
၎င်းကိစ္စနှင့်စပ်လျှင်း၍ နောက်နောင်အချိန်ကာလများတွင် ထိုကိစ္စနှင့် အလားတူ ကိစ္စရပ်များမဖြစ်စေရန်

Ref –
တက်တိုးအောင်
တက်တိုးအောင်
==========
Unicode
27.7.2017 ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်
သရက်ချောင်းရေတံခွန် အထက်ဘက်ရေကာတာတွင် ညနေ(၀၄း၃၀)ခန့်
အသက်၁၄/၁၅နှစ်အရွယ်ခန့် ကျောင်းဝတ်စုံနှင့် ကျောင်းသူတစ်ဦးအား အသက်၂၆/၃၀ ၀န်းကျင်ရှိ့ အမျိုးသားတစ်ဦးမှ
လူမြင်ကွင်းတွင် မဖွယ်မရာ ပြုလုပ်နေခြင်း အားတွေ့မြင်ရပါသည်။
၄င်းကိစ္စနှင့်စပ်လျှင်း၍ နောက်နောင်အချိန်ကာလများတွင် ထိုကိစ္စနှင့် အလားတူ ကိစ္စရပ်များမဖြစ်စေရန်
သရက်ချောင်းမြို့နယ်အတွင်း ကျောင်းများမှ စည်းကမ်းများတင်းကြပ်စွာ လုပ်ဆောင်ရန်လိုအပ်ပါသည်။
ကျောင်းနေအရွယ်ကျောင်းသားကျောင်းသူများ မုန်ဘိုင်းဘုန်းသုံးစွဲခြင်းကိုလည်း ပြင်းထန်စွာတားမြင့်ရန်လိုအပ်ပါသည်။
မိဘအုပ်ထိန်းသူအနေနှင့်လည်း မိမိသားသမီးပညာရေးအတွက် လမ်းမှားမရောက်အောင် မလိုအပ်ပဲ မုန်ဘိုင်းဖုန်းသုံးစွဲခြင်းအား တားမြင့်သင့်ပါသည်။
ကျနော်တို့ သရက်ချောင်းရေတံခွန်တွင် ကျောင်းသူကို တွေ့ရှိ့ချိန်သည် ၀၄း၃၀နာရီ ၀န်းကျင်ခန့်ဖြစ်သည့်အတွက် ကျောင်းချိန်မဟုတ်ပဲ ကျူရှင်ချိန်ဖြစ်နေပါသည်။
ကျူရှင်စာသင်သော ဆရာ/ဆရာမများအနေဖြင့်လည်း မိမိကျူရှင်တွင် ကျူရှင်ချိန်ပျက်ကွက်သောကျောင်းသားကျောင်းသူအား အုပ်ထိန်းသူမိဘသို့ ချက်ခြင်းအကြောင်းကြားရန်လိုအပ်ပါသည်။
မိမိကျူရှင်တွင် ပညာသင်ယူသော ကျောင်းသားကျောင်းသူအား မိမိတာဝန်မယူနိုင်ပါက ကျူရှင်သင်ရန်လုံးဝ သင့်တော်မည်မဟုတ်။
ကျောင်းနေအရွယ် ကလေးများ လမ်းမှားရောက်ခြင်း ကျောင်းအတန်းချိန်တွင် စာသင်ချိန်စိတ်မဝင်စားခြင်းတို့သည် ကျူရှင်များရှိ့နေခြင်းကြောင့်ဖြစ်သည်ဟု ၈၀%သေချာပါသည် ။
ယုခုဖြစ်စဉ်နှင့် စပ်လျှင်း၍ သရက်ချောင်းမြို့နယ်အတွက်၊ထားဝယ်ခရိုင်အတွက်၊
တနသာင်္ရီတိုင်းအတွက်၊မြန်မာနိုင်ငံအတွက် အရမ်းကို ကြောက်မက်ဖွယ် ရင်နှစ်ဖွယ်ကောင်းသော ချိန်ခြောက်မှူတစ်ရပ်ဖြစ့်ပေသည်။
ထို့ကြောင့် ၄င်းကိစ္စနှင့်ထပ်တူ ကိစ္စပ်များ မဖြစ်ပေါ်စေရန်အတွက် မြို့နယ် ခရိုင် နိုင်ငံအတွင်းရှိ့ကျောင်းတိုင်းကျောင်းတိုင်း စည်းကမ်းတင်းကြပ်ပေးပါရန်
ကျူသင်စားသော ဆရာဆရာမများအနေဖြင့် မိမိကျူရှင်တွင်တက်ရောက်သော ကျောင်းသားကျောင်းသူများ လမ်းမှားမရောက်ရန် မလိုလားအပ်သောပြသနာကိစ္စရပ်များမဖြစ်ပေါ်စေရန်အတွက် စနစ်တကျတာဝန်ယူပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

ထားဝယ်အခြေခံကျောင်းသားများသမဂ္ဂ
တက်တိုးအောင်
ထားဝယ်အခြေခံကျောင်းသားများသမဂ္ဂ
တက်တိုးအောင်

No comments