တောင်ကိုရီးယား သမိုင်း၏ အဆိုးရွားဆုံးသော (စစ်ပွဲကြောင့်မဟုတ်ဘဲ) လူအများဆုံးသေဆုံးခဲ့သည့် ကပ်ဆိုက်မှုကြီး ဖြစ်ပါသည်။
သေဆုံးသူ ၅၀၂ ယောက် ဒါဏ်ရာရသူ ၉၃၇ ယောက်ရှိခဲ့သည်။
လွန်ခဲ့သော ၂၂ နှစ်ခန့်ကဖြစ်သည်။
*************
တောင်ကိုးရီးယား မြို့တော် ဆိုးလ်မြို့ ၏ ဆိုးချို(Seoul – Seocho Gu) ဆိုသော မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
တောင်ကိုးရီးယား မြို့တော် ဆိုးလ်မြို့ ၏ ဆိုးချို(Seoul – Seocho Gu) ဆိုသော မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
လူ ၁၅၀၀ ကျော်ရှိသော…၊ ဈေးရောင်း ဈေးဝယ် ရှုပ်ရှက်ခတ်လျှက်ရှိနေသော ဆမ်းပွန်း ကုန်တိုက်ကြီးသည် ( Sampoong Department Store ) ၂၂ စက္ကန့် အတွင်းလုံးဝပြိုကျသွားခဲ့သည်။
၂၂ စက္ကန့် …။
အလွန်တိုတောင်းလှ၍ ကုန်တိုက်အတွင်းရှိ မည်သူမှ ပြေးချိန်မရလိုက်ပါ…။
*************
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့…။
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့…။
ကုန်တိုက်၏ ငါးလွှာအမိုးတွင် အက်ကြောင်းများပေါ်နေသည်မှာ ကြာပြီဖြစ်သည်။ ဒီနေ့ မနက်ထဲက အက်ကြောင်းလေးများ ဟိုနေရာ ဒီနေရာမှ ရုတ်တရက်ကြီးထွားလာကြသည်။
တာဝန်ရှိသူ ကုန်တိုက်အုပ်ချုပ်ရေးမှုးပြောပြချက်အရ ဥက္ကဋ္ဌ ရီဂျွန်း(Lee Joon ) သည် ထိုအက်ကြောင်းလေးများ အနှံအပြားကြီးထွားလာသည်ကို သိနေသော်လည်း ထိုနေ့ ကုန်တိုက်ပိတ်၍ ဝင်ငွေများ ဆုံးရှုံးရမည် စိုးသောကြောင့် မည်သူ့ကိုမှမပြောခဲ့ဘဲ ကုန်တိုက်အုပ်ချုပ်ရေးမှုး နှင့် လေးပင်သော ပစ္စည်းများ အရေးကြီးသောပစ္စည်းများကို တိတ်တဆိတ်ရွှေ့နေလေသည်..။
*******************
ညနေ ၅နာရီ…။
ညနေ ၅နာရီ…။
ကုန်တိုက် ၅ လွာအမိုးကြီး အိကျ လာတော့သည်။
“လူတွေမြင်ကုန်တော့မှာဘဲ..”
ရီဂျွန်းသည် ၅ လွှာရှိ ဝန်ထမ်းများကို အမြန်စုဝေးစေသည်။ ထို့နောက် ၅လွှာ အပေါ်သို့တက်နိုင်သော လှေကား၊ ဓာတ်လှေကားနှင့် စက်လှေကားတို့တွင် ဝန်ထမ်းများအား ၅ လွှာသို့ လူများထပ်မတက်စေရန် ပိတ်ပင်တားဆီးခိုင်းထားလိုက်သည်။
ဝန်ထမ်းမိန်းမပျိုလေးများသည် ခါးလေးများညွတ်၍ “ဒီနေ့အဖို့တော့ ၅ လွာ စားသောက်ဆိုင်များ ပိတ်ထားလိုက်ပါပြီ ” လို့ပြောနေကြသည်။
မကြာခင်ပင် အက်ကွဲကြောင်းလေးများသည် အလွန်လျှင်မြန်စွာ မရပ်မနားကြီးထွားလာတော့သည်။
*************
ထိုအချိန်တွင် ကုန်တိုက်ထဲ၌ ၂၂ စက္ကန့်အတွင်း ဘာဖြစ်တော့မယ်ကို မသိသော လူပေါင်း ၁၅၀၀၀ ကျော်… ဈေးရောင်းသူကရောင်း၊ ဈေးဝယ်သူကဝယ်၊ ထမင်းစားသူက စား၊ ကော်ဖီသောက်သူကသောက်နှင့် ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြသည်။
