အသက္ငယ္ငယ္နဲ႔ လိင္အေတြ႔အၾကံဳရွိၾကသူေတြမွာ က်န္းမာေရးအရ ဘာေတြထူးျခားသလဲ။ ေယဘုယ် အေရးပါလွ တာေတြသာ ေရးပါမယ္။ ကေလးအရြယ္ ကိုယ္တိုင္အလြဲသံုးစားမႈလို႔လည္းေခၚတယ္။
ဖါသာအာသာေျဖမႈ ကိုေတာ့ ပံုမွန္စာရင္းထဲထည့္ပါတယ္။ အေဖၚပါလာျပီဆိုရင္ မူမမွန္တာေတြဆက္ျဖစ္လာႏိုင္တယ္။ ေနာက္ကာလမွာ အႏုတ္သေဘာေဆာင္တာေတြ ျဖစ္လာစရာရွိမယ္။
အသက္ငယ္ငယ္ေလးမွာ လိင္အေတြ႔အၾကံဳရွိသူမွာ အရြယ္ၾကီးသူေတြကေန တလြဲအသံုးခ်တာခံရတတ္တယ္။ အရွက္ ရေစႏိုင္တယ္။ လူမႈေရးအျပစ္နဲ႔ ဥပေဒအရအျပစ္ေပးခံရႏိုင္တယ္။ အဓမၼျပဳက်င့္ခံရတာ၊ အမ်ိဳးခ်င္းျဖစ္တာေတြနဲ႔ ဆက္ စပ္ေနႏိုင္တယ္။ ေနာက္ကာလမွာ လိင္ပိုင္းဆိုင္ရာအလုပ္ခ်ိဳ႕ယြင္းတာျဖစ္လာႏိုင္တယ္။
အရွက္ရမႈ၊ စိုးရိမ္စိတ္၊ တားျမစ္ခံရျခင္း၊ ေနာင္တတရားေတြကေန လိင္ပိုင္းဆိုင္ရာဖြံျဖိဳးမႈကို သက္ေရာက္ႏိုင္တယ္။ သင့္ေတာ္တဲ့ဆက္ဆံေရး (အိမ္ေထာင္ျပဳျခင္း) ကို အေႏွာင့္အယွက္ျပဳခံရမယ္။ သူမ်ားကေန ယံုၾကည္မႈနည္းတာနဲ႔ တန္ဘိုးထားမႈနည္းတာေတြ ခံရႏိုင္တယ္။
က်န္းမာေရးျပႆနာေတြလည္းရွိတယ္။ သားအိမ္ကင္ဆာ အျဖစ္မ်ားတယ္။ လိင္ကတဆင့္ကူးစက္ေရာဂါေတြ အျဖစ္ မ်ားတယ္။ ဆယ္ေက်ာ္သက္လိင္မႈဆိုတာ တခ်ိဳ႕ႏိုင္ငံေတြမွာ အမ်ိဳးသားေရးက်န္းမာေရးျပႆနာတခုျဖစ္ေနတယ္။ ယူအက္စ္ေအမွာ အျဖစ္နည္းလာတာေတြ႔ရတယ္။
၁၉၉၇ စစ္တမ္းအရ အေမရိကန္အထက္တန္းေက်ာင္းသားေတြမွာ ၄၈% လိင္မႈျပဳမူတာ ေတြ႔ရတယ္။ ေန႔စဥ္ အဲလိုကေ လး ၈ဝဝဝ မွာ လိင္ကတဆင့္ကူးစက္ေရာဂါတခုခု ကူးစက္ခံေနၾကရတယ္။ တႏွစ္မွာ ၃ သန္းရွိတယ္။
၂ဝဝဝ ခုႏွစ္တုန္းက အေမရိကန္ဆယ္ေက်ာ္သက္ (၁၈ ႏွစ္ေအာက္) ၂၄ဝဝဝဝ ေယာက္ကေန ကေလး ေမြးခဲ့ၾကတယ္။ သူတို႔ထဲကအမ်ားစုဟာ လက္မထပ္ၾကရေသးပါ။ တာရွည္မွာ ဝင္ေငြနည္းၾကသူေတြနဲ႔ လူမႈဖူလံုေရး အေထာက္အပံ့ယူရ သူေတြ ျဖစ္လာၾကတယ္။
စိတ္ပိုင္းဆိုင္ရာနဲ႔ စိတ္လႈပ္ရွားမႈဆိုင္ရာျပႆနာေတြလည္းရွိၾကတယ္။ ေပ်ာ္ရႊင္မႈနည္းတာနဲ႔ စိတ္ဓါတ္က်ျခင္းေတြ ျဖစ္ တယ္။ ကိုယ့္ကိုယ္ကိုသတ္ေသဖို႔ၾကိဳးစားမႈလည္း ပိုမ်ားတယ္။ လူမႈေရးအခက္အခဲေတြ ပိုမ်ားၾကတယ္။ ရင္းစားျပန္မရေ တာ့တဲ့ ေနာင္တတရားကို ေသတပန္သက္တဆံုး ခံစားေနၾကသူမ်ားတယ္။
