ေက်ာင္းထိုင္ဆရာေတာ္စကား နာယူတဲ့ စည္းကမ္းရွိ ေခြးအေကာင္ ၂၀၀ ေက်ာ္အေၾကာင္း ႐ုပ္သံဖုိင္ဟာ အခုရက္ပိုင္းအတြင္း ထိုင္းလူမႈကြန္ရက္စာမ်က္ႏွာမွာ ေရပန္းစားေနပါတယ္။
Nattaya Ruenura အမည္ရွိ အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၁၁ ရက္ေန႔က ထိုင္းႏိုင္ငံေျမာက္ပိုင္း နခြန္းဆဝမ္ခ႐ုိင္ တာခလီၿမိဳ႕ ေခါင္ေစတီေက်ာင္းတိုက္ကို အလႉသြားလုပ္ေနတုန္း ေခြးအေကာင္ ၂၀၀ ေက်ာ္ဟာ အစာကို ညီညီညာညာ စားေနၾကတာေတြ႔လို႔ သေဘာက်ၿပီး ဗြီဒီယို႐ုိက္ကာ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္လိုက္တာပါ။
အဲဒီေခြးေတြဟာ အစာခ်ထားတာျမင္ေပမယ့္ ခ်က္ခ်င္းဝင္မစားဘဲ ဆရာေတာ္ အမိန္႔ေပးမွ ဝင္စားၾကေၾကာင္း၊ စားတဲ့အခါမွာလည္း တေကာင္နဲ႔တေကာင္ ရန္မျဖစ္ဘဲ စည္းကမ္းရွိရွိ စားၾကတယ္လို႔ ေဖ့စ္ဘြတ္ခ္အေကာင့္ပုိင္ရွင္က ေရးပါတယ္။
အဲဒီေနာက္ အမ္ထိုင္းသတင္းဌာနက ေက်ာင္းထိုင္ဆရာေတာ္ကို ဆက္သြယ္ေမးျမန္းရာမွာ ဆရာေတာ္က ဒီေခြးေတြဟာ လူေတြက မလိုခ်င္လို႔ ေက်ာင္းတိုက္နား လာစြန္႔ပစ္သြားတဲ့ ေခြးေတြျဖစ္ေၾကာင္း၊ ေခြးေတြရွိေနတာ ၾကာၿပီျဖစ္ၿပီး သူတို႔အတြက္ အစာခက္ခဲလို႔ အလႉရွင္ဖိတ္ေခၚ ေၾကညာခဲ့ဖူးေၾကာင္း၊ အစပိုင္းမွာ တခ်ိဳ႕က ေခြးေမြးစားဖို႔ လာေတာင္းသြားသလို ေခြးစာအတြက္ လာလႉၾကတာလည္းရွိေၾကာင္း၊ ဒါေပမယ့္ ခုေနာက္ပိုင္း လာမလႉေတာ့ အစာအခက္အခဲ ထပ္ျဖစ္ေနေၾကာင္း ေျပာသြားပါတယ္။
Unicode
ဆရာတော်စကား နာယူကြသည့် ခွေးအကောင် ၂၀၀ ကျော်ရုပ်သံ ရေပန်းစား
ကျောင်းထိုင်ဆရာတော်စကား နာယူတဲ့ စည်းကမ်းရှိ ခွေးအကောင် ၂၀၀ ကျော်အကြောင်း ရုပ်သံဖိုင်ဟာ အခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစားနေပါတယ်။
Nattaya Ruenura အမည်ရှိ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်းဆဝမ်ခရိုင် တာခလီမြို့ ခေါင်စေတီကျောင်းတိုက်ကို အလှူသွားလုပ်နေတုန်း ခွေးအကောင် ၂၀၀ ကျော်ဟာ အစာကို ညီညီညာညာ စားနေကြတာတွေ့လို့ သဘောကျပြီး ဗွီဒီယိုရိုက်ကာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ တင်လိုက်တာပါ။
အဲဒီခွေးတွေဟာ အစာချထားတာမြင်ပေမယ့် ချက်ချင်းဝင်မစားဘဲ ဆရာတော် အမိန့်ပေးမှ ဝင်စားကြကြောင်း၊ စားတဲ့အခါမှာလည်း တကောင်နဲ့တကောင် ရန်မဖြစ်ဘဲ စည်းကမ်းရှိရှိ စားကြတယ်လို့ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က ရေးပါတယ်။
အဲဒီနောက် အမ်ထိုင်းသတင်းဌာနက ကျောင်းထိုင်ဆရာတော်ကို ဆက်သွယ်မေးမြန်းရာမှာ ဆရာတော်က ဒီခွေးတွေဟာ လူတွေက မလိုချင်လို့ ကျောင်းတိုက်နား လာစွန့်ပစ်သွားတဲ့ ခွေးတွေဖြစ်ကြောင်း၊ ခွေးတွေရှိနေတာ ကြာပြီဖြစ်ပြီး သူတို့အတွက် အစာခက်ခဲလို့ အလှူရှင်ဖိတ်ခေါ် ကြေညာခဲ့ဖူးကြောင်း၊ အစပိုင်းမှာ တချို့က ခွေးမွေးစားဖို့ လာတောင်းသွားသလို ခွေးစာအတွက် လာလှူကြတာလည်းရှိကြောင်း၊ ဒါပေမယ့် ခုနောက်ပိုင်း လာမလှူတော့ အစာအခက်အခဲ ထပ်ဖြစ်နေကြောင်း ပြောသွားပါတယ်။
Crd: DVB

No comments