ထိုအချိန်တွင် ကုန်တိုက်ထဲ၌ ၂၂ စက္ကန့်အတွင်း ဘာဖြစ်တော့မယ်ကို မသိသော လူပေါင်း ၁၅၀၀၀ ကျော်… ဈေးရောင်းသူကရောင်း၊ ဈေးဝယ်သူကဝယ်၊ ထမင်းစားသူက စား၊ ကော်ဖီသောက်သူကသောက်နှင့် ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြသည်။
ညနေပိုင်းဖြစ်၍ လူတွေ အရင်ကထက်ပိုများနေခဲ့သည်။
*************
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်….။
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်….။
အက်သံကြီး ဆက်တိုက်ပေါ်လာပြီး နောက်ဆုံးတွင်…
“ဝုန်း”
ရုတ်တရက် အလွန်ကျယ်လောင်သော အသံကြီးထွက်လာပြီး ကုန်တိုက်ကြီးတခုလုံး ပြိုကျသွားလေတော့သည်။
လမ်းသွားလမ်းလာများ ကုန်တိုက်နံဘေးရှိ အဆောက်အဦးများမှ မြင်ရသူတို့သည် ရုတ်တရက်ကြောင်အ သွားကြရာမှ မီးသတ်အဖွဲ့ ရဲအဖွဲ့တို့ကိုဖုန်းဆက်အကြောင်းကြားကြသည်။
“ကုန်တိုက်ကြီး ပြိုကျသွားတယ်ရှင့်”
မီးသတ်အရာရှိ-
” မနောက်ပါနဲ့ဗျာ..။ တာဝန်ထမ်းဆောင်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်…”
မီးသတ်အဖွဲ့များ ရောက်လာသောအခါ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေသွားကြသည်။ အိမ်မက်များလား….။
“ဟင်… စောစောကဘဲ အကောင်းကြီးရှိသေးတယ်….”
ဗုံးနဲ့ ပစ်ခွဲချလိုက်သကဲ့သို့ ကုန်တိုက်ကြီးသည် မြေပြင်ပေါ်ပြန့်ကျဲ ပြိုကျသွားခြင်းဖြစ်သည်။
*************
လူ ထောင့်ငါးရာကျော်သည် ပစ္စည်းများ၊ အုတ်ခဲများအောက်တွင် ပိတ်မိနေကြသည်။
လူ ထောင့်ငါးရာကျော်သည် ပစ္စည်းများ၊ အုတ်ခဲများအောက်တွင် ပိတ်မိနေကြသည်။
အဆိုးဆုံး အခြေအနေကို သံတိုင်များက ဖန်တီးလိုက်သည်။
အဆောက်အဦးတို့၏ ထုံးစံအတိုင်း အုတ်နံရံများကြားတွင် ခပ်ပါးပါး သံတိုင်ရှည် များရှိသည်။
ထို သံတိုင်အရှည်များသည် အုတ်နံရံများပြိုကျသောအခါ အုတ်ခဲများကြားမှ ကန်ထွက်လာကာ ဟိုဟို ဒီဒီ လက်လှမ်းမှီသမျှ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ စိုက်ဝင်နေရာယူကြလေပြီ…။
ထို့အပြင် ထိုပါးပါးရှည်ရှည် သံတိုင်များက ကယ်ဆယ်ရေးအဖွဲတို့ အထဲကို ဝင်လို့မရအောင် ကွန်ယက်သဖွယ် ပိတ်ဆို့ထားလိုက်တော့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အုတ်ကျိုးများကို အရင် ဖယ်ရမည်။ ပြီးလျှင် သံတိုင်များကို သံကပ်ကြေးဖြင့်ဖြတ်ပြီးမှသာ အတွင်းရှိ လူတို့ကို ဝင်ရောက် ၍ ကယ်တင်နိုင်မည်ဖြစ်သည်။
*************
ထို အချိန်တွင် မကောင်းဆိုးဝါးများ ချက်ချင်းပေါ်ပေါက်လာသည်။
