လုိင္းေပၚမွာ နာမည္ၾကီးသထက္ၾကီးေနတဲ႔ အတြဲရဲ႕ ေနာက္ဆက္တြဲ
အေနာက္နိုင္ငံေတြမွာ Living Together ယဥ္ေက်းမႈဆိုတာ
လက္မထပ္ခင္အတူေနတာဘဲ
အတူေနတယ္ဆိုတာ အိမ္တစ္အိမ္ထဲ တိုက္ခန္းတစ္ခုထဲ
မနက္ကေန ညအထိ
တစ္ေန႕တာလံုး နွစ္ေယာက္သားအတူတူ
ျဖတ္သန္းၾကတာဘဲ
အခ်ိန္ကာလအားျဖင့္လည္းတစ္ပတ္နဲ႕ တစ္ပတ္အထက္ေပါ့
သူတို႕ရဲ႕ Living Together ဆိုတာ
ျမန္မာနိုင္ငံအေနနဲ႕ ေျပာရရင္ သံုးနွစ္သံုးမိုး ေစာင့္ၾကည့္တဲ႕စနစ္နဲ႕တူတူရယ္ပါ
လက္မထပ္ခင္မွာ ကိုယ္နဲ႕အဆင္ေျပမေျပ
ကိုယ့္မိသားစုနဲ႕ အဆင္ေျပမေျပ
ကိုယ့္စရိုက္ သူ႕စရိုက္ ေျပမေျပ
ျပီးေတာ့ သူတို႕စီမွာ ပိုသြားတာက
sex ပါ အေပးအယူမွ်မမွ်ေပါ့
တစ္နည္းအားျဖင့္ေျပာရရင္ အိမ္ေထာင္အေသးကေလးျပဳလိုက္တာဘဲ
အိမ္ေထာင္အစမ္းျပဳလိုက္တာဘဲ
sex တစ္ခုတည္းအတြက္ရယ္ ဆိုတာထက္
တစ္ဘဝလံုးနီးစပ္နိုင္ဖို႕ အနီးကပ္ေလ့လာတယ္ဆိုတဲ႕ပံုစံရယ္ပါ
ျမန္မာနိုင္ငံက sleeping together
ဒါကိုေျပာမယ္ျပင္ေတာ့ ဒီ Page အစေလာက္တုန္းက
တစ္ေယာက္နဲ႕ ပိုးစိုးပက္စက္ျငင္းခဲ႕ရတာေလးသတိ
ရတယ္
သူက living together ေနတာဘာျဖစ္လဲ
ကိုယ္က အျမင္က်ဥ္းတယ္ေပါ့
အတူေနတာဘာျဖစ္လဲေပါ့
လက္မထပ္ခင္ သူ႕အေၾကာင္းသိ
ကိုယ့္အေၾကာင္းသိ Living together ေနသင့္တယ္ေပါ့
ၾကားလူေတြက ဘာမွပါစရာမလိုဘူးေပါ့
ကြ်န္ေတာ္ျမင္တာက်တစ္မ်ိဳး
ဒီနိုင္ငံမွာ sex ကိစၥေတာင္းတယ္ဆိုတာ
တစ္ဘဝလံုးအတြက္ အဆင္ေျပမေျပ ၾကည့္ခ်င္တာမိ်ဳးမဟုတ္ဘူး
အပ်ိဳစင္ဆိုတာကို စားသံုးခ်င္တာ
မိန္းကေလးတစ္ေယာက္ရဲ႕ အပ်ိဳစင္ဘဝကို
ပထမဆံုး (ရိုင္းရိုင္းေျပာရရင္) ပါကင္ေဖာက္ခ်င္တာ
ဒါဘဲ
အေၾကာင္းျပခ်က္ေတြက
လုပ္စားေနတဲ႕မိန္းကေလးေတြထက္သန္႕တယ္
ေရာဂါမရွိနိုင္ေသးဘူး
စိတ္ပါတိုင္းပိုက္ဆံမကုန္ပဲအလကားလုပ္လို ့ရတယ္
ေနာက္တစ္ခုကေတာ့ ေျပာမေကာင္းလို႕ ခ်န္လွပ္ထားခဲ႕တယ္
ဘယ္မွာလဲ လက္ထပ္ျပီးရင္ အဆင္ေျပမေျပေလ့လာတယ္ဆိုတာ
