မိန်းမအမျိုးအစား (၁၀)မျိုး

Share:

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုသလို လူအမျိုးမျိုး ရှိကြတာတော့ အမှန်ပါပဲ။ သို့ပေမယ့် ထိုသို့သော လူအမျိုးမျိုးထဲကမှ ယေဘူယျအားဖြင့် ခွဲခြားထားတဲ့ အမျိုးအစားတွေထဲမှာ သင်ကဘယ်ထဲမှာ ပါဝင်နေမလည်းဆိုတာ လေ့လာကြည့်လိုက် ရအောင်ပါနော်။

၁။ ကြင်နာတတ်သူ

မိမိရင်ထဲက အချစ်တွေ၊ သံယောဇဉ်တွေကို ဂရုစိုက်မှုတွေ၊ ကြင်နာယုယမှုတွေနဲ့ ထုတ်ဖော်ပြသတတ်တဲ့ အမျိုးသမီးမျိုး ဖြစ်ပါတယ်။ ခင်ပွန်း၊ ချစ်သူကို တွေ့တာနဲ့ ပွေ့ဖက်ပြီး ယုယတတ်သလို အနမ်းလေးတွေနဲ့လည်း သူမအချစ်ကို ဖော်ပြ တတ်ပါသေးတယ်။
၂။ စိတ်လှုပ်ရှားလွယ်သူ
စိတ်လှုပ်ရှားလွယ်ပြီး တစ်စုံတစ်ခုအပေါ်မှာ ပြင်းပြတဲ့စိတ်ရှိတဲ့ အမျိုးသမီးတွေဟာ ၄င်းတို့နှစ်သက်တဲ့အရာကို ပြုလုပ် လေ့ရှိပြီး ပြုလုပ်ရတဲ့အရာကိုလည်း နှစ်သက်လေ့ရှိကြပါတယ်။ သူမဟာ သူမရဲ့အလုပ်အကိုင်၊ ၀ါသနာ စတာတွေကို စူးစူးနစ်နစ် ပြင်းပြင်းပြပြ ရှိတတ်ကြပါတယ်။ တာဝန်ယူရတဲ့ လုပ်ငန်းအပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားလေ့ရှိပြီး မောင်းနှင်မှုခွန်အား ပြင်းထန်စွာနဲ့လည်း အလုပ်တွေကို ပြီးစီးအောင် လုပ်ဆောင်နိုင်ကြပါတယ်။
၃။ ဂရုစိုက်တတ်သူ
သူတို့ပတ်ဝန်းကျင်က မည်သူ့ကိုမဆို ဂရုစိုက်တတ်တဲ့ အဆိုပါအမျိုးသမီးတွေဟာ သူမ ချစ်ခင်ရသူတွေအတွက်ဆို အမြဲ အသင့်ရှိနေတတ်ပြီး ဘယ်လိုအရာကိုမဆို နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေတတ်ကာ စိတ်ရှိလက်ရှိ ငိုကျွေးဖို့ ပုခုံးငှားတတ်သူတွေလည်း ဖြစ်ပါတယ်။ သူမဟာ အတုံ့အလှည့်အနေနဲ့ ဘာကိုမှမျှော်လင့်ပြီး မလိုချင်တတ်ပေမယ့် သူမ ချစ်ခင်ရသူတွေအတွက် ရင်ထဲ၊အသည်းထဲက လှိုက်လှိုက်လှဲလှဲ စေတနာနဲ့ ကောင်းစေချင်တဲ့ စိတ်သာ ရှိတတ်ကြကာ သူမ ဆန္ဒအတိုင်း တကယ်ဖြစ်ပေါ်လာတဲ့အခါမှာလည်း ရှေ့ဆုံးက လက်ခုပ်တီးပြီး မုဒိတာပွား အားပေးတတ်သူဖြစ်ပါတယ်။
၎။ ရဲရင့်သူ
ရဲရင့်ပြီး သတ္တိရှိတဲ့ အမျိုးသမီးတွေဟာ စိန်ခေါ်မှုတွေကို ရှာဖွေပြီး ရအောင်ကျော်ဖြတ်ဖို့ ကြိုးစားလေ့ရှိသူတွေ ဖြစ်ပါတယ်။ စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေကို ကြောက်လန့်နေမှာ မဟုတ်တဲ့ သူမဟာ ခြေလှမ်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ လှမ်းလျှောက်သွားတတ်ကြပါတယ်။
၅။ စေ့ဆော်မှုအားကောင်းသူ
