အိမ္ေထာင္ေရးတြင္ ေရွာင္ရွားႏိုင္ရန္

Share:

၁။ လူေရွ႕သူေရွ႕ မေရွာင္

အိမ္ေထာက္ဘက္ကို အျပစ္တင္ျခင္း

***************************
လင္နဲ႔မယား လွ်ာနဲ႔သြားပါ။

အိမ္ေထာင္သက္ ရလာတာနဲ႔ အမ်ွ အထစ္အေငွာ့ေလးေတာ့ ရိွတတ္ၾကပါတယ္။ လူေရွ႕သူေရွ႕ မေရွာင္ တဘက္သားကို

အျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရန္ပြဲ ျဖစ္လာမွာပါ။ အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏို္င္တဲ့ အျပင္

မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို ျဖစ္သြားတတ္ပါတယ္။

ေနာက္ဆံုးက်ရင္ ဘယ္သူမွ အေလွ်ာ့ ေပးလို႔ မရတဲ့ အေနအထား ေရာက္သြားတတ္ၿပီး ခက္ခဲသြားပါတယ္။ ဒါေၾကာင္မို႔လို႔ လင္မယား မွတ္ထားရ မွာက မည္သူရဲ႕ေရွ႕မွာမဆို အိမ္ေထာက္ဘက္ကို အျပစ္တင္မိတာမ်ဳိး လံုး၀ေရွာင္ၾကင္ပါ။ လက္၀ါးတဘက္ ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး။

.

၂။ သားသမီး ေရွ႕မွာ ရန္ျဖစ္ျခင္း

.*******************
မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ျဖစ္သလို

ခုိလံုရာ လည္းျဖစ္ပါတယ္။ လင္မယားႏွစ္ေယာက္

ျပႆနာ တစ္ခုခု ရိွခဲ့ရင္ သားသမီးကို ေရွာင္ပါ။

လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥပါ။

မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕

အတြင္းစိတ္ကို ထိခုိက္သြားႏိုင္သလို သူတို႔ရဲ႕ အနာဂတ္

အိမ္ေထာင္ေရး အေပၚထားရိွတဲ့ စိတ္ထား ကိုပါ

ထိခုိက္ႏိုင္ပါတယ္။ တကယ္လို႔ သားသမီးမ်ားဟာ

အိမ္မွာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင္

ေနာင္မ်ိဳးဆက္တစ္ခုလံုးကို ထိခိုက္သြားေစႏိုင္ပါတယ္။

.

၃။ အိမ္ေထာင္ဘက္ ေနမေကာင္းတဲ့အခါ ရန္ျဖစ္ျခင္း

***************************
အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္

စိတ္ဓါတ္က်ၿပီး စိတ္္ဆိုးလြယ္တတ္ေလ့ရိွပါတယ္။

အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကို

လံုး၀ထိခုိက္သြားႏိုင္ပါတယ္။

.

၄။ အနာေဟာင္း ျပန္ေဖာ္ျခင္း

*********************
ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ဳိး

လံုး၀ေရွာင္ၾကင္သင့္ပါတယ္။ မမွားတဲ့ေရွ႕ေန မေသတဲ့ေဆးသမား

ဆိုသလို လူတိုင္းကိုယ္စီ တစ္ခုခု မွား ဖူးတတ္ၾကစၿမဲပါ။

အနာေဟာင္းကို လက္ကိုင္တုတ္အျဖစ္ ခဏခဏ

ထုတ္သံုးရင္ေတာ့ အဲဒီအိမ္ေထာင္ေရး

ျပန္အဆင္ေျပဖို႔ ခက္ခဲသြားတတ္ပါတယ္။
၅။ အိမ္ေထာင္ဘက္ ၏ မိဘနဲ႔ အိမ္သားမ်ားကို

ထိခိုက္ေစေသာ စကားမ်ား

**************************************
ရန္ျဖစ္တယ္ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာမတူႏုိင္လို႔ ျဖစ္ပါတယ္။ အဲဒီကိစၥ

အေပၚသာ အေခ်အတင္ ျငင္းခုန္သင့္ပါတယ္။

အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ဳိး၊

ထိခိုက္ေစတဲ့ စကားမ်ဳိး လံုး၀ေရွာင္ၾကင္ရမွာပါ။

.

၆။ ပစၥည္းလြင့္ပစ္တတ္တဲ့ အက်င့္

************************
ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံက

က်ယ္ေလွာင္ၿပီးသား၊ ပစၥည္းလြင့္ပစ္တဲ့ အသံ၊ ခုန္ထု တဲ့အသံ၊ ပစၥည္းက်ကြဲသြားတဲ့အသံ ေတြနဲ႔ ေရာသြားရင္ ပြဲအမ်ားႀကီး ပိုၾကမ္းသြားတတ္ပါတယ္။ ခ်စ္လို႔ယူထားၾကတာပဲ၊

ပစၥည္းလြင့္ပစ္လို႔ က်ကြဲတယ္ဆိုတာ ႏွလံုးသားက် ကြဲတာနဲ႕

တူတတ္ပါတယ္။

.

