ရန္ကင္းကေလးေဆး႐ံုႀကီးတြင္ တက္ေရာက္ကုသေနသည့္ H1 N1 သံသယလကၡဏာရွိ ကေလးႏွစ္ဦးအား ေရာဂါအတည္ျပဳႏုိင္ရန္ ဓာတ္ခြဲစမ္းသပ္မႈမ်ား လုပ္ေဆာင္ခဲ့ရာ စမ္းေခ်ာင္းၿမိဳ႔နယ္ေန အသက္ ၃ ႏွစ္အရြယ္ရွိ ကေလးတစ္ဦးတြင္ H1N1 ဗိုင္းရပ္စ္ပိုး ေတြ႔ရွိခဲ့ၿပီး ပဲခူးတိုင္း သကၠလၿမိဳ႔ေနသူ ကေလးလူနာ တစ္ဦးမွာ ရာသီေပၚတုပ္ေကြး အမ်ိဳးအစား H3N2 ဗိုင္းရပ္စ္ပိုး ေတြ႔ရွိၿပီး ယင္းကေလးငယ္တြင္ အဆုတ္ေရာဂါျဖစ္ပြားမႈ ရွိေနေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ အဆိုပါကေလး ႏွစ္ဦးစလံုးအား ရန္ကင္းကေလးေဆးရံုရွိ အထူးၾကပ္မတ္ ကုသေဆာင္တြင္ ကုသလ်က္ရွိေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး၊ ကုသေရး ဦးစီးဌာနမွဴး ေဒါက္တာ သာထြန္းေက်ာ္ထံမွ သိရွိရသည္။
ဇူလိုင္ ၂၅ ရက္ေန႔ထိ တစ္ႏိုင္ငံလံုး အေနျဖင့္ သံသယလူနာေပါင္း ၃၅ ဦးရွိသည့္အနက္ H1N1 Positive လူနာ ၁၇ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။
Credit – Eleven Media
==========
Unicode
ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် H1 N1 သံသယလက္ခဏာရှိ ကလေးနှစ်ဦးအား ရောဂါအတည်ပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရာ စမ်းချောင်းမြို့နယ်နေ အသက် ၃ နှစ်အရွယ်ရှိ ကလေးတစ်ဦးတွင် H1N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ပဲခူးတိုင်း သက္ကလမြို့နေသူ ကလေးလူနာ တစ်ဦးမှာ ရာသီပေါ်တုပ်ကွေး အမျိုးအစား H3N2 ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး ယင်းကလေးငယ်တွင် အဆုတ်ရောဂါဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါကလေး နှစ်ဦးစလုံးအား ရန်ကင်းကလေးဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်ထံမှ သိရှိရသည်။
ဇူလိုင် ၂၅ ရက်နေ့ထိ တစ်နိုင်ငံလုံး အနေဖြင့် သံသယလူနာပေါင်း ၃၅ ဦးရှိသည့်အနက် H1N1 Positive လူနာ ၁၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Credit – Eleven Media

No comments