T>>ဘယ်လို ခိုးတာလဲအကို
T2>>ဟုတ်ကဲ့
ဘေကော အဖြတ်ခံရဘူးလား..
#cd
TELENOR ရုံးချုပ်ကို ဒီနေ့သွားဖြစ်တယ်
T>>ဟုတ်ကဲ့ ဘာများ ကူညီပေးရမလဲ မသိဘူး အကို
M>>အေး ညီမလေး ဖုန်းဘေခိုးတဲ့ ကိစ္စလေး ရှင်းချင်လို့ဗျ..
T>>ဘယ်လို ခိုးတာလဲအကို
M>>ဖုန်းဘေ မှော်ကတ် မနေ့ညက ၇နာရီလောက်မှာ ထည့်တယ်
၁၀နာရီ လောက်မှာ ဘေ 0 ဖြစ်သွားတယ် အဲ့ဒါလေး သိချင်တာ
T>>ဒါဆို ဟိုဖက်ကောင်တာလေးကို သွားပေးပါ အကို
T2>>ဟုတ်ကဲ့ အကို ဘေသုံးထားတာလေး စစ်ပေးပါမယ် ခနစောင့်ပေးပါ
M>>လုပ်ပါလုပ်ပါ စောင့်ပေးပါမယ်
T2>>ဟုတ်ကဲ့ အကို မနေ့ညက ၇နာရီ၃၀မိနစ် လောက်မှာ အကို Internet 1.2g ကျော်လောက် သုံးထားတာတွေ့ပါတယ်
M>>internet ဖွင့်ရုံဘဲဖွင့်ထားတာ မသုံးဘဲ ဘယ်လိုကုန်တာလဲ
၅ရာ၁ထောင် ကုန်တာ မပြောဘူး အခုက ၆၀၅၅ကျပ်လုံး ကုန်တယ်ဆိုတာက လက်မခံနိုင်ဘူးဘဲ..
T2>>အကို့ဖုန်းလေး ခနပြပေးပါ တစ်ချက်စစ်ကြည့်ချင်လို့ပါ
M>>ဘာလဲ Background တွေ ပိတ်ထားလား ဖွင့်ထားလား စစ်အုံးမလို့လား..
T2>>ဟုတ်ကဲ့
M>>ငါ ဒီကို မလာခင်ကတည်းက ငါ့ FB က Friend တွေ နင်တို့ပြောနေကြစကား ငါ့ကို ပြောပြထားပြီးသားမို့ ငါသိတယ်..စစ်ချင်တယ်ဆိုလဲ စစ်လေ
T2>>အကို ဒီမှာ app တွေက Wifi&Mobile data ဖြစ်နေတယ်..အဲ့ဒါတွေက Auto Download ဆွဲပြီးဘေကုန်သွားတာပါ..
M>>ညီမလေး ငါ့ကို ခက်အအ ကာစတန်မာတွေကို ပြောပြီး ဖြေသိမ့်တဲ့ စကားတွေနဲ့ လာမဖြေသိမ့်နဲ့ ငါဖုန်း Service လုပ်လာတာ ၅နှစ်ရှိပြီ..ဘယ်ဟာက ဘာကြောင့် ငါအကုန်သိတယ်..ပြောနေကြ နှုတ်တိုက်ရွတ်ရမဲ့စကားထပ် တိကျတဲ့ စကားဘဲလိုချင်တယ်..
T>>မဟုတ်ဘူးအကို..ဒီမှာက အကို သုံးထားတဲ့ Data တွေကို ပြထားတာရှိတယ်လေ..
M>>နင်တို့ ဆီမှာ ရှိနေတဲ့ စရင်းက ငါတို့ဘာမှ လုပ်လို့မရဘူးလေ..နင်တို့ပြောတာ နင်တို့စကားဘဲ ငါတို့က မသုံးဘဲ ဖြတ်ခံရလို့ လာပြောတာ..နင်တို့ ဆီက ဘေ ၆ထောင် ကို လာတောင်းတာမဟုတ်ဘူး
ငါနင် တို့ဆီ Taxi အသွားအပြန်နဲ့လာတာ ၆ထောင် ကုန်တယ်..
မပြောလို့မဖြစ်လို့ နင်တို့ ဖြတ်တဲ့ ဘေ၆ထောင် ကော Taxi ခ ၆ထောင် ကော အဆုံးခံပြီး လာပြောရတာ..ပိုက်ဆံကို ကြည့်နေတာမဟုတ်ဘူး..မသုံးဘဲ နင်တို့ ဒီက လုပ်ချင်တိုင်းလုပ်ပြီး ငါတို့ဘေတွေဖြတ်တဲ့ မတရားကိစ္စကို လာရှင်းတာ
T2>>ဟုတ် ခနလေးနော်..အထက်လူကြီးဆီ ဖုန်းနဲ့မေးပေးပါ့မယ်
M>>မေးပါ မေးပါ..တိကျတဲ့အဖြေလေးပေးနိုင်ရင်တော့ ကောင်းတာပေါ့
T2>>ဟုတ်ကဲ့အကို သူရဲ့ ဖုန်းနံပါတ်လည်း ပေးပါမယ်
အကိုရဲ့ ဖုန်းဘေ သုံးထားတဲ့ အသေးစိတ် အချက်လက် ကို မနက်ဖြန်နောက်ဆုံးထားပြီး ပြန်ဆက်သွယ်ပေးပါမယ်.
