂကြက္သားေတြကိုက်စ္လစ္ေစတဲ့ ေလ့က်င့္ခန္းေလးေတြပါ။
ေအာက္ေဖာ္ျပထားတဲ့ ေလ့က်င့္ခန္းတစ္ခုစီကို တစ္ခါလုပ္ရင္ ၁၂ ၾကိမ္ကို ႏွစ္ခါစီျပန္ေက်ာ့ၿပီး တစ္ပတ္မွာ သုံးရက္လုပ္ေပးရပါမယ္။
ေလ့က်င့္ခန္း (A)
လက္ႏွစ္ဘက္ ကို လက္သီးဆုပ္ အေနအထားႏွင့္ မ်က္ႏွာအေရွ႕မွာ ထားပါ။ ခါးႂကြက္သားကို အားယူျပီး ညာကို တစ္ခ်က္၊ ဘယ္ကို တစ္ခ်က္ လွည့္ပါ။ လွည့္ေနစဥ္မွာ ကိုယ္ေအာက္ပိုင္းကို လိုက္မလွည့္မိေအာင္ သတိျပဳရပါမယ္။
လက္ႏွစ္ဘက္ ကို လက္သီးဆုပ္ အေနအထားႏွင့္ မ်က္ႏွာအေရွ႕မွာ ထားပါ။ ခါးႂကြက္သားကို အားယူျပီး ညာကို တစ္ခ်က္၊ ဘယ္ကို တစ္ခ်က္ လွည့္ပါ။ လွည့္ေနစဥ္မွာ ကိုယ္ေအာက္ပိုင္းကို လိုက္မလွည့္မိေအာင္ သတိျပဳရပါမယ္။
ေလ့က်င့္ခန္း(B)
ညာဘက္ကိုလွည့္တဲ့အခါ ညာဒူးကို ခါးအထိ ေျမႇာက္ပါ။ ျပန္ခ်ပါ။ ခုနက အတိုင္း ဘယ္ဘက္ကို လွည့္တဲ့အခါ ဘယ္ ဒူးကို ခါးအထိ ေျမႇာက္ပါ။ ျပန္ခ်ပါ။
ညာဘက္ကိုလွည့္တဲ့အခါ ညာဒူးကို ခါးအထိ ေျမႇာက္ပါ။ ျပန္ခ်ပါ။ ခုနက အတိုင္း ဘယ္ဘက္ကို လွည့္တဲ့အခါ ဘယ္ ဒူးကို ခါးအထိ ေျမႇာက္ပါ။ ျပန္ခ်ပါ။
ေလ့က်င့္ခန္း (C)
ကိုယ္ကို ဘယ္ဘက္သို႕ အနည္းငယ္ေစာင္းထားျပီး ကိုယ္အေလးခ်ိန္ကို ဘယ္ တံေတာင္ႏွင့္ ေထာက္ ထားပါ။ ညာဘက္လက္ကို ေခါင္းအေနာက္မွာထားပါ ။ေျခေထာက္ ႏွစ္ဘက္ကို ၾကမ္းျပင္မွ လြတ္တဲ့အေနအထားသို႕ ႂကြထားရပါမယ္။ ခါးေဘးႂကြက္သားကို အားျပဳရင္း ညာတံေတာင္ႏွင့္ ဒူးႏွစ္ဘက္ကို ထိသည္အထိ ဆြဲယူပါ။ စကၠန္႕အနည္းငယ္ထိန္းထားျပီး ျဖည္းျဖည္းခ်င္း ျပန္ေလွ်ာ့ပါ။

ေလ့က်င့္ခန္း (D)
အရင္ဆုံးၾကမ္းျပင္ေပၚမွာ မတ္မတ္ထိုင္ျပီး၊ ဒူးကို အလိုက္သင့္ ေကြးထားျပီး လက္ႏွစ္ဘက္လုံးကို အေရွ႕သို႕ဆန္႕ထားပါ။ ဘယ္ဘက္လက္ကို အေနာက္သို႕ဆြဲယူသည့္အခါ ကိုယ္အေပၚပိုင္းကလည္း လက္သြားရာဆီသို႕ အလိုက္သင့္ လွည့္ရပါမယ္။ မူလေနရာသို႕ ျပန္ေနျပီး ညာဘက္ကိုလည္း အလားတူ ပုံစံ ျပဳလုပ္ပါ။

