ဆင်းရဲသားကောင်လေးဘ၀ကနေ ကျော်ကြားတဲ့ Kpop Idol ဖြစ်လာသူ

Share:

ဒီတစ်ခါမှတော့ ဆင်းရဲတဲ့ကောင်လေးတစ်ယောက် ဘ၀ကနေ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် kpop idol ဖြစ်လာသူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူ့ရဲ့မူလဘ၀ကတော့ နှလုံးသားကြေကွဲဖွယ် အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီ kpop idol ကတော့ တခြားသူမဟုတ်ပါဘူး။ Big Bang အဖွဲ့ဝင် Taeyang ပဲ ဖြစ်ပါတယ်။

Itf8zfjiupcggo2jtzwn
Taeyang ဟာ သူခြောက်တန်းအရွယ်လောက်က တောင်ကိုရီးယားမှာ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီအချိန်တုန်းက သူတို့မိသားစုဟာ လူတိုင်းထမင်းနပ်မှန်အောင် ၀၀လင်လင် မစားနိုင်ခဲ့ပါဘူး။ Taeyang အသက် ၁၃ နှစ်အရွယ်ရောက်တော့ ရုန်းကန်နေရတဲ့ သူ့မိသားစုကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Kgycakfjvxjs7vg851e3
မိသားစုကို ဆင်းရဲတွင်းက ကယ်တင်ဖို့ Taeyang ဟာ အနုပညာလောကထဲဝင်ရောက်ဖို့ ဆုံးဖြတ်ပြီး ဆိုးလ်ကို သွားရောက်ခဲ့ပါတယ်။ သူဟာ အဲဒီအချိန်က နာမည်ရနေတဲ့ Hip Hop Duo တစ်ခုရဲ့ တေးဂီတဗီဒီယိုမှာ အခန်းအနည်းငယ် ပါဝင်သရုပ်ဆောင်ရဖို့ စတင်တည်ထောင်ကာစ အင်တာတိတ်မန့်ကုမ္ပဏီတစ်ခုဖြစ်တဲ့ YG Entertainment မှာ ၀င်ရောက်စစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

Gdlubch8zqevmz8dxnys
"ကျွန်တော် ငယ်ငယ်လေးကတည်းက ဂီတကိုချစ်တယ်။ ဒါပေမယ့် အရမ်းရှက်တတ်လို့ ချစ်ကြောင်း မဖော်ပြခဲ့ဘူး။ လေးတန်းလောက်က အိမ်က ငွေကြေးမတတ်နိုင်လို့ အဒေါ်အိမ်ကို ပို့ပြီး ၀မ်းကွဲညီအစ်ကိုနဲ့အတူ သရုပ်ဆောင်အကယ်ဒမီ တက်ခဲ့တယ်။ အင်တာတိတ်မန့် အသစ်တစ်ခုကနေ တေးဂီတဗီဒီယိုအတွက် ရပ်ပါအငယ်လေးတွေ ခေါ်တဲ့အခါ ၀င်ရောက်စစ်ဆေးခံခဲ့ပြီး အရွေးခံခဲ့ရတယ်။ အဲဒီကစပြီး hiphop နဲ့ပထမဆုံးအကြိမ်ထိတွေ့ခဲ့ရပြီး အဲဒီအင်တာတိတ်မန့်မှာပဲ သင်တန်းသားတစ်ယောက် ဖြစ်လာခဲ့တယ်" လို့် Taeyang က သူ့ဂီတလမ်းကြောင်းအစကို ပြောပြပါတယ်။ 
D7002opgvw9fwac0szjm
Taeyang ဟာ အဆိုပါ ဟစ်ဟော့ပ်ဗီဒီယိုမှာ ပါဝင်ပြီးတဲ့အခါ အဆိုတော်တစ်ယောက်အဖြစ် သူ့ကို လေ့ကျင့်သင်ကြားပေးဖို့ စီအီးအိုဆီကို တိုက်ရိုက်သွားပြီး တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ချစ်စရာကောင်းမှုကြောင့် စီအီးအိုက ချက်ခြင်းပဲ လက်ခံခဲ့ပါတယ်။

C1zcx5xg9vfackpwfgey
"တေးဂီတဗီဒီယိုကို ရိုက်ကူးလို့ပြီးသွားတော့ ကျွန်တော့်အရင်ဘ၀ကို ကျွန်တော် ပြန်သွားရတော့မယ်။ ကျွန်တော် အရင်ဘ၀ကို ပြန်မသွားချင်ဘူး။ အဲဒါနဲ့ စီအီးအိုဆီကိုသွားပြီး ကျွန်တော် အဆိုတော်ဖြစ်ချင်တယ်။ ကျွန်တော့်ကို ဒီမှာပဲ သင်ယူခွင့်ပြုပါလို့ သွားပြောခဲ့တယ်။ အဲဒါကို စီအီးအိုကလဲ အိုကေ လုပ်ကြတာပေါ့လို့ ပြောခဲ့တယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ ကျွန်တော့်ကို သဘောကျသွားတယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

