မိန်းမအယောင်ဆောင်ပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ အိုင်အက်တစ်ဦး မုတ်ဆိတ်မရိတ်ခဲ့သဖြင့်ဖမ်းမိ

Share:

အိုင်အက်စ် တိုက်ခိုက်ရေးသမား ဂျီဟဒ်ဒစ်တစ်ဦးဟာ အခြေအနေ မဟန်သောကြောင့် မိန်းမလျာဟန်ဆောင်ပြီး မိုဆူးလ်မြို့မှ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့်သူဟာ ရင်ဘတ်မွေးများနှင့် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများ မရိတ်ခဲ့သောကြောင့် ဖမ်းမိခဲ့သည်။

 မိုလ်ဆူးမြို့ကို အီရတ်တပ်များ သိမ်းပိုက်လာသဖြင့် သူရဲ့ခံတပ်မှ ထွက်ပြေးဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့် သူ့ရဲ့အစီအစဉ်က မပီပြင်ခဲ့ပေ။

မျက်နှာတစ်ခုလုံးတွင် မိတ်ကပ်များ အသေးစိပ်လိမ်းခြယ်ကာ၊ အမျိုးသမီးအဝတ်အစားဝတ်ခဲ့သော်လည်း မုတ်ဆိတ်ရိတ်ဖို့မေ့ခဲ့သည်။

အီရတ်စစ်တပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံအရ အမျိုးသမီးဟာ ပေါင်ဒါများ ထူနေအောင် ပုတ်ထားတာတွေ့ရသည်။ မျက်ခုံးများ၊ နှုတ်ခမ်းများတွင်လည်း ခြယ်သထားသည်။ ခုလိုမိန်းမဟန်၊ မိန်းမလျာဟန်ဆောင်ကာ ထွက်ပြေးဖို့ ကြိုးစားမှုမှာ သည်တစ်ကြိမ်တည်း မဟုတ်ပဲ အရင်ကလည်း ရှိခဲ့သည်။

တစ်ချိန်က စည်ကားခဲ့သော မိုလ်ဆူးမြို့ဟာ ခုတော့ မြို့ပျက်ကြီးတစ်ခုအဖြစ် ဖုန်များအလိန်းလိန်း တက်နေသည်။ မြို့ရဲ့ နေရာအများစုကို အီရတ်စစ်တပ်က သိမ်းပိုက်ပြီး ဖြစ်သည်။

ဂျူလိုင် ၈ ရက်နေ့ထိ နောက်ဆုံးပတ်အတွင်း ဗုံးကျဲတိုက်ခိုက်မှုအတွင်း အဆောက်အဦး ၅၀၀၀ ခန့်ပျက်စီးခဲ့သည် ဟု ကုလသမဂ္ဂက ဂြိုဟ်တုဓာတ်ပုံများဖြင့် ပြောသည်။

တစ်မြို့လုံးအတိုင်းအတာဖြင့် စစ်ပွဲအတွင်း အဆောက်အဦး ၁၀၀၀၀ ကျော်ပျက်စီးပြီး မြို့အရှေ့ပိုင်းတွင် အများစုဖြစ်သည်။ 
PannPwint
ref-Dailymail








ZAWGYI VERSION







PannPwint
ref-Dailymail

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...