ထို အချိန်တွင် မကောင်းဆိုးဝါးများ ချက်ချင်းပေါ်ပေါက်လာသည်။
ကိုးရီးယား နိုင်ငံရှိ ကုန်တိုက်ကြီးပေါ်တက်၍ ဈေးဝယ်နိုင်သူတို့သည် ချမ်းသာကြသူများ ဖြစ်ကြသည်။ ကုန်တိုက်ဆိုသည်မှာ လူလတ်တန်းစားတို့အဖို့ တခါဈေးဝယ်ရန် လပေါင်းများစွာ ပိုက်ဆံစုကြရသည်အထိ ဈေးကြီးသော ပစ္စည်းများသာရှိသော နေရာလည်းဖြစ်ပါသည်။
ရွှေထည်၊ ငွေထည် နှင့် တန်ဖိုးရှိသည့် ကုန်ပစ္စည်းများစွာရှိသော ကုန်တိုက်ကြီးဖြစ်၍ နေရာအနှံ့ အပြား၌CCTV ကင်မရာများတပ်ထားသည်။
လူအပေါင်းတို့ ကယ်ပါယူပါတစာစာဖြင့် ကမ္ဘာပျက်နေကြချိန် ကယ်ဆယ်သယောင်နှင့် ပစ္စည်းများခိုးရန်လာသူများသာမက ပိတ်မိနေသောအခန်းများ၌ပင် မကြာခင် အသက်ဆုံးရှုံးရတော့မည်ကိုသတိမမူနိုင်ဘဲ ပစ္စည်းများ လိုက်ကောက်ရင်း လောဘတကြီးပြုံးရယ်နေကြသောမျက်နှာများကိုလည်း CCTV ၌ မြင်တွေ့ရလေသည်။
ပိုက်ဆံသေတ္တာများ ဖောက်ယူသူများလည်းရှိသည်။ လဲကျဒါဏ်ရာရနေသူများထံမှ အဖိုးတန်ပစ္စည်းများကို ဖြုတ်ယူနေသူများလည်းရှိသည်။
ထိုဓာတ်ပုံများသည် “ကုန်တိုက်ကြီး၏ မကောင်းဆိုးဝါးဓာတ်ပုံများ” ( အောက်တွင် ဓာတ်ပုံများတင်ထားပါသည်) ဟု ကိုရီးယား TV သတင်းများထဲတွင် နာမည်ကြီးခဲ့သည်။
****************
ကုန်တိုက်အတွင်းပိတ်မိနေသော မိသားစုဝင်များ သတ်မှတ်ထားသော နေရာတွင် တစုတဝေးထဲနေကြ ဟု ရဲတပ်ဖွဲ့ဝင်များက စပီကာဖြင့် လှုံ့ဆော်သည်။ စာရင်းများကောက်ယူသည်။
မိသားစုများသည် ထိတ်လန့်ချောက်ချားစွာဖြင့် သူတို့ ချစ်သောသူများကို ကယ်ထုတ်ပေးရန် ငိုယိုတောင်းပန်နေကြတော့သည်။
ထိုစဉ်….
ငိုယိုနေသော မိခင်တယောက်အား ဖခင်က တိုးတိုးလေးပြောလိုက်သည်။
မိခင်အငိုရပ်သွားသည်။
တွယ်ရာမဲ့နေသော အခြားမိသားစုများက ထိုအမျိုးသမီးကြီးကို ဝိုင်းမေးကြသည်။
” ဘာလဲဟင်…? ကျွန်မတို့ကိုလဲပြောပြပါ…”ဟုတောင်းပန်ကြတော့သည်။
” ဘာလဲဟင်…? ကျွန်မတို့ကိုလဲပြောပြပါ…”ဟုတောင်းပန်ကြတော့သည်။
ချမ်းသာပုံရသော အမျိုးသမီးကြီးနှင့်အမျိုးသားကြီးက ဘာမှမပြော…။ ဝမ်းနည်းနေသော အမျိုးသမီးကြီးမျက်နှာမှာ အခုတော့ တင်းမာနေသည်။
ဘာပါလိမ့်….?
လူတွေက ပိုပြီးသိချင်၍ ပြောပြရန်တောင်းပန်လာကြသည်။
နာရီအနည်းငယ်ကြာတော့ ဖုန်တွေအလိမ်းလိမ်းနှင့်သမီးလေးတယောက် စောင်နှင့်ပတ်၍ ယောက်ျားကြီးနှစ်ယောက်က လာချပေးသည်။ အမေနှင့်သမီးဖက်၍ ငိုကြသည်။
ဘေးမှ ပူဆွေးသောကရောက်နေသော လူတယောက်က သူတို့လျှို့ဝှက်ချက်ကို မပြောလျှင်သတ်ပစ်မည်ဟု ကြိမ်းမောင်းလာသည်။
နောက်ဆုံးတွင်….။
“ကဲ… လူတွေအများကြီးသိလို့မဖြစ်ဘူး..သိရင် ခင်ဗျားတို့သားသမီးရော ကျုပ်တို့သားသမီးတွေပါ ဒုက္ခရောက်ကုန်မယ်..”
