ပြည်သူကိုချစ် ရင် ပြည်သူ ကလည်းချစ်ပါတယ်

Share:

သည်ရဲ တပ်ဖွဲ့ဝင် လေးကို မှတ်မိ ကြမယ် ထင်ပါတယ်
ခင်ဗျာ …

မူးယစ်တရားခံပြေးကို သူ့အသက်ကိုမငဲ့ကွက်ပဲ ပြည်သူ လူထူ အကူအညီ နှင့် အရအမိ ပြည်လည်ဖမ်းဆီး ခဲ့တဲ့  မန္တလေးမြို့ ၆၇ / ၆၈ ကြား လမ်း ၃၀ တိုင်းအရန် တပ် ခွဲ က ဒုတပ်ကြပ် စိုင်းမျိုးထက်ပါ …

အဲ့ နေ့သူ ပြောခဲ့တဲ့ စကားတွေ

အရင်ခေတ်က ရဲ မဟုတ်ဘူးကွ ဆိုတဲ့ စကားရယ်

ပြည်သူတွေ ကူညီလို့ ဒီတရားခံကို ဖမ်းမိတာပါဆိုပြီး
ဝိုင်းဝန်းဖမ်းဆီး ပေးတဲ့ ပြည်သူတွေကို လက်အုပ်လေးချီ ဒူးလေးထောက်ပြီး ထိုင်ကန်တော့နေတဲ့ ပုံရိပ်လေး
တွေ မှတ်မိကြမယ် ထင်ပါရဲ့ …

ဖြစ်ခြင်တော့  အဲ့နေ့က တရားခံ ကို ဖမ်းရင်း
သူ့တယ်လီဖုန်းလေး ကျပြောက် နေရစ်တာကို တက်လာတဲ့ ဗီဒီယို ဖိုင် ထဲ တွေ့ ရပြီး ရန်ကုန်က မင်္ဂလာပါ ပရဟိတ အဖွဲ့က ညီလေး Zay Yar Tun က တစ်ဆင့်
အလှူ ရှင်တစ်ဦးမှနေပြီး ဒီညီလေး စိုင်းမျိုးထက်
ပျောက်ဆုံးသွားတဲ့ ဟန်းဆက်အတွက် အသစ်တစ်လုံး
ဝယ်ယူပြီး ဂုဏ်ပြုချင်ပါတယ် … အကူအညီပေးပါလို့
ကမ်းလှမ်းလာတဲ့ အတွက်

ဒီနေ့ ၁၇.၇ .၂၀၁၇ နေ့မနက်မှာ စိုင်းမျိုးထက်နေထိုင်
ရာ ၆၇ / ၆၈ ကြား လမ်း ၃၀ တိုင်းအရန် တပ်ခွဲအထိ
လိုက်သွားပြီး ငွေကျပ် ၃၀၉၀၀၀ တန်ဘိုး ရှိ ဟန်းဆက် အသစ် တစ်လုံးကို အလှူ ရှင်ကိုယ်စား ရဲဒုတက
စိုင်းမျိုးထက်ကို ဂုဏ်ပြု ခြီး မြှင့် ခဲ့ပါတယ် ခင်ဗျာ …

တန်ဘိုးက ၃၀၉၀၀၀ ဆိုပေမဲ့ စေတနာ မေတ္တာတွေက တော့ တန်ဘိုးဖြတ် လို့ ရနိုင်မယ် မထင်ပါဘူးနော့ …

ဒီ အဖြစ်အပျက်လေးက ဘာကို ပြသလည်း ဆိုရင်
နိုင်ငံဝန်ထမ်း တွေ အနေ နှင့် ပြည်သူကိုချစ်ကြပါ …
ပြည်သူတွေကလည်း သန့်ရှင်းစစ်မှန်ပြီး ဘာအကျိုးကိုမှမမျှော်ကိုးပဲ စေတနာ မေတ္တာမိုးတွေ ရွာသွန်းဖြိုး ဖို့ အဆင်သင့် ရှိနေကြပါ တယ်ဆိုတာပြသလိုက်သလိုပါပဲ လို့ ဆိုရင် ကျွန်တော် မလွန်ဘူးထင်ပါတယ်နော့်။

မေတ္တာဖြင့်
ကိုစိုး မနောကြာဖြူ  မန္တလေး ၀၉ ၄၃၀၉၉၆၆၀

Credit...ZM

Credit

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...