သို့
ညီလေးနှင့်ညီမလေး
မင်းတို့နှစ်ယောက် ဘယ်ဘာသာဝင်ဖြစ်တယ်ဆိုတာ ကိုယ်မသိပါ။ ဘယ်ဘာသာဝင်ဖြစ်နေပါစေ ကိုယ့်ရဲ့လုပ်ရပ် အပြုအမူတစ်ခုဟာ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာသိစေချင်တာပါ။
ပထမဆုံး မင်းတို့နှစ်ယောက်ရဲ့အကျင့် သိက္ခာနဲ့ အဆင့်အတန်းကို ဖော်ပြမိရက်သား ဖြစ်သွားပြီပေါ့
ဒါနဲ့တင်ရပ်မနေဘဲ မင်းတို့ရဲ့ မိဘ ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင် အပြင် မင်းတို့ကိုးကွယ်တဲ့ဘာသာ အထိ သက်ရောက်မှု ရှိသွားပြီလေ။
အကယ်၍့ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့မယ် ဆိုရင် ကျန်တဲ့ ဘာသာဝင်တွေက ဘယ်လိုတွေမြင်ကြမလဲ ဘယ်လိုပြောကြမလဲ ဘယ်လိုဝေဖန်ကြမလဲ ။ မလိုသူတစ်ချို့ရဲ့ ဘာသာရေးပုတ်ခတ်မှု လှုှုံဆော်မှုတွေ ဖြစ်မလာ နိုင်ဘူးတဲ့လား
့ မင်းတို့ မစဉ်းစားမိလို့ လုပ်မိတာလို့ပဲ မြင်မိပါတယ် အပူဒဏ်ကြောက်လို့ဖြစ်နိုင်သလို အလှပျက်မှာ စိုးတဲ့ အတွက်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်
ဖြစ်ပြီးသား ကိစ္စတစ်ခုကို ပြန်ပြင်လို့ မရတော့ပေမယ့် နောက်ထပ်မဖြစ်အောင် ကျင့်ကြံ့ ထိန်းသိမ်းရမှာပဲ မဟုတ်လား ဒါကြောင့် ညီလေး ညီမလေးတို့ ဘယ်ဘာသာဝင်ဖြစ်နေပါစေ ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အဆုံးအမကို ခံယူပါ လိုက်နာပါ ကျင့်ကြံပါ လေ့လာပါ အားထုတ်ပါ ။ ဒီအတွက်စာများများ ဖတ်ပါ။ နေက်ဆုံးပြောချင်တာကတော့ **သင့်ကြောင့် မီးမလောင်ပါစေနှင့်***
အားလုံးမှန်ကန်သော လမ်းကြောင်းကို တည့်မတ်စွာ လျှောက်လှမ်းနိုင်ကြပါစေ့
.
မူရင်းလင့် .https://m.facebook.com/story.php…
Zawgyi Version
သို့
ညီလေးနှင့်ညီမလေး
.
No comments