M>>ဘာကြောင့် ဖြစ်နိုင်တယ်ထင်လည်း ညီမ ရော..
ဘေကော အဖြတ်ခံရဘူးလား..
T2>>app backgroud တွေမပိတ်လို့ ဘဲ အများဆုံးဖြစ်တတ်တာပါ အကို..
M>>ဒီဖုန်းတစ်လုံးထဲကိုဘဲ Telenor Ooredoo Mpt
သုံးမျိုးစလုံး ထည့်သုံးနေတာ တခြား Sim တွေမဖြတ်ဘဲ နင်တို့ Telenor ကဘဲ ဖြတ်နေတာက မဖြစ်နိုင်တာကို လာပြောနေသလိုဘဲ
အကို Internet ကို သုံးသုံး မသုံးသုံး အမြဲတမ်းနီးပါး ဖွင့်ထားတာ အခု မှမဟုတ်ဘူး နင်တို့ တာမွေမြို့နယ်ကို Telenor Eload Sim
စပေးကတည်းက ဒီနံပါတ်ကိုင်တာ..အရင်က ဘေတွေကုန်တာမျိုး အနဲငယ်ရှိပေမဲ့ ကိုယ်သုံးလို့ ကုန်တာဘဲလေ ဆိုတဲ့ စိတ်နဲ့ အာရုံနောက်လို့ မလာတာ..အခုက နင်တို့က ပေါ်တင်ခိုးတာကြီး ဖြစ်နေတော့ အဆင်မပြေလို့ လာပြောရတာ..
T2>>ဟုတ်ကဲ့ပါအကို သုံးထားတဲ့ ဟာတွေက ဒီမှာပေါ်နေတာဆိုတော့ အသေးစိတ် အချက်လက် ရမှဘဲ ကြည့်ကြည့်ရမှာပါ..
M>>ပွင့်ပွင့်လင်းလင်း ပြောရရင် နင်တို့ စက်က ထွက်လာမဲ့ အဖြေကို ငါမယုံတော့တာ..နင်တို့ကတော့ နင်တို့ အပြစ်လွတ်အောင် အဲ့ဒါနဲ့ဘဲ ကိုင်ပေါက်မယ်ဆိုတာလဲ ငါသိတယ်..ဒါပေမဲ့ နင်တို့ တွေအဲ့လိုခိုးနေသရွေ့တော့ ဘယ်အော်ပရေတာနဲ့ ယှဉ်ယှဉ် သူခိုးအော်ပရေတာ အဖြစ်ဘဲ နာမည်ကြီးနေမှာဘဲ..အခုက ငါတစ်ယောက်ထဲမဟုတ်ဘူး..ငါ့မိတ်ဆွေတွေ အားလုံးနဲ့ နီးစပ်ရာ လူတော်တော်များများ အခိုးခံနေရလို့ လာတိုင်ရတာ..
T2>>ဟုတ်ကဲ့ပါ အကို..ပြန်အကြောင်းကြားပေးပါ့မယ်
M>>အမှန်ဆို ဘေ ၂၀၀ အောက်ရောက်ရင်လဲ sms နဲ့ အကြောင်းကြားနေကျ..အင်တာနက် 100mb ရှိပါပြီ 300mb ရှိပါပြီ ဘာညာ အမြဲလာနေကျပါ..အခုက ဘာမှအကြောင်းကြားစာ မပါဘဲ လုပ်ချင်သလိုလုပ်သွားတာကြီးက ရုပ်အရမ်းပေါက်တယ်..ငါတော့ နင်တို့ Telenor Sim ကို မသုံးတော့ဘူး စိတ်ကုန်သွားပြီ..ဘေတောင်မဖြည့်ရဲဘူး အချက်အလက်နဲ့ အခိုးခံရမှာ ကြောက်လို့..နေပါတော့

နေပါတော့ Teleခိုး ရယ်..တိုင်တွေမမိခင် ထဲက သစ္စာ ရှိရှိ သုံးလာတဲ့ ကာစတန်မာ တစ်ယောက် မင်းတို့ ကို စိတ်ကုန်သွားပြီ..မင်းတို့ရဲ့ အသုံးမကျတဲ့ System တွေက ဘာလာလာ ဒီဖက်မှာသုံးထားတာပေါ်တယ်ဆိုတာနဲ့ Background နဲ့ဘဲ လွှဲချနေတတ်တာ မြန်မာပြည်ရဲ့
အော်ပရေတာ မဖြစ်ထိုက်ဘူး..စိတ်ကုန်သွားပြီ..
ဘာဘဲပြောပြော သွားပြောခဲ့ရတာ ကို စိတ်ကြေနပ်တယ်..မပြောလိုက်ရဘဲ ခံလိုက်ရရင် စိတ်ထဲကောင်းမှာမဟုတ်ဘူး..😎😎😎😎😎

No comments