လံုးဝမရွိဘူး
လိင္ကိစၥအာသာေျဖရံုသက္သက္ပဲ
ျပီးေတာ့ အခ်ိန္ကာလအားျဖင့္လည္း
ခ်ိန္းထားတဲ႕အခ်ိန္ေလးအတြင္း
ဒါမွမဟုတ္ ခရီးသေဘာမ်ိဳးလိုက္သြားတယ္ဆို
အဲ႕အခ်ိန္ကာလအတြင္းမွာသာ အတူေနျဖစ္ျပီး
အနာဂတ္အတြက္ အတူေနဖို႕ အဆင္ေျပမေျပ
ညိွႏိႈင္းေနတာမ်ိဳးမရွိ
ဒါ့အျပင္ ျမန္မာနိုင္ငံက မိန္းကေလးေတြဟာ
ေပ်ာ့ညံ႕တယ္
ကိုယ့္အပ်ိဳစင္ဘဝကို ေပးခဲ႕တဲ႕လူဆီမွာဘဲ
Virgin အျပင္ ဘဝပါပံုအပ္လိုက္တာ
အဲ႕ေတာ့ နိုင္ကြက္ၾကီးတစ္ကြက္ရသြားသလိုဘဲ
အမိုက္ရိုင္းဆံုး ၾကံဳခဲ႕တဲ႕ case နွစ္ခုကိုေျပာရရင္
ကိုယ့္ခ်စ္သူကို ေဝစားမွ်စားဆိုျပီး လူ ရွစ္ေယာက္ေလာက္နဲ႕
Group sex လုပ္ခိုင္းတာမ်ိဳး
ကိုယ့္ သူငယ္ခ်င္းနဲ႕ sex အတင္းလုပ္ခိုင္းတာမ်ိဳး
ဘယ္နဲ႕ဗ်ာ
ကြ်န္ေတာ္ဆို ကြ်န္ေတာ့္ေကာင္မေလးကို စိုက္ၾကည့္တဲ႕ေကာင္ရွိေနရင္ေတာင္ ေဒါသကထြက္ျပီး
သြားထိုးခ်င္ေနတဲ႕ေကာင္
အေပၚက case ေတြၾကားေနတဲ႕အခ်ိန္မွာ
လက္ပါ ဆတ္ဆတ္တုန္တဲ႕အထိ ေဒါသေတြထြက္လာတယ္
ဒါ့အျပင္ sex education မရွိေတာ့ ကိုယ္ဝန္ရလာတာတစ္မ်ိဳး
သူေသာက္ခိုင္းတဲ႕ေဆးေတြ ေသာက္ေသာက္ေနတာ
သမီး ရာသီလာတာ ဘယ္လိုမွအဆင္မေျပေတာ့ဘူး ဆိုတာက တစ္ဖံု
အမ်ားၾကီးဘဲ
တကယ္မေနာက္ဘူး
အရင္ကသိသာသိေပမယ့္
ဒီေလာက္မဆိုးဘူးထင္ေနတာ
ျမန္မာျပည္မွာတကယ့္ လူယုတ္မာေအာက္တန္းစား
ေကာင္ေတြေတြမနည္းဘူး…
မင္းေကာ ေယာက်ာ္းေလးမဟုတ္ဘူးလားေပါ့
ကိုယ္လည္းေယာက်ာ္းေလးပါ
သို႕ေသာ္
မိန္းကေလးေတြရဲ႕ ဘဝကိုိစားသံုးနိုင္မွ
ေယာက်ား္ေကာင္းလား
ဥပေဒရဲ႕ အာဏာစက္ေအာက္ မေရာက္လိုက္တဲ႕
ျပသနာေတြအမ်ားႀကီးဆိုတာခုမွ ေကာင္းေကာင္း
သိေနရတယ္
ဘာဘဲျဖစ္ျဖစ္ပါ
ျမန္မာနိုင္ငံမွာ Sleeping Together ဆိုတဲ႕ယဥ္ေက်းမႈတစ္ခုကေတာ့ အထိုင္က်ေနခဲ႕ျပီ
ကိုယ့္ဥာဏ္နဲ႕ကိုယ္သာ ေစာင့္ထိန္းပါေတာ့ ညီမငယ္တို႕
အစ္မတို႕ေရ။
Credit – Min Htet Lwin
==========
