Password မလိုဘဲ ရွှေပန်းဖြင့် Login ၀င်နိုင်မယ့် Sex Webcam Website
Credit Digitaltime
လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများကို အွန်လိုင်းမှာ Live လွှင့်တဲ့ ဝက်ဆိုက်တစ်ခု ဖြစ်တဲ့ CamSoda က User များအတွက် ထူးခြားဆန်းသစ်တဲ့ Login နည်းလမ်းကို ပံ့ပိုးပေးလိုက်ပါတယ်။ အဲဒါကတော့ User များဟာ သူတို့ရဲ့ အကောင့်ထဲကို Login ဝင်ဖို့ Password မလိုဘဲ ရွှေပန်းကို ဓါတ်ပုံ ရိုက်၍ Upload လုပ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းလမ်းဟာ လက်ဗွေရာနဲ့ မျက်လုံး Authentication စနစ်များနဲ့ ဆင်တူပါတယ်။ သင့်ရဲ့ အကောင့်ကို Password အပြင် လုံခြုံရေး အလွှာတစ်ထပ်ဖြင့် ကာကွယ်ပေးထားတဲ့ Two-Step Authentication နည်းလမ်း ဖြစ်ပါတယ်။
CamSoda မှ သင့်ရဲ့ အကောင့်မှာ အရင်ဆုံး သင့်ရဲ့ ရွှေပန်းကို ဓါတ်ပုံဖြင့် မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်အကောင့်ကို Login ဝင်တဲ့အခါမှာ သင့်ရဲ့ ရွှေပန်း ဓါတ်ပုံကို Upload လုပ်ပေးရမှာ ဖြစ်ပါတယ်။ CamSoda ရဲ့ ဆော့ဖ်ဝဲက သင့် ရွှေပန်းရဲ့ အရွယ်အစား၊ အရောင်နဲ့ သွေးကြောများကို အာရုံခံ စစ်ဆေးပြီး တူညီမှသာ သင့်အကောင့်ထဲကို ပေးဝင်မှာ ဖြစ်ပါတယ်။
မာတောင့်နေတဲ့ ရွှေပန်းရဲ့ ဓါတ်ပုံဖြင့် မှတ်ပုံတင်ထားရမယ်လို့ ဝက်ဆိုက်က ပြောပါတယ်။ သူတို့ရဲ့ စနစ်ဟာ Penis Recognition Technology (PRT) ကို အခြေခံထားတာ ဖြစ်ပါတယ်။ “ ကိုယ်ရေးကိုယ်တာ ဒေတာများ လုံခြုံစေဖို့ Biometrics အာရုံခံ နည်းလမ်းများက အသုံးဝင်ပါတယ်။ ဒီနည်းလမ်းများက အခြားလူများ သင့်အကောင့်ကို အလွယ်တကူ ဝင်လို့ မရအောင် လုံခြုံရေး အလွှာတစ်ထပ်ဖြင့် ကာကွယ်ပေးပါတယ်။ “ လို့ CamSoda ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Darren Press က ပြောပါတယ်။ CamSoda က အမျိုးသမီးများအတွက်လည်း ဒီလိုနည်းပညာကို ဖန်တီးမယ်လို့ ပြောပါတယ်။
Credit Digitaltime


No comments