“ဒါပေမဲ့ သားသမီးချင်း စာနာလို့ ပြောပြမယ်”
အမျိုးသားကြီးက တိုးတိုးပြောလိုက်သည်။
အမျိုးသားကြီးက တိုးတိုးပြောလိုက်သည်။
“ကျုပ်တို့ ကယ်ဆယ်ရေးအဖွဲ့တခုနဲ့ဆက်သွယ်ခဲ့တာဗျ…။ လူတွေကများတော့ အကုန်ကယ်ဖို့ အချိန်မရဘူးတဲ့…။ခင်ဗျားတို့ သားသမီးဓာတ်ပုံတွေပေးလိုက်… တယောက်သိန်း ၁၀၀ တဲ့ဗျ ( အဲဒီတုန်းကသိန်းတရာက တော်တော်များသော ပိုက်ဆံဖြစ်သည်။)သူတို့လဲ အသက်စွန့်ကယ်ရတာ ဒီလောက်တော့ပေးသင့်တယ်ထင်လို့ ကျုပ်ပေးခဲ့တယ်..”
မိသားစုဝင်များက ထို ကယ်ဆယ်ရေးသမားတို့အား သူတို့ မိသားစုဝင်ကိုကယ်တင်ရန် သူ့ထက်ငါ ငွေပိုပေး၍ တောင်းပန်ကြတော့သည်။
ထိုကိစ္စတို့ကို မီးသတ်အဖွဲ့ဝင်များမသိအောင် တိုးတိုး ကြိတ် ကြိတ်လုပ်ကြသည်။
အမှန်မှာ ထိုလင်မယား၂ယောက်၊ သမီး ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်နှစ်ဦးနှင့် ကြိမ်းမောင်းသူတို့မှာ သရုပ်ဆောင်ခြင်းဖြစ်သည်။
လူလိမ်အုပ်စု ငွေများလိမ်၍ ယူသွားကြသည်။
သနားဖွယ်ရာ မိသားစုများသည် အပူသောကများကြားမှ ရှိသမျှပိုက်ဆံများကုန် အကြွေးများတင်ကာ မိမိတို့ ချစ်သောသူများလည်း အသက်ရှင်လျှက်ပြန်မရ၍ ရူးမတတ်အောင် ခံစားရတော့သည်။
ထိုလူလိမ်အုပ်စုမျိုး တစ်ဖွဲ့ နှစ်ဖွဲ့မဟုတ် များစွာရှိခဲ့သည်။
ရှက်ဖို့ကောင်းလေစွ….။
****************
လုပ်အားပေးအုပ်စုများ အဖွဲ့လိုက်ရောက်လာကြရုံသာမက လူလိမ် သူခိုးအုပ်စုများလည်း လုပ်အားပေးချင်ယောင်ဆောင်၍ အုပ်စုလိုက် ရောက်လာကြသည်။
လုပ်အားပေးအုပ်စုများ အဖွဲ့လိုက်ရောက်လာကြရုံသာမက လူလိမ် သူခိုးအုပ်စုများလည်း လုပ်အားပေးချင်ယောင်ဆောင်၍ အုပ်စုလိုက် ရောက်လာကြသည်။
ဒါကိုမြင်သော တကယ့်လုပ်အားပေးအဖွဲ့က အယောင်ဆောင်သူခိုးအဖွဲ့တို့နှင့် ရန်ဖြစ်ကုန်ကြသည်။
***************
ကိုရီးယားတွင် အသက်ကြီး၍ ဆင်းရဲသူများကို ၎င်းနှင့်ထိုက်တန်သော အလုပ်တာဝန်များခန့်အပ်လျှက်ရှိရာ ထိုကုန်တိုက်တွင်လည်း အဖိုးအဖွားကြီးများ ၂၄ ယောက်ရှိသောသန့်ရှင်းရေးအဖွဲ့ရှိသည်။
မြေအောက် ၃ လွှာမြောက်တွင် ထို သက်ကြီးရွယ်အို အဖွဲ့သည် ကံဆိုးလှစွာဖြင့် တဝမ်းတခါးအတွက် ကြမ်းတိုက် တံမျက်စည်းလှည်းနေချိန်လည်းဖြစ်သည်..။
ထို တအုပ်စုလုံး ပိတ်မိနေလေပြီ…။
ထိုသတင်းကို ရရခြင်း ကယ်ဆယ်ရေးအဖွဲ့တို့သည်မြေအောက် ၃ ထပ်ကို ဆင်းရန် အပေါက်ဖောက်ကြလေသည်။