အသက္ငယ္ငယ္ေလးနဲ႔ လိင္မႈျပဳမယ္လို႔မဆံုးျဖတ္မီမွာ မိဘ၊ ေဆြမ်ိဳး၊ ဆရာမ၊ ဆရာဝန္၊ သူနာျပဳ၊ ယံုၾကည္ရသူေတြနဲ႔ အရင္တိုင္ပင္သင့္တယ္။ မရေတာ့ဘူး ဆက္လုပ္မယ္ဆိုရင္ ကိုယ္ဝန္တားနည္းကို စနစ္တက် ေလ့လာအသံုးျပဳရမယ္။ လိင္ကတဆင့္ကူးစက္ေရာဂါေတြကို သိထားရမယ္။ ၾကိဳတင္ကာကြယ္ထားရမယ္။
အသက္ငယ္ငယ္နဲ႔ အေတြ႔အၾကံဳရွိၾကတာကို ဘယ္လိုကာကြယ္မလည္း။ ခက္တယ္။ တနည္းတည္းမရပါ။ ပညာေပးမႈကို နည္းအစံုနဲ႔လုပ္ရမယ္။ ေခတ္အရေပၚလာတဲ့ နည္းပညာအသံုးအေဆာင္ေတြမွာလည္း နည္းလမ္းေတြရွာရမယ္။
လူမႈေရး ထိန္းေၾကာင္းတာ၊ ပညာေရးမွာသင္ၾကားေပးတာ၊ တရားဥပေဒအရတားျမစ္အေရးယူတာ၊ (စစ္မွန္လက္ခံႏို င္ တဲ့) ဘာသာေရးအရ လမ္းညႊန္ေပးမႈ၊ မေတာ္ေလာဘစီးပြါးေရးလုပ္ငန္းေတြကို တားျမစ္အေရးယူတာ၊ အားလံုးလိုတယ္။ အစဥ္အလာယဥ္ေက်းမႈ ထိန္းသိမ္းကာကြယ္ဖို႔က အေရးအပါဆံုးျဖစ္ပါတယ္။
Credit to ေဒါက္တာတင့္ေဆြ
Unicode
အသက်ငယ်ငယ်နဲ့ လိင်အတွေ့အကြုံရှိကြသူတွေမှာ ကျန်းမာရေးအရ ဘာတွေထူးခြားသလဲ။ ယေဘုယျ အရေးပါလှ တာတွေသာ ရေးပါမယ်။ ကလေးအရွယ် ကိုယ်တိုင်အလွဲသုံးစားမှုလို့လည်းခေါ်တယ်။
အသက်ငယ်ငယ်နဲ့ လိင်အတွေ့အကြုံရှိကြသူတွေမှာ ကျန်းမာရေးအရ ဘာတွေထူးခြားသလဲ။ ယေဘုယျ အရေးပါလှ တာတွေသာ ရေးပါမယ်။ ကလေးအရွယ် ကိုယ်တိုင်အလွဲသုံးစားမှုလို့လည်းခေါ်တယ်။
ဖါသာအာသာဖြေမှု ကိုတော့ ပုံမှန်စာရင်းထဲထည့်ပါတယ်။ အဖေါ်ပါလာပြီဆိုရင် မူမမှန်တာတွေဆက်ဖြစ်လာနိုင်တယ်။ နောက်ကာလမှာ အနုတ်သဘောဆောင်တာတွေ ဖြစ်လာစရာရှိမယ်။
အသက်ငယ်ငယ်လေးမှာ လိင်အတွေ့အကြုံရှိသူမှာ အရွယ်ကြီးသူတွေကနေ တလွဲအသုံးချတာခံရတတ်တယ်။ အရှက် ရစေနိုင်တယ်။ လူမှုရေးအပြစ်နဲ့ ဥပဒေအရအပြစ်ပေးခံရနိုင်တယ်။ အဓမ္မပြုကျင့်ခံရတာ၊ အမျိုးချင်းဖြစ်တာတွေနဲ့ ဆက် စပ်နေနိုင်တယ်။ နောက်ကာလမှာ လိင်ပိုင်းဆိုင်ရာအလုပ်ချို့ယွင်းတာဖြစ်လာနိုင်တယ်။
အရှက်ရမှု၊ စိုးရိမ်စိတ်၊ တားမြစ်ခံရခြင်း၊ နောင်တတရားတွေကနေ လိင်ပိုင်းဆိုင်ရာဖွံဖြိုးမှုကို သက်ရောက်နိုင်တယ်။ သင့်တော်တဲ့ဆက်ဆံရေး (အိမ်ထောင်ပြုခြင်း) ကို အနှောင့်အယှက်ပြုခံရမယ်။ သူများကနေ ယုံကြည်မှုနည်းတာနဲ့ တန်ဘိုးထားမှုနည်းတာတွေ ခံရနိုင်တယ်။
