ရန်ကုန်မြို့၏ ရေကြီးရေလျှံမှုကို ရေစုပ်စက် (Pump) ဖြင့် စုပ်ထုတ်ရမည့် အခြေအနေမျိုးဖြစ်နေဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

Share:


ရန်ကုန်တိုင်း၏ ရေကြီးရေလျှံမှုအနေအထားမှာ ရေစုပ်စက် (Pump) ဖြင့် စုပ်ထုတ်ရမည့် အနေအထား မျိုးဖြစ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ရန်ကုန်မြို့၏ ရေကြီးရေလျှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကန်ဒေါ်လာ သန်းတစ်ရာ သုံးစွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် လေ့လာဆန်းစစ်မှုများကို ဆောင်ရွက်နေကြောင်း ၀န်ကြီးချူပ် က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၀ ရက်၊ ကုန်သည်စက်မှုအသင်းချုပ်တွင် အဋ္ဌမ အကြိမ် ပြုလုပ်သော နိုင်ငံတော်ဒုတိယသမ္ပတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်မြို့ရဲ့ရေကြီးရေလျှံမှုက ပန့်နဲ့ စုပ်ထုတ်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ လက်ရှိမှာ လေ့လာဆန်းစစ်မှုတွေ လုပ်နေတယ်။ ရေကြီးလာတဲ့အခါကျရင် ရေတံခါးတွေကို ပိတ်ပစ်ပြီး အဲဒီနေရာကနေ အပြင်ကို စက်တွေနဲ့ မောင်းထုတ်မှ ရနိုင်မယ်။ မြောင်းတွေရဲ့ရေ တွေအားလုံးဟာ စီးကျလာတဲ့ရေတွေကို ဆွဲထုတ်နိုင်တဲ့ အခြေအနေမရှိတဲ့အပြင်ကို အမှိုက်ကို စနစ်တကျ စွန့်ပစ်မှုမရှိတဲ့ အခြေအနေတစ်ခုကလည်း အပြောင်းအလဲတစ်ခုမှာ လာရှိနေခဲ့ပါတယ် ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့၌ ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေအနေများကို လွယ်လွယ်ကူကူဖြင့် ဆောင်ရွက်နိုင်သည့် အခြေအနေမဟုတ်သည့်အတွက် Plan တစ်ခု ကို စနစ်တကျပြင်ဆင်ပြီး ငွေကြေးအင်အားကို သုံးစွဲမှသာလျှင် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရခြင်းမှာ တစ် ချိန်က မျှော်မှန်းတည်ဆောက်ထားသည့် မြို့၏ အခြေအနေ နှင့် လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေ အခြေအနေများ သည် ကိုက်ညီမှုမရှိတော့သည့်အပြင် ရေကို သိုလှောင်နိုင်သည့် ကန်များ ဆုံးရှုံးသွားရသည့်အတွက် ရန်ကုန်မြို့ ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ရေကြီးမှုကို လျော့နည်းရန်အတွက် ရေနုတ်မြောင်း နှင့် ပလက်ဖောင်းများကို ပြုပြင်နိုင်ရန် ကြိုးစားလျက်ရှိပြီး ဆက်လက်၍ ရန်ကုန်မြို့၏ တိုးပွားနေသည့် လူဦးရေကို ဖြန့်ကျက်နိုင်ရန် နိုင်ရန် အတွက် မြို့သစ်စီမံကိန်းများကို လာမည့် ပွင့်လင်းရာသီတွင် စတင် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းတောက်

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...