၇။ စိတ္နာေစတဲ့ စကားအသံုးအႏူန္းမ်ား

***************************
စိတ္ဆိုးေအာင္လုပ္လို႔ ရတယ္။ စိတ္နာေအာင္မလုပ္ၾကပါနဲ႕၊

စိတ္နာေစတဲ့ စကားမ်ဳိး လံုး၀ေရွာင္ၾကင္သင့္ပါတယ္။ “ ရွင္ကိုအားကိုးလို႔ေတာ့ သူေတာင္းစားပဲျဖစ္သြားမွာ၊ သူမ်ားေယာ့က်ၤားေတြၾကည့္ ပိုက္ဆံရွာဘယ္ေလာက္ေတာ္လဲ၊

ရွင္နဲ႕တစ္ စက္ကေလးမွ မတူဘူး ”

စတဲ့စကားမ်ဳိး ကို မေျပာဆိုရပါ။

.

၈။ ေသတာနဲ႕ ခ်ိန္းေျခာက္ျခင္း

********************
ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊

ငါအသက္မရွင္ခ်င္ေတာ့ဘူး ၊ ငါမင္းကို ေသျပမယ္

စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ဳိး

လံုး၀ေရွာင္ၾကင္သင့္ပါတယ္။

.

၉။ လက္ပါ ျခင္း

**************
ဘယ္ေလာက္ပဲ စိတ္ဆိုးစိတ္ဆိုး ကိုယ့္လက္ ကို

လံုး၀ ထိန္းထားရပါမယ္။ တစ္ခ်က္ရိုက္မိသြားရင္

ခ်စ္ခဲ့သမ်ွ အတိုးေရာ အရင္းပါ ဆံုးရံူးသြားႏိုင္ပါတယ္။

ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါ။

.

၁၀။ ကြဲမယ္ ဆိုတဲ့စကား အလြယ္တကူသံုးျခင္း

*******************************
ဘယ္သူပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္

ဆိုတဲ့စိတ္ မ်ဳိး ၀င္တတ္ပါတယ္။ ကြဲမယ္ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ ျဖစ္တတ္ပါတယ္။

ေနာက္ဆံုး ေျပာခ်င္တာကေတာ့ ရန္မျဖစ္တာ အေကာင္းဆံုးပါ။ အခ်စ္ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔

အမ်ွရင္ခုန္တာေတြ ဓါတ္လိုက္တာေတြ တျဖည္းျဖည္း

ေပ်ာက္ကြယ္သြားေပမဲ့ တစ္ဦးအေပၚတစ္ဦး ဆက္ၿပီးတန္ဖိုးထားေနေသးျခင္းကို ဆိုလိုပါေၾကာင္း

တင္ျပလိုက္ရပါတယ္။

.

Forward Mail မွ

.

Si Thu Hein.
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
အိမ္ေထာင္ေရး သက္တမ္း ခိုင္ျမဲေအာင္

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
၁။ အျပန္အလွန္ ေလးစားပါ
ခင္ပြန္းကလည္း ဇနီးျဖစ္သူကို ေလးစားပါ။ ဇနီးကလည္း ခင္ပြန္းကို ေလးစားပါ။ ထိုသို႔ အျပန္အလွန္ ေလးစားျခင္းဟာ အိမ္ေထာင္းေရး အတြက္ အေျခခံ အုတ္ျမစ္တစ္ခု ဆိုလည္း မွားမယ္ မထင္ပါ။
၂။ ယံုၾကည္မူ
ဘာမွ မဟုတ္တဲ့ ကိစၥေလာက္ကိုပင္ မယံုမၾကည္ မေတြးသင့္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ယံုၾကည္မူ ထားရိွျခင္းအားျဖင့္ အေတာ္အတန္ ျပႆနာမ်ားကို ေျဖရွင္းနိုင္ပါလိမ့္မယ္။
၃။ အနစ္နာခံျခင္း
ခင္ပြန္း အတြက္ ဇနီးသည္က အနစ္နာခံ သလို ဇနီးအတြက္လည္း ခင္ပြန္းက အနစ္နာ ခံေပးပါ။ ထိုသို႔ မဟုတ္ ဘယ္သူ သာတယ္ ဘယ္သူ နာတယ္လို႔ ေတြးေတာေနရင္ေတာ့ မေကာင္းပါ။
၄။ မိမိတာဝန္ မိမိေက်ပြန္ပါေစ
ခင္ပြန္းမွာလည္း ခင္ပြန္း တာဝန္ယူထားတဲ့ တာဝန္ ရိွသလို ဇနီးမွာလည္း ဇနီးသည္ တာဝန္ယူတဲ့ ကိစၥ တာဝန္ေတြ ရိွၾကပါတယ္။ ထိုတာဝန္ေတြကို နွစ္ေယာက္လံုး ေက်ပြန္ၾကပါေစ။
၅။ ေမတၱာစစ္နဲ႔ ခ်စ္ပါ
ခ်စ္ျခင္း ေမတၱာကေတာ့ က်ယ္ျပန္႔ပါတယ္။ မိမိ၏ အိမ္ေထာင္ဖက္ အေပၚ ခ်စ္မွသာ အိမ္ေထာင္ေရးက ေရရွည္ခိုင္ျမဲမွာ ျဖစ္ပါတယ္။ ထိသို႔ မဟုတ္ဘဲ ခ်စ္ျခင္း ေမတၱာ မရိွတဲ့ အိမ္ေထာင္ေရး ဆိုတာ ေရရွည္ခိုင္ျမဲဖို႔ဆိုတာ