အနောက်နိုင်ငံတွေမှာ Living Together ယဉ်ကျေးမှုဆိုတာ
လက်မထပ်ခင်အတူနေတာဘဲ
အတူနေတယ်ဆိုတာ အိမ်တစ်အိမ်ထဲ တိုက်ခန်းတစ်ခုထဲ
မနက်ကနေ ညအထိ
တစ်နေ့တာလုံး နှစ်ယောက်သားအတူတူ
ဖြတ်သန်းကြတာဘဲ
အချိန်ကာလအားဖြင့်လည်းတစ်ပတ်နဲ့ တစ်ပတ်အထက်ပေါ့
သူတို့ရဲ့ Living Together ဆိုတာ
မြန်မာနိုင်ငံအနေနဲ့ ပြောရရင် သုံးနှစ်သုံးမိုး စောင့်ကြည့်တဲ့စနစ်နဲ့တူတူရယ်ပါ
လက်မထပ်ခင်မှာ ကိုယ်နဲ့အဆင်ပြေမပြေ
ကိုယ့်မိသားစုနဲ့ အဆင်ပြေမပြေ
ကိုယ့်စရိုက် သူ့စရိုက် ပြေမပြေ
ပြီးတော့ သူတို့စီမှာ ပိုသွားတာက
sex ပါ အပေးအယူမျှမမျှပေါ့
တစ်နည်းအားဖြင့်ပြောရရင် အိမ်ထောင်အသေးကလေးပြုလိုက်တာဘဲ
အိမ်ထောင်အစမ်းပြုလိုက်တာဘဲ
sex တစ်ခုတည်းအတွက်ရယ် ဆိုတာထက်
တစ်ဘဝလုံးနီးစပ်နိုင်ဖို့ အနီးကပ်လေ့လာတယ်ဆိုတဲ့ပုံစံရယ်ပါ
မြန်မာနိုင်ငံက sleeping together
ဒါကိုပြောမယ်ပြင်တော့ ဒီ Page အစလောက်တုန်းက
တစ်ယောက်နဲ့ ပိုးစိုးပက်စက်ငြင်းခဲ့ရတာလေးသတိ
ရတယ်
သူက living together နေတာဘာဖြစ်လဲ
ကိုယ်က အမြင်ကျဉ်းတယ်ပေါ့
အတူနေတာဘာဖြစ်လဲပေါ့
လက်မထပ်ခင် သူ့အကြောင်းသိ
ကိုယ့်အကြောင်းသိ Living together နေသင့်တယ်ပေါ့
ကြားလူတွေက ဘာမှပါစရာမလိုဘူးပေါ့
ကျွန်တော်မြင်တာကျတစ်မျိုး
ဒီနိုင်ငံမှာ sex ကိစ္စတောင်းတယ်ဆိုတာ
တစ်ဘဝလုံးအတွက် အဆင်ပြေမပြေ ကြည့်ချင်တာမျိုးမဟုတ်ဘူး
အပျိုစင်ဆိုတာကို စားသုံးချင်တာ
မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို
ပထမဆုံး (ရိုင်းရိုင်းပြောရရင်) ပါကင်ဖောက်ချင်တာ
ဒါဘဲ
အကြောင်းပြချက်တွေက
လုပ်စားနေတဲ့မိန်းကလေးတွေထက်သန့်တယ်
ရောဂါမရှိနိုင်သေးဘူး
စိတ်ပါတိုင်းပိုက်ဆံမကုန်ပဲအလကားလုပ်လို ့ရတယ်
နောက်တစ်ခုကတော့ ပြောမကောင်းလို့ ချန်လှပ်ထားခဲ့တယ်
ဘယ်မှာလဲ လက်ထပ်ပြီးရင် အဆင်ပြေမပြေလေ့လာတယ်ဆိုတာ
လုံးဝမရှိဘူး
