စစချင်းမှာ မျက်စိအထူးကုဆရာဝန်တွေက သူ့ရဲ့မျက်လုံးထဲက မျက်ကပ်မှန် ၁၇ ခုကို ဖယ်ထုတ်ခဲ့ရပြီး မျက်လုံးကို အဏုကြည့်မှန်ပြောင်းနဲ့စစ်ဆေးကြည့်တော့မှ နောက်ထပ် ၁၀ ခုထပ်တွေ့ခဲ့တာဖြစ်တယ်လို့ British Medical Journal ကဖော်ပြခဲ့ပါတယ်။ “ဒါမျိုးကို ကျွန်မ တို့တစ်ခါမှမကြုံခဲ့ဖူးဘူး။ အထဲမှာ တော်တော်ကြီးပိတ်နေတာ။ ဒီလိုရှိနေရင် အရမ်းနေရခက်မှာကို လူနာက သတိမထားမိခဲ့ဘူးဆိုတာ အံ့သြနေတာ” လို့ Solihull Hospital မှ မော်ဂျာရီယာကပြောပါတယ်။ လူနာဟာ မျက်ကပ်မှန် တပ်နေတာ ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် ဆေးစစ်ဖို့တော့ပုံမှန်မသွားခဲ့ပါဘူး။ မျက်ကပ်မှန်တွေ ပျောက်နေတာကို သူက သိတောင်မသိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလိုတွေ့ရှိပြီးနောက် သူ့ရဲ့ ရေတိမ်ခွဲစိတ်မှု ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုခံယူဖို့အရေးကြီးတယ်လို့ မျက်စိ ဆရာဝန် တွေက တိုက်တွန်းနေပါတယ်။ မျက်ကပ်မှန်တွေကို အမြဲတပ်ထားပြီး သေချာဂရုစိုက် မစောင့်ကြည့်ဘူး၊ သတိမထားဘူးဆိုရင် အမြင်အာရုံ ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့မျက်စိရောဂါတွေဖြစ်လာတာ တွေ့နေရပါတယ်လို့ မော်ဂျာရီယာ ကပြောပါတယ်။
Facebook Comments

No comments