ကျန်းမာရေးပြဿနာတွေလည်းရှိတယ်။ သားအိမ်ကင်ဆာ အဖြစ်များတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေ အဖြစ် များတယ်။ ဆယ်ကျော်သက်လိင်မှုဆိုတာ တချို့နိုင်ငံတွေမှာ အမျိုးသားရေးကျန်းမာရေးပြဿနာတခုဖြစ်နေတယ်။ ယူအက်စ်အေမှာ အဖြစ်နည်းလာတာတွေ့ရတယ်။
၁၉၉၇ စစ်တမ်းအရ အမေရိကန်အထက်တန်းကျောင်းသားတွေမှာ ၄၈% လိင်မှုပြုမူတာ တွေ့ရတယ်။ နေ့စဉ် အဲလိုကေ လး ၈ဝဝဝ မှာ လိင်ကတဆင့်ကူးစက်ရောဂါတခုခု ကူးစက်ခံနေကြရတယ်။ တနှစ်မှာ ၃ သန်းရှိတယ်။
၂ဝဝဝ ခုနှစ်တုန်းက အမေရိကန်ဆယ်ကျော်သက် (၁၈ နှစ်အောက်) ၂၄ဝဝဝဝ ယောက်ကနေ ကလေး မွေးခဲ့ကြတယ်။ သူတို့ထဲကအများစုဟာ လက်မထပ်ကြရသေးပါ။ တာရှည်မှာ ဝင်ငွေနည်းကြသူတွေနဲ့ လူမှုဖူလုံရေး အထောက်အပံ့ယူရ သူတွေ ဖြစ်လာကြတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာပြဿနာတွေလည်းရှိကြတယ်။ ပျော်ရွှင်မှုနည်းတာနဲ့ စိတ်ဓါတ်ကျခြင်းတွေ ဖြစ် တယ်။ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားမှုလည်း ပိုများတယ်။ လူမှုရေးအခက်အခဲတွေ ပိုများကြတယ်။ ရင်းစားပြန်မရေ တာ့တဲ့ နောင်တတရားကို သေတပန်သက်တဆုံး ခံစားနေကြသူများတယ်။
အသက်ငယ်ငယ်လေးနဲ့ လိင်မှုပြုမယ်လို့မဆုံးဖြတ်မီမှာ မိဘ၊ ဆွေမျိုး၊ ဆရာမ၊ ဆရာဝန်၊ သူနာပြု၊ ယုံကြည်ရသူတွေနဲ့ အရင်တိုင်ပင်သင့်တယ်။ မရတော့ဘူး ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်တားနည်းကို စနစ်တကျ လေ့လာအသုံးပြုရမယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သိထားရမယ်။ ကြိုတင်ကာကွယ်ထားရမယ်။
အသက်ငယ်ငယ်နဲ့ အတွေ့အကြုံရှိကြတာကို ဘယ်လိုကာကွယ်မလည်း။ ခက်တယ်။ တနည်းတည်းမရပါ။ ပညာပေးမှုကို နည်းအစုံနဲ့လုပ်ရမယ်။ ခေတ်အရပေါ်လာတဲ့ နည်းပညာအသုံးအဆောင်တွေမှာလည်း နည်းလမ်းတွေရှာရမယ်။
လူမှုရေး ထိန်းကြောင်းတာ၊ ပညာရေးမှာသင်ကြားပေးတာ၊ တရားဥပဒေအရတားမြစ်အရေးယူတာ၊ (စစ်မှန်လက်ခံနို င် တဲ့) ဘာသာရေးအရ လမ်းညွှန်ပေးမှု၊ မတော်လောဘစီးပွါးရေးလုပ်ငန်းတွေကို တားမြစ်အရေးယူတာ၊ အားလုံးလိုတယ်။ အစဉ်အလာယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ဖို့က အရေးအပါဆုံးဖြစ်ပါတယ်။
Credit to ဒေါက်တာတင့်ဆွေ

No comments