အရုပ်မထက်သာလွန်တဲ့ ဥာဏ်ရည်မြင့်အရုပ်များကို စတင်ရောင်းချတော့မယ့် စပိန်သိပ္ပံပညာရှင်

Share:

မျက်မှောက်ခေတ်မှာ Sexအရုပ်တွေပေါ်လာပြီး နိုင်ငံအနှံ့အပြားမှာ ဝေဖန်မှုတွေမြင့်တက်နေပေမယ့် စပိန်နိုင်ငံက သိပ္ပံ
ပညာရှင်ဖြစ်သူ Sergi Santosကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ အရုပ်မထက် ခံစားမှုပိုကောင်းတဲ့ Sexစက်ရုပ်ကို
ဈေးကွက်ထဲ စတင်ရောင်းချတော့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
စပိန်သိပ္ပံပညာရှင် Sergi Santosက sexစက်ရုပ်တစ်ရုပ်ကို ပေါင်(၁၅၀၀)ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ
မြို့မှာနေထိုင်တဲ့ Sergi Santosဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက Samanthaလို့ခေါ်တဲ့ Sex စက်ရုပ်မကို တီထွင်ခဲ့ပြီး
လူမြင်ကွင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
အဆိုပါ Samanthaလို့ခေါ်တဲ့ Sex စက်ရုပ်မကို လူတို့ဥာဏ်ရည်အတိုင်း ကွန်ပြူတာနဲ့စီစဉ်တုပထားပြီး လူသားတို့ရဲ့ ဆန္ဒကို အထွဋ်အထိပ်ရောက်စေတဲ့ G-Spot နည်းပညာတွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ Samanthaရဲ့ ပါးစပ်၊ ပုခုံး၊
တင်ပါးတို့မှာ လှုပ်ရှားနိုင်တဲ့ နောက်ဆုံးပေါ်ခေတ်မီ ဆင်ဆာတွေထည့်သွားထားပြီး အပြန်အလှန် Kissလည်း လုပ်နိုင်
တယ်လို့ သိရပါတယ်။။
Sergi Santosက ”လူတွေက Sexအရုပ်တွေ၊ စက်ရုပ်တွေပေါ်လာတာဟာ လူမှုပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့
ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုတီထွင်မှုတွေ မလုပ်ဘူးဆိုရင် ကောင်းတဲ့လက္ခဏာဖြစ်ဖို့ အခွင့်အရေးတစ်
ခုလွတ်သွားမှာဖြစ်ပါတယ်။ ခင်ဗျားမှာ အရုပ်တစ်ရုပ်ရှိမယ်ဆိုရင် အဲဒီအရုပ် သက်ရှိလူသားအတွက် ခင်ဗျားကို ဆိုးရွားမှု
တွေပေးမှာမဟုတ်ပါဘူး။ sexအရုပ်၊ စက်ရုပ်တွေပေါ်လာလို့ လူသားတွေ အချင်းချင်း ဆက်ဆံဖို့ ပြတ်သွားကြမလား
ဆိုတာတော့ ကျွန်တော်အတိအကျမသိပါဘူး။ ဒါပေမယ့် ရေရှည်မှာတော့ ဖြစ်နိုင်ပါတယ်”ဟုပြောခဲ့ပါတယ်။

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...