လိင်ကိစ္စအာသာဖြေရုံသက်သက်ပဲ
ပြီးတော့ အချိန်ကာလအားဖြင့်လည်း
ချိန်းထားတဲ့အချိန်လေးအတွင်း
ဒါမှမဟုတ် ခရီးသဘောမျိုးလိုက်သွားတယ်ဆို
အဲ့အချိန်ကာလအတွင်းမှာသာ အတူနေဖြစ်ပြီး
အနာဂတ်အတွက် အတူနေဖို့ အဆင်ပြေမပြေ
ညှိနှိုင်းနေတာမျိုးမရှိ
ဒါ့အပြင် မြန်မာနိုင်ငံက မိန်းကလေးတွေဟာ
ပျော့ညံ့တယ်
ကိုယ့်အပျိုစင်ဘဝကို ပေးခဲ့တဲ့လူဆီမှာဘဲ
Virgin အပြင် ဘဝပါပုံအပ်လိုက်တာ
အဲ့တော့ နိုင်ကွက်ကြီးတစ်ကွက်ရသွားသလိုဘဲ
အမိုက်ရိုင်းဆုံး ကြုံခဲ့တဲ့ case နှစ်ခုကိုပြောရရင်
ကိုယ့်ချစ်သူကို ဝေစားမျှစားဆိုပြီး လူ ရှစ်ယောက်လောက်နဲ့
Group sex လုပ်ခိုင်းတာမျိုး
ကိုယ့် သူငယ်ချင်းနဲ့ sex အတင်းလုပ်ခိုင်းတာမျိုး
ဘယ်နဲ့ဗျာ
ကျွန်တော်ဆို ကျွန်တော့်ကောင်မလေးကို စိုက်ကြည့်တဲ့ကောင်ရှိနေရင်တောင် ဒေါသကထွက်ပြီး
သွားထိုးချင်နေတဲ့ကောင်
အပေါ်က case တွေကြားနေတဲ့အချိန်မှာ
လက်ပါ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသတွေထွက်လာတယ်
ဒါ့အပြင် sex education မရှိတော့ ကိုယ်ဝန်ရလာတာတစ်မျိုး
သူသောက်ခိုင်းတဲ့ဆေးတွေ သောက်သောက်နေတာ
သမီး ရာသီလာတာ ဘယ်လိုမှအဆင်မပြေတော့ဘူး ဆိုတာက တစ်ဖုံ
အများကြီးဘဲ
တကယ်မနောက်ဘူး
အရင်ကသိသာသိပေမယ့်
ဒီလောက်မဆိုးဘူးထင်နေတာ
မြန်မာပြည်မှာတကယ့် လူယုတ်မာအောက်တန်းစား
ကောင်တွေတွေမနည်းဘူး…
မင်းကော ယောကျာ်းလေးမဟုတ်ဘူးလားပေါ့
ကိုယ်လည်းယောကျာ်းလေးပါ
သို့သော်
မိန်းကလေးတွေရဲ့ ဘဝကိိုစားသုံးနိုင်မှ
ယောကျား်ကောင်းလား
ဥပဒေရဲ့ အာဏာစက်အောက် မရောက်လိုက်တဲ့
ပြသနာတွေအများကြီးဆိုတာခုမှ ကောင်းကောင်း
သိနေရတယ်
ဘာဘဲဖြစ်ဖြစ်ပါ
မြန်မာနိုင်ငံမှာ Sleeping Together ဆိုတဲ့ယဉ်ကျေးမှုတစ်ခုကတော့ အထိုင်ကျနေခဲ့ပြီ
ကိုယ့်ဉာဏ်နဲ့ကိုယ်သာ စောင့်ထိန်းပါတော့ ညီမငယ်တို့
အစ်မတို့ရေ။
Credit – Min Htet Lwin

No comments