ခက္ခဲပါတယ္။
ေက်ာ္လင္းႏိုင္(႐ိုးရာေလး)

အိမ်ထောင်ရေးတွင် ရှောင်ရှားနိုင်ရန်

****************************
၁။ လူရှေ့သူရှေ့ မရှောင်

အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း

***************************
လင်နဲ့မယား လျှာနဲ့သွားပါ။

အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကို

အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်

မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။

နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။

.

၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း

.*******************
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို

ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက်

ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။

လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။

မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့

အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ်

အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ

ထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာ

အိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင်

နောင်မျိုးဆက်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။

.

၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း

***************************
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်

စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။

အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို

လုံးဝထိခိုက်သွားနိုင်ပါတယ်။

.

၄။ အနာဟောင်း ပြန်ဖော်ခြင်း

*********************
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး

လုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမား

ဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြစမြဲပါ။

အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏ

ထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေး

ပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။
၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို

ထိခိုက်စေသော စကားများ

**************************************
ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စ

အပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။

အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊

ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။

.

၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်

************************
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက

ကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ ချစ်လို့ယူထားကြတာပဲ၊

ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့

တူတတ်ပါတယ်။

.

၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ

***************************
စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊

စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။ “ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့ကျၤားတွေကြည့် ပိုက်ဆံရှာဘယ်လောက်တော်လဲ၊

ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ”

စတဲ့စကားမျိုး ကို မပြောဆိုရပါ။

.

၈။ သေတာနဲ့ ချိန်းခြောက်ခြင်း

********************
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊

ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ်

စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး

လုံးဝရှောင်ကြင်သင့်ပါတယ်။

.

၉။ လက်ပါ ခြင်း

**************
ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက် ကို

လုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်

ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။

ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။

.

၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း

*******************************
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်

ဆိုတဲ့စိတ် မျိုး ဝင်တတ်ပါတယ်။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့

အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်း

ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း

တင်ပြလိုက်ရပါတယ်။

.

Forward Mail မှ

.

Si Thu Hein.
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲအောင်

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
၁။ အပြန်အလှန် လေးစားပါ
ခင်ပွန်းကလည်း ဇနီးဖြစ်သူကို လေးစားပါ။ ဇနီးကလည်း ခင်ပွန်းကို လေးစားပါ။ ထိုသို့ အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်းရေး အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါ။
၂။ ယုံကြည်မူ
ဘာမှ မဟုတ်တဲ့ ကိစ္စလောက်ကိုပင် မယုံမကြည် မတွေးသင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မူ ထားရှိခြင်းအားဖြင့် အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
၃။ အနစ်နာခံခြင်း
ခင်ပွန်း အတွက် ဇနီးသည်က အနစ်နာခံ သလို ဇနီးအတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ထိုသို့ မဟုတ် ဘယ်သူ သာတယ် ဘယ်သူ နာတယ်လို့ တွေးတောနေရင်တော့ မကောင်းပါ။
၄။ မိမိတာဝန် မိမိကျေပွန်ပါစေ
ခင်ပွန်းမှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးမှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ထိုတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။
၅။ မေတ္တာစစ်နဲ့ ချစ်ပါ
ချစ်ခြင်း မေတ္တာကတော့ ကျယ်ပြန့်ပါတယ်။ မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲမှာ ဖြစ်ပါတယ်။ ထိသို့ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ ရေရှည်ခိုင်မြဲဖို့ဆိုတာ

ခက်ခဲပါတယ်။
ကျော်လင်းနိုင်(ရိုးရာလေး)

No comments

Featured post

၂၄ နာရီအတြင္း ၄၂ခါအာသာေျဖခ့ဲမႉေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးေသဆုံး

လိင္အာသာေျဖျခင္းဆိုတာ အမ်ိဳးသားမ်ားအတြက္ ပုံမွန္သဘာဝပဲျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ိဳေဖာ္ဝင္ခါစ အမ်ိဳးသားမ်ား ဟိုမုန္းေျပာင္းလဲမွုေၾကာင့္ လိင...