Share:
အနုလုံပဋိလုံ စစ်ဆေးစမ်းသပ်ပြီးတဲ့နောက်မှာ ၄င်းမှာ ကျားအင်္ဂါအပြင် ပြီးပြည့်စုံတဲ့ မအင်္ဂါအစုံလိုက်ပါရှိနေတာကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။ ယင်းကျားအင်္ဂါကို အသုံးပြုပြီးတော့ ၄င်းရဲ့ မိန်းမနဲ့ ဆက်ဆံလာခဲ့တာလည်း ၁၀ နှစ်လောက်ရှိပြီလို့  ၄င်းကတော့ ဆိုပါတယ်။
Ref: dailymail.co.uk
universion
အမျိုးသားတစ်ဦး အစာအိမ်ရောင်လို့ဆေးရုံသွားပြရာကနေ သူဟာ တကယ်တော့ မိန်းမတစ်ယောက်ဖြစ်နေကြောင်း သိရှိသွားခဲ့ရ
တရုတ်အမျိုးသားတစ်ဦးဟာ ဗိုက်အောင့်ဒဏ်ကို ခံစားနေရပြီး ဆီးထဲတွင် သွေးများ ပါလာတဲ့အတွက် ဆရာဝန်ကို သွားပြရာကနေ သူဟာ အမျိုးသမီးစင်စစ် ဖြစ်နေပြီး ဓမ္မတာလာနေခြင်းဖြစ်ကြောင်းကို သိရှိခဲ့ရပြီး အံ့သြမှင်သက်ခဲ့ရပါတယ်။
အသက် ၄၄နှစ်အရွယ် အိမ်ထောင်ရှိသူ ယင်းအမျိုးသားဟာ Zhejiang ပြည်နယ်မှာထိုင်သူ ဖြစ်ပြီး Yongkang မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ သူ့မိန်းမနဲ့ အတူသွားပြခဲ့ပြီးနောက် သူဟာ ဘဝတစ်လျှောက်လုံးမှာ မိန်းမဖြစ်နေခဲ့တယ်ဆိုတဲ့တုန်လှုပ်စရာ ရှာဖွေတွေ့ရှိမှုကို လက်ခံခဲ့ရပါတယ်။
အနုလုံပဋိလုံ စစ်ဆေးစမ်းသပ်ပြီးတဲ့နောက်မှာ ၎င်းမှာ ကျားအင်္ဂါအပြင် ပြီးပြည့်စုံတဲ့ မအင်္ဂါအစုံလိုက်ပါရှိနေတာကို ဆရာဝန်များက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ယင်းကျားအင်္ဂါကို အသုံးပြုပြီးတော့ ၎င်းရဲ့မိန်းမနဲ့ ဆက်ဆံလာခဲ့တာလည်း ၁၀ နှစ်လောက်ရှိပြီလို့ ၎င်းကတော့ ဆိုပါတယ်။
ဆရာဝန်တွေကတော့ ဒီအချက်ကို သံသယရှိနေပါတယ်။ သူ့ရဲ့လိင်အင်္ဂါအစိတ်အပိုင်းတွေဟာ အခြားလူတွေနဲ့ မတူ ကွဲပြားနေပြီး သူ့မှာ လည်ဇလုတ်ပါမလာတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။
Yongkang ပြည်သူ့ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့အဆိုအရ မစ္စတာချန်းဟာ မိန်းမတစ်ယောက်ဖြစ်နေတယ်ဆိုတာကို ဆရာဝန်တွေက မယုံနိုင်ခဲ့ကြဘူး လို့သိရပါတယ်။” သူဟာ ဆံပင်အတိုထားပြီး ယောက်ကျၤား အဝတ်အစားတွေကိုလည်း ဝတ်ဆင်ထားတယ်။ ဒါကြောင့် အစကတော့ သူဟာ မိန်းမတစ်ယောက့်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်တို့ထင်မထားခဲ့ဘူး” လို့ ၎င်းကဆိုပါတယ်။
ဒါပေမယ့်လည်း မစ္စတာချန်ကတော့ သူ့မျက်နှာနဲ့ခြေထောက်တွေ ဖောင်းရောင်လာပြီး မောပန်းနွမ်းနယ်နေသလို ဖြစ်လာတဲ့အခါမှာ သူတစ်ခုခုတော့ဖြစ်နေပြီဆိုတာကို သ်နေခဲ့တယ်လို့ဆိုပါတယ်။ပိုဆိုးတာက ၎င်းရဲ့ဆီးထဲမှာ သွေးတွေ ပါလာတာလို့လည်းဆိုပါတယ်။
ဓာတ်မှန်ရိုက်စစ်ဆေးသည့် အဖြေအရ သူ့မှာ သားအိမ်နဲ့သားဥများရှိနေကြောင်းလည်း တွေ့ရှိရပါတယ်။အဲ့အတောအတွင်းမှာ ခရိုမိုဇုန်းလို့ခေါ်တဲ့ ဗီဇမျှင်တွေကို စစ်ဆေးရရှိတဲ့ ရလာဒ်ကလည်း မစ္စတာချန်းမှာ သူကို မိန်းမဖြစ်ကြောင်း သေချာစေတဲ့ XX သဏ္ဍန် ဗီဇမျှင်တွေရှိနေတယ်လို့လည်း ညွှန်းဆိုနေပါတယ်။
မစ္စတာ ချန်းဟာ Congenital Adrenal Hyperplasia လို့ခေါ်တဲ့ စထရပ်စ် ဟော်မုန်းဓာတ် ထုတ်လွှတ်မှုနည်းပါပြီး ကျားဟော်မုန်းဓာတ်တွေ ထုတ်လွှတ်မှုများပြားနေခြင်းကြောင့် ကျောက်ကပ်အပေါ်ကပ်လျှက်ရှိ adrenal အရည်ထုတ် ဂလင်းတွေ ရောင်ကိုင်းလာစေတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးကို လည်းခံစားနေရပါတယ်။သူရဲ့ကျောက်ကပ် အပေါ်ရှိ adrenal အရည်ထုတ်ဂလင်းထဲမှာ ဖြစ်နေတဲ့ အကျိတ်ကို ခွဲထုတ်ဖယ်ရှားပေးခဲ့ပါတယ်။ဒီရောဂါဖြစ်ရပ်မျိုးဟာ အလွန်အမင်းရှားပါးပြီး မစ္စတာချန်းဟာ ကျား၊မ လိင်၂ မျိုးပါ ပဂ္ဂိုလ်တစ်ဦးဖြစ်နေတာလား မဖြစ်ဘူးလားဆိုတာကို အတည်တော့ မပြုရသေးပါဘူး။ ဒါပေမယ့် သူ့မှာ လိင်အင်္ဂါ၂ မျိုးပါလာသလိုမျိုးတော့ဖြစ်နေပါတယ်။
မစ္စတာချန်းဟာ ဒီအချိန်မှာ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ရောဂါအတွင် ခွဲစိတ်ကုသမှုခံယူဖို့နောက်ကျလွန်းနေပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ အကြောင်းကတော့ ဒီလိုခွဲစိတ်ကုသမှုမျိုးဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ လုပ်ဆောင်ရတာမျိုး ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။
Ref: dailymail.co.uk
No comments
Featured post
၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး
လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...