ခါးေသးေစဖို႕ဆိုတာ ေလ့က်င့္ခန္းလုပ္ရုံနဲ႕ ေတာ့ မျပီးပါဘူး၊ ဗိုက္မွာ အဆီစုရင္ ခါးပါတုတ္လာတတ္တာမို႕ အစားအေသာက္ထိန္းတာ၊ ပုံမွန္ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္တာ တို႕နဲ႕တြဲထားမွ လိုခ်င္တဲ့ အခ်ိဳးအစားကို ရလာမွာျဖစ္ပါတယ္။
အေညာင္းထိုင္ျပီး အလုပ္လုပ္ရတဲ့ သူေတြဟာ တခ်ိန္လုံးမတ္တပ္ရပ္ ေနသူေတြထက္ အဆီပိုစုၾကပါတယ္။ ပုံမွန္ကိုယ္လက္လႈပ္ရွားမႈရွိတာက စားလိုက္တဲ့အဆီကို လ်င္လ်င္ျမန္ျမန္ ေခ်ဖ်က္ဖို႕ အားေပးတာေၾကာင့္ အဆီစုဖို႕ အလားအလာေလ်ာ့နည္းသြားပါတယ္။ လမ္းေလွ်ာက္၊ စက္ဘီးစီးတာက ဘာမွမဟုတ္ေပမယ့္ ပုံမွန္ေလးလုပ္ေပးရင္ အားကစားခန္းမမွာ အျပင္းအထန္လုပ္သလို လူကို မပင္ပန္းေစပဲ အဆီေတြကို ေလာင္ကြၽမ္းေစႏိုင္ပါတယ္။ပ်ိဳေမတို႕အတြက္ shopping ထြက္တာကလည္း ကိုယ္လက္လႈပ္ရွားမႈတစ္မ်ိဳးပါပဲ။ (ပိုက္ဆံေတာ့နည္းနည္း ကုန္မွာေပါ့ေနာ္) ရုံးမွာ တခ်ိန္လုံးထိုင္ေနရတဲ့သူေတြအတြက္ မတ္မတ္ေလး ဗိုက္ရွပ္ျပီးထိုင္မယ္ဆို ဗိုက္ေအာက္ပိုင္းအဆီစုတာကို ဟန္႕တားေပးတဲ့ အျပင္ ဗိုက္ႂကြက္သားကိုလည္းက်စ္လစ္ေစမွာပါ။
အဲလို စားေသာက္မႈပံုစံ၊ ကိုယ္လက္လႈပ္ရွားမႈနဲ႕ ေလ့က်င့္ခန္း သုံးခုလုံးတြဲလုပ္မယ္ဆိုရင္ လိုခ်င္တဲ့ပန္းတိုင္ကို အခ်ိန္တိုအတြင္းအေရာက္လွမ္းႏိုင္မွာ က်ိန္းေသပါပဲ။
စာဖတ္သူပ်ိဳေမေတြ လည္း က်န္းမာေပ်ာ္ရႊင္ဖြယ္ေန႕ရက္ေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။
Credit – သနပ္ခါးေမ

