နေတိုးပြောပြတဲ့ အမှတ်တရဖြစ်စရာ အလွဲများ

Share:

မျက်နှာပူပြီး စကားမပြောရဲဘူး။အကယ်ဒမီနေတိုးကတော့လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရော ဗီဒီယို ဇာတ်ကားကြီးတွေကိုပါ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီးအနုပညာရှင်တစ်ယောက်အပေါ် ပရိသတ်တွေသိချင်တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်လေးတွေကို Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။
” လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကပေါ့ တချို့ သရုပ်ဆောင်တွေက ကျွန်တော် မိတ်ကပ်နဲ့ ပတ်သက်လို့ဝါသနာပါတာသိကြတော့ လိုအပ်ရင်လှမ်းမေးကြတယ်။ အဲ့ဒီထဲမှာ ကိုကြံ့ လည်းပါတယ်။ သူဇာတ်ကားတစ်ကားရိုက်စရာရှိတယ်တဲ့ ကာရိုက်တာအတွက် ပြင် ဆင်တဲ့တော့  ကော်လိုတယ်တဲ့ ဘာကော်နဲ့ကပ်မလဲပေါ့ ကြည်လဲကြည်ရမယ် ကပ်လဲကပ်ရမယ် ဆိုတော့ ကျွန်တော်ကပ်နေကြ ကော်ကလဲ မရှိတော့ဘူးဆိုတော့  လက်သည်းကပ်တဲ့ကော်ရှိတယ်လေ အဲ့ဒါလေးက ကြည်လဲကြည်တော့ပြောပြ လိုက်တာ နောက်နေ့ ကျတော့ သူခွာလို့မရတော့ဘူး။

အဲ့ဒီအရာကြီးက အက်ဆစ်အပျော့လေးပါမယ် ထင်တယ် အရာကြီးကျန်ခဲ့တာ ။ သူ့မှာနှုတ်ခမ်းမွှေးတပ်တဲ့အရာကြီးပါ အခုတော့ ပျောက်သွားလောက်ပါပြီ။ အဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်တော် သူ့ကိုမျက်နှာပူတယ်။ စကားမပြောရဲဘူး သူပြောပြတုန်းက အသားမှာလောင်သွားတယ်ခွာလို့မရဘူးလို့တော့ လာပြောပြတယ်။
နောက်တစ်ခုကတော့ ကိုနေပိုင်ရိုက်တဲ့ဇာတ်ကားမှာ ကိုမင်းမော်ကွန်းနဲ့  ၀တ်မှုံရွှေရည်ရိုက်တဲ့ ဇာတ်ကားပါ။ ၀တ်မှုံရွှေရည်က သရဲခြောက် ရမှာဆိုတော့ သရဲပုံစံဖြစ်အောင်လုပ်ချင်တယ်ပြောလို့ ရှုတင်ကလည်း ကျွန်တော့်အိမ်နဲ့လည်းနီးတဲ့အတွက် သွားပြင် ပေးတာပေါ့ ပထမကတော့ သူ့ရုပ်သူမကြည့်သေးဘူး နောက်တော့မှ မှန်ထောင်ကြည့်ပြီး ငိုပါလေရော အဲ့ဒါလေးကတော့ မှတ်မှတ် ရရ အလွဲလေးတွေ ရှိခဲ့ဖူးပါတယ်” လို့ နေတိုးက Duwun Media ကိုပြောပြခဲ့ပါတယ်။
Photo : နေတိုးဖေ့စ်ဘွတ်
Credit:Duwun

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...