လူထူထပ္တဲ့ေနရာ သြားတဲ့အခ်ိန္အတြက္ပဲေကာင္းၿပီး ေရာဂါကူးစက္ေန႔တဲ့သူနဲ႔ဆိုရင္ မကာကြယ္ႏိုင္ပါဘူး။
ျပည္တြင္းမွာ ထုတ္လုပ္ေရာင္းခ်ေနတဲ့ သာမန္ႏွာေခါင္းစည္း (Mask) ေတြက ရာသီတုပ္ေကြးေရာဂါ(H1N1) ျဖစ္ပြားကူးစက္မႈကို လံုလံုေလာက္ေလာက္ မကာကြယ္ေပးႏိုင္ဘူးလုိ႔ ရန္ကုန္တုိင္းေဒသႀကီး ကုသေရးဦးစီးမွဴး ေဒါက္တာ သာထြန္းေက်ာ္က ေျပာလိုက္ပါတယ္။
‘‘Mask ေတြ တပ္႐ံုနဲ႔တင္ မလံုေလာက္ဘူး။ အခု အျပင္မွာ ရွိတဲ့ Mask ေတြရဲ႕ေလဝင္ေပါက္ ေတြက အက်ယ္ႀကီးေတြ။ ဗိုင္းရပ္စ္က ေသးေသးေလးေတြဆို ေတာ့ ျဖတ္ဝင္သြားႏိုင္တယ္။ ေရာဂါပိုးမဝင္ႏိုင္တဲ့ Mask ေတြရွိ တယ္။ N95 လို႔ေခၚတယ္။ ဗိုင္းရပ္စ္ေသးေသးေလးေတြ ဝင္လို႔ မရဘူး။ တပ္ထားတဲ့သူေတြကို ၉၅ ရာခိုင္ႏႈန္းအထိ ကာကြယ္မႈ ေပးႏိုင္တယ္’’လို႔ ေဒါက္တာသာထြန္းေက်္က ေျပာပါတယ္။
ကမၻာ႔က်န္းမာေရးအဖြဲ႕က အသိအမွတ္ျပဳထားတဲ့ N95 က ျပည္ပကေန မွာယူတင္သြင္းေနရတဲ့ Mask ျဖစ္ၿပီး အစိုးရေဆး႐ံုေတြနဲ႔ ပုဂၢလိကေဆး႐ံုေတြမွာပဲ အသံုးျပဳေနရတာျဖစ္လို႔ ျပည္တြင္းေစ်းကြက္မွာ အလြယ္တကူဝယ္ယူလုိ႔ မရႏုိင္ဘူးလို႔ ဆိုပါတယ္။

ကမၻာ႔က်န္းမာေရးအဖြဲ႕ အသိအမွတ္ျပဳ N95 မ်က္ႏွာဖံုး။
‘‘ေစ်းကြက္မွာလည္း ဝယ္ရ ခက္တယ္။ ႐ိုး႐ိုး Mask က လူအံု ေနတဲ့ေနရာမွာ တပ္ထားရင္ေတာ့ အဆင္ေျပတယ္။ ကာကြယ္ေပး ႏိုင္တယ္။ တကယ့္လူနာနဲ႔ေတြ႕ တဲ့အခ်ိန္က်ရင္ေတာ့ ကာကြယ္မ ေပးႏုိင္ဘူး။ အဓိကလူနာကို တပ္ ေပးထားဖို႔ လိုတယ္။ ဒါဆိုရင္ လူနာဆီက ေရာဂါပိုးေတြ မထြက္ လာေတာ့ဘူး’’လုိ႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာဝင္းလြင္က ေျပာပါတယ္။
ေလာေလာဆယ္မွာေတာ့ အစိုးရေဆး႐ံုေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ကူးစက္ေရာဂါ ျဖစ္ပြားႏိုင္တဲ့ လူနာေတြနဲ႔ လူနာ မိသားစုဝင္ေတြအတြက္ WHO အသိအမွတ္ျပဳ N95 Mask ေတြ မွာယူၿပီးတပ္ဆင္ေပးမယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္ထိ ရာသီတုပ္ေကြးေရာဂါ(H1N1) ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ ၁၃ ဦးအထိရွိထားၿပီး တစ္ဦးေသဆံုးထားပါတယ္။
Source : 7DayDaily
Photos : Alibaba,7DayDaily
Photos : Alibaba,7DayDaily
==========
Unicode
လူထူထပ်တဲ့နေရာ သွားတဲ့အချိန်အတွက်ပဲကောင်းပြီး ရောဂါကူးစက်နေ့တဲ့သူနဲ့ဆိုရင် မကာကွယ်နိုင်ပါဘူး။
ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ သာမန်နှာခေါင်းစည်း (Mask) တွေက ရာသီတုပ်ကွေးရောဂါ(H1N1) ဖြစ်ပွားကူးစက်မှုကို လုံလုံလောက်လောက် မကာကွယ်ပေးနိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာ သာထွန်းကျော်က ပြောလိုက်ပါတယ်။
‘‘Mask တွေ တပ်ရုံနဲ့တင် မလုံလောက်ဘူး။ အခု အပြင်မှာ ရှိတဲ့ Mask တွေရဲ့လေဝင်ပေါက် တွေက အကျယ်ကြီးတွေ။ ဗိုင်းရပ်စ်က သေးသေးလေးတွေဆို တော့ ဖြတ်ဝင်သွားနိုင်တယ်။ ရောဂါပိုးမဝင်နိုင်တဲ့ Mask တွေရှိ တယ်။ N95 လို့ခေါ်တယ်။ ဗိုင်းရပ်စ်သေးသေးလေးတွေ ဝင်လို့ မရဘူး။ တပ်ထားတဲ့သူတွေကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်တယ်’’လို့ ဒေါက်တာသာထွန်းကျေ်က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ N95 က ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ Mask ဖြစ်ပြီး အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာပဲ အသုံးပြုနေရတာဖြစ်လို့ ပြည်တွင်းစျေးကွက်မှာ အလွယ်တကူဝယ်ယူလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
‘‘စျေးကွက်မှာလည်း ဝယ်ရ ခက်တယ်။ ရိုးရိုး Mask က လူအုံ နေတဲ့နေရာမှာ တပ်ထားရင်တော့ အဆင်ပြေတယ်။ ကာကွယ်ပေး နိုင်တယ်။ တကယ့်လူနာနဲ့တွေ့ တဲ့အချိန်ကျရင်တော့ ကာကွယ်မ ပေးနိုင်ဘူး။ အဓိကလူနာကို တပ် ပေးထားဖို့ လိုတယ်။ ဒါဆိုရင် လူနာဆီက ရောဂါပိုးတွေ မထွက် လာတော့ဘူး’’လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောပါတယ်။
လောလောဆယ်မှာတော့ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကူးစက်ရောဂါ ဖြစ်ပွားနိုင်တဲ့ လူနာတွေနဲ့ လူနာ မိသားစုဝင်တွေအတွက် WHO အသိအမှတ်ပြု N95 Mask တွေ မှာယူပြီးတပ်ဆင်ပေးမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ရာသီတုပ်ကွေးရောဂါ(H1N1) ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၃ ဦးအထိရှိထားပြီး တစ်ဦးသေဆုံးထားပါတယ်။
Source : 7DayDaily
Photos : Alibaba,7DayDaily
Photos : Alibaba,7DayDaily

No comments