==========
Unicode
ဒါကခါးသွယ်စေမယ့် ကိုယ်ကိုကော့ဆက်လို ပတ်ထားတဲ့ Oblique ကြွက်သားတွေကိုကျစ်လစ်စေတဲ့ လေ့ကျင့်ခန်းလေးတွေပါ။
အောက်ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတစ်ခုစီကို တစ်ခါလုပ်ရင် ၁၂ ကြိမ်ကို နှစ်ခါစီပြန်ကျော့ပြီး တစ်ပတ်မှာ သုံးရက်လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (A)
လက်နှစ်ဘက် ကို လက်သီးဆုပ် အနေအထားနှင့် မျက်နှာအရှေ့မှာ ထားပါ။ ခါးကြွက်သားကို အားယူပြီး ညာကို တစ်ချက်၊ ဘယ်ကို တစ်ချက် လှည့်ပါ။ လှည့်နေစဉ်မှာ ကိုယ်အောက်ပိုင်းကို လိုက်မလှည့်မိအောင် သတိပြုရပါမယ်။
လက်နှစ်ဘက် ကို လက်သီးဆုပ် အနေအထားနှင့် မျက်နှာအရှေ့မှာ ထားပါ။ ခါးကြွက်သားကို အားယူပြီး ညာကို တစ်ချက်၊ ဘယ်ကို တစ်ချက် လှည့်ပါ။ လှည့်နေစဉ်မှာ ကိုယ်အောက်ပိုင်းကို လိုက်မလှည့်မိအောင် သတိပြုရပါမယ်။
လေ့ကျင့်ခန်း(B)
ညာဘက်ကိုလှည့်တဲ့အခါ ညာဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။ ခုနက အတိုင်း ဘယ်ဘက်ကို လှည့်တဲ့အခါ ဘယ် ဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။
ညာဘက်ကိုလှည့်တဲ့အခါ ညာဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။ ခုနက အတိုင်း ဘယ်ဘက်ကို လှည့်တဲ့အခါ ဘယ် ဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။
လေ့ကျင့်ခန်း (C)
ကိုယ်ကို ဘယ်ဘက်သို့ အနည်းငယ်စောင်းထားပြီး ကိုယ်အလေးချိန်ကို ဘယ် တံတောင်နှင့် ထောက် ထားပါ။ ညာဘက်လက်ကို ခေါင်းအနောက်မှာထားပါ ။ခြေထောက် နှစ်ဘက်ကို ကြမ်းပြင်မှ လွတ်တဲ့အနေအထားသို့ ကြွထားရပါမယ်။ ခါးဘေးကြွက်သားကို အားပြုရင်း ညာတံတောင်နှင့် ဒူးနှစ်ဘက်ကို ထိသည်အထိ ဆွဲယူပါ။ စက္ကန့်အနည်းငယ်ထိန်းထားပြီး ဖြည်းဖြည်းချင်း ပြန်လျှော့ပါ။

လေ့ကျင့်ခန်း (D)
အရင်ဆုံးကြမ်းပြင်ပေါ်မှာ မတ်မတ်ထိုင်ပြီး၊ ဒူးကို အလိုက်သင့် ကွေးထားပြီး လက်နှစ်ဘက်လုံးကို အရှေ့သို့ဆန့်ထားပါ။ ဘယ်ဘက်လက်ကို အနောက်သို့ဆွဲယူသည့်အခါ ကိုယ်အပေါ်ပိုင်းကလည်း လက်သွားရာဆီသို့ အလိုက်သင့် လှည့်ရပါမယ်။ မူလနေရာသို့ ပြန်နေပြီး ညာဘက်ကိုလည်း အလားတူ ပုံစံ ပြုလုပ်ပါ။

ခါးသေးစေဖို့ဆိုတာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ တော့ မပြီးပါဘူး၊ ဗိုက်မှာ အဆီစုရင် ခါးပါတုတ်လာတတ်တာမို့ အစားအသောက်ထိန်းတာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ တို့နဲ့တွဲထားမှ လိုချင်တဲ့ အချိုးအစားကို ရလာမှာဖြစ်ပါတယ်။
အညောင်းထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေဟာ တချိန်လုံးမတ်တပ်ရပ် နေသူတွေထက် အဆီပိုစုကြပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိတာက စားလိုက်တဲ့အဆီကို လျင်လျင်မြန်မြန် ချေဖျက်ဖို့ အားပေးတာကြောင့် အဆီစုဖို့ အလားအလာလျော့နည်းသွားပါတယ်။ လမ်းလျှောက်၊ စက်ဘီးစီးတာက ဘာမှမဟုတ်ပေမယ့် ပုံမှန်လေးလုပ်ပေးရင် အားကစားခန်းမမှာ အပြင်းအထန်လုပ်သလို လူကို မပင်ပန်းစေပဲ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ပျိုမေတို့အတွက် shopping ထွက်တာကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပါပဲ။ (ပိုက်ဆံတော့နည်းနည်း ကုန်မှာပေါ့နော်) ရုံးမှာ တချိန်လုံးထိုင်နေရတဲ့သူတွေအတွက် မတ်မတ်လေး ဗိုက်ရှပ်ပြီးထိုင်မယ်ဆို ဗိုက်အောက်ပိုင်းအဆီစုတာကို ဟန့်တားပေးတဲ့ အပြင် ဗိုက်ကြွက်သားကိုလည်းကျစ်လစ်စေမှာပါ။
အဲလို စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း သုံးခုလုံးတွဲလုပ်မယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို အချိန်တိုအတွင်းအရောက်လှမ်းနိုင်မှာ ကျိန်းသေပါပဲ။
စာဖတ်သူပျိုမေတွေ လည်း ကျန်းမာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။
Credit – သနပ်ခါးမေ

No comments