Dblubuny91dwnmszy2ib
အင်တာတိတ်မန့် ကုမ္ပဏီတွေဟာ အဲဒီအချိန်တုန်းက စတူဒီယိုအသေးစားလေးမှာပဲ သင်ကြားပေးပြီး support လည်း အလွန်နည်းပါသေးတယ်။ သင်တန်းသားကာလမှာ သူ့လိုပဲ ရုန်းကန်နေရတဲ့ တခြားသင်တန်းသား လူငယ်တစ်ယောက်နဲ့တွေ့ပြီး သူတို့နှစ်ယောက်ဟာ ညီအစ်ကိုတွေလို ခင်မင်ခဲ့ကြပါတယ်။

G27fouxmpghbswo1cm6w
သူတို့နှစ်ယောက်ဟာ အသက်ရော ကုမ္ပဏီကိုဝင်ရောက်ချိန်ရော အတူတူဖြစ်ပြီး ဖျက်ဆီးလို့မရတဲ့ သံယောဇဉ်ကြိုးတစ်ခုကလည်း သူတို့နှစ်ယောက်ကို ချည်နှောင်ထားနိုင်ခဲ့ပါတယ်။ ကုမ္ပဏီမှာလဲ သူတို့နှစ်ယောက်ဟာ စူပါစတားဖြစ်လာမယ့်နှစ်ယောက်ဆိုပြီး နာမည်ကြီးလာပါတယ်။ 

C4xcsv86pu5wrxvvkkdv
"သူ့ကို ကုမ္ပဏီက မရွေးချယ်ခင်က underground ဟစ်ဟော့ပ်အဖွဲ့ တစ်ခုကပါ။ ကုမ္ပဏီမှာ သင်တန်းသားအတူတူ ဖြစ်လာတော့ တခါတလေ ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တယ်။ ဒါပေမယ့်မှာ ပြေးကြည့်မှ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတာ။ ကျွန်တော်တို့မှာ သာမန်ကျောင်းသားဘ၀ မရှိခဲ့ဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ ကလေးဘ၀မှတ်ဥာဏ်အကုန်လုံးက သူနဲ့အတူပဲရှိတယ်" လို့ Taeyang က ပြောပါတယ်။

S5cb1f10ycnhcl76eyxx
နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်နဲ့အတူ သင်ကြားဖို့ ရပ်ပါဖြစ်ချင်တဲ့ သင်တန်းသားတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူတို့သုံးယောက် အတူတကွ ကြိုးစားပြီး အအောင်မြင်ဆုံး Kpop အဖွဲ့တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့သုံးယောက်နဲ့အတူ နောက်ထပ် လူငယ်လေးနှစ်ယောက်နဲ့ပေါင်းပြီး ၂၀၀၆ ခုနှစ်မှာတော့ Big Bang အဖွဲ့အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

Hnefcewy9ckomhvzsppw
Taeyang ရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ တစ်ကမ္ဘာလုံးကသိတဲ့ G-Dragon ဖြစ်လာပြီး တတိယသင်တန်းသားကတော့ T.O.P ဖြစ်ပါတယ်။ Taeyang ဟာ ဒီနေ့လို အောင်မြင်လာဖို့ သင်တန်းသားဘ၀မှာ ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ရပြီး ခက်ခဲမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုကို နံပါတ်တစ် ထားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်မှုကို ရရှိအောင် မြဲမြဲမြံမြံ ကြိုးစားခဲ့တာကြောင့် ဘာမှမရှိတဲ့ ဆင်းရဲသားကောင်လေးဘ၀ကနေ ၂၀၁၇ မှာ Forbes မဂ္ဂဇင်းရဲ့စာရင်းမှာ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Oerfjzgtadlq6nx0m0va
သူဟာ Big Bang အဖွဲ့နဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်ထဲမှာပဲ ဒေါ်လာ ၃၀ မီလီယံ ၀င်ငွေရရှိခဲ့ပြီး တခြား ၀င်ငွေအများဆုံးရရှိတဲ့ ကမ္ဘာ့ထိပ်တန်း အနုပညာရှင်တွေနဲ့အတူ Forbes မဂ္ဂဇင်းရဲ့ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ Big Bang ရဲ့ Intro (Put Your Hands Up) ဟာ အဖွဲ့ရဲ့ပထမဦးဆုံး ဖျော်ဖြေတင်ဆက်မှုဖြစ်ပြီး သူတို့အတွက် သမိုင်းတစ်ခုစတင်ရာလဲ ဖြစ်ခဲ့ပါတယ်။

N79ld9d28qsiis5digai
မြတ်စုငြိမ်း (မိုမိုလေး) 
Ref : koreaboo



No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...