စေ့ဆော်မှုအားကောင်းတဲ့ အမျိုးသမီးတွေဟာ အစီအစဉ်တွေ ချမှတ်ပြီး နေထိုင်လုပ်ကိုင်ရတာကို မနှစ်သက်ကြပါဘူး။ ဘ၀ကို လက်ရှိအခြေအနေအတိုင်း အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်ကြသူတွေ ဖြစ်ပါတယ်။ သူမဟာ ရှေ့ဆက်အနာဂတ် မှာ ဘာတွေဖြစ်မယ်၊ သူမ ကိုယ်တိုင်လည်း ဘာတွေလုပ်ရမယ်ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်စောင့်စားပြီး ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။
၆။ စိန်ခေါ်တတ်သူ
စိန်ခေါ်တတ်တဲ့ အမျိုးသမီးတွေဟာ သူမကိုယ်တိုင်အတွက်ရော အခြားမည်သူမဆိုအတွက်ပါ စိန်ခေါ်မှုတွေကို ရှာဖွေနေ တတ်ပြီး အဆုံးသတ်မှာ အောင်မြင်မလားဆိုတာကို စောင့်ကြည့်ရတာ နှစ်သက်သူတွေ ဖြစ်ပါတယ်။ ဘ၀ကို စိတ်ဝင်စား ဖွယ်ရာကောင်းနေအောင် သူမကိုယ်တိုင်ကိုရော၊ အခြားသူတွေကိုပါ အချိန်ပြည့် စမ်းသပ်နေတတ်သူ ဖြစ်ပါတယ်။
၇။ အစီအစဉ်ချတတ်သူ
အဆိုပါ အမျိုးသမီးတွေဟာ အစီအစဉ်ချရာမှာ အလွန်ကျွမ်းကျင်ကောင်းမွန်ကြပြီး သူမ အစီအစဉ်ချထားတဲ့အတိုင်းပဲ စနစ်တကျ ဖြစ်ပျက်သွားတာမျိုးကို နှစ်သက်သူ ဖြစ်ပါတယ်။ အစီအစဉ်ချမှတ်ခြင်းဟာ ဘ၀လမ်းကို ထိန်းကျောင်းတည့် မတ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်တဲ့အတွက် ယင်းအမျိုးသမီးတွေဟာ ဘ၀မှာ ထိပ်ဆုံးက အမြဲရပ်တည်နေနိုင်ကြ ပါတယ်။
၈။ စိတ်အေးလက်အေးနေတတ်သူ
စိတ်အေးလက်အေးသမားတွေဟာ ပုံမှန်ဖြစ်ပျက်နေကျအတိုင်းပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်ကြပါတယ်။ သူတို့ဟာ ဘ၀ကို စည်းကမ်းတွေ၊ ဘောင်တွေ အများကြီး ချမှတ်နေထိုင်ရတာ မနှစ်သက်ကြသလို မည်သည့်အကြောင်းကိုမှလည်း လေးလေးပင်ပင် မစဉ်းစားချင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘ၀ကို အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး သွားချင်သူတွေ ဖြစ်ပါတယ်။
၉။ ချစ်တတ်သူ
သူမရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို အလွယ်တကူ ချစ်ခင်တတ်ပြီး ထိုချစ်ခြင်းကိုလည်း ထုတ်ဖော်ပြသ တတ်သူတွေ ဖြစ်ပါတယ်။ သူမဟာ မည်သည့်အရာကိုမှ အကြာကြီး ဖမ်းဆုပ်ထားတတ်သူ မဟုတ်ဘဲ သူမအနားမှာရှိတဲ့ အခြားသော သူတွေရဲ့ သူမအပေါ် ဂရုစိုက်ချစ်ခင်မှုနဲ့ ပြန်လည်ဖာထေးကာ ကျေနပ်နေတတ်သူ ဖြစ်ပါတယ်။
၁၀။ ကြိုးစားသူ
အလုပ်ကြိုးစားတဲ့ အမျိုးသမီးတွေဟာ အံ့သြစရာကောင်းလောက်စွာ စွမ်းဆောင်ရည် မြင့်မားပြီး အောင်မြင်ကြသူတွေ ဖြစ်ကာ သူမလုပ်ကိုင်တဲ့ ဘယ်အရာကိုမဆို ပြင်းပြတဲ့စိတ်နဲ့ စူးနစ်စွာ အာရုံစိုက်တတ်ကြပါတယ်။ သူမဟာ အလွန် စည်းကမ်းကြီးပြီး ဘယ်အချိန်မှာ ဘယ်လိုပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်ရမယ်ဆိုတာ သိရှိသူ ဖြစ်ပါတယ်။
Nilar (shwemom)

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...