ထိုအခါ ကုန်တိုက်ကြီးသည် ပို၍ပြိုကြပြီးအုပ်ပုံကြီးက တောင်ကြီးတတောင်လို ဖြစ်သွားလေသည်။ အခြေ အနေပိုဆိုးကုန်တော့သည်။
“ကယ်ဆယ်သူများ အတင့်မရဲကြပါနှင့်ခင်ဗျာ…။ ကုန်တိုက်ကြီးက ဆက်တိုက်ပြိုကျနေပါတယ်။”
သန့်ရှင်းရေးအဖွဲ့များတဖွဲ့လုံး အသက်ဆုံးရှုံးခဲ့ပါသည်။
**************
ကိုးရီးယားလူမျိုးတို့သည် ခေတ်အဆက်ဆက် အရေးကြီးလျှင် သွေးစည်း ကြသော လူမျိုးဖြစ်သည်။
ကိုးရီးယားလူမျိုးတို့သည် ခေတ်အဆက်ဆက် အရေးကြီးလျှင် သွေးစည်း ကြသော လူမျိုးဖြစ်သည်။
တကယ့် စေတနာ့ဝန်ထမ်းများလည်းအတော့်ကို များခဲ့ပါသည်။
အုတ်များဖြိုရန်နှင့် သံတိုင်များညှပ်ရန် ဆောက်များ သံညှပ်ကပ်ကြေးများ လူအင်အားများလိုအပ်သည်ဟု TV မှကြေငြာလိုက်သောအခါ တနိုင်ငံလုံးမှ တအိမ်တယောက်ထွက်ခဲ့ကြသည်။
ဆရာဝန် အဖွဲ့များ၊ သူနာပြု အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်အဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ ကြည်းတပ်၊ လေတပ်၊ ရေတပ်များမှ စစ်သားများသည် တူများ ဆောက်များကိုင်ကာ အင်အားဖြည့်လာကြ၍ ခြေချစရာတောင်မရှိခဲ့ပေ။
အစားအသောက်နှင့်ရေ အလှူရှင်များလဲ အလွန်ပေါများခဲ့သည်။
လူနာများအတွက် သွေးအလှုရှင်များလည်း များပြားလွန်း၍ လိုအပ်သည်ရယ်လို့မရှိခဲ့ပေ…။
ကိုရီးယားတနိုင်ငံလုံး လိုလို TVသတင်းများကို ညတောင်မအိပ်ပဲ ၂၄ နာရီစောင့်ကြည့်နေကြသည်ဟုဆိုကြသည်။
ကုန်တိုက်ကြီးအောက်မှ လူတယောက် အသက်မသေပဲ လွတ်မြောက်လာသည့်အခါတိုင်း မျက်ရည်များကြားမှ အသံနက်ကြီးများဖြင့် တနိုင်ငံလုံး ပျော်ရွင်စွာ တပြိုင်နက် အော်ဟစ်ကြသည်။
***************
စေတနာ့ဝန်ထမ်းများ အလွန်များသော်လည်း အုပ်စုလိုက် သာသီးခြားရှိနေခဲ့သည်။ အတိုင်အဖောက်မညီနိုင်ခဲ့ကြပါ။
ထိုအုပ်စုလိုက်လုပ်အားပေးအဖွဲ့များကို စနစ်တကျတာဝန်ပေးနိုင်သည့် ဦးဆောင်မည့်သူမရှိခဲ့ပါ။
အတွေ့အကြုံနည်းပါးမှု စနစ်ကျမှုမရှိသောကြောင့် ထင်သလောက်အရာမရောက်….။လူသာများ၍ ပွဲမစည်ခဲ့ပေ။
ထိုစဉ်….
ကုန်တိုက်ကြီးထဲမှ gas အိုးများပေါက်ကွဲ၍ မီးထ လောင်တော့သည်။
မီးသတ်အဖွဲက ကားပေါ်မှရေကုန်သွားတော့ ကုန်တိုက်ပတ်ဝန်းကျင်မှ ရေစုတ်ရန်ပြင်သည်။ကုန်တိုက်ကြီးပြို၍ ရေပိုက်များပိတ်နေသည်…ရေမရှိ…။
မီးသတ်ကားတို့က နောက်ပြန်လှည့်၍ ရေပြန်သယ်ရသည်။ ထိုအချိန်တွင် ပိတ်မိနေသောလူများ ပြေးစရာနေရာမရှိ မီးလောင်၍ သေကုန်ကြသည်။
မီးခိုး အဆိပ်ငွေ့များ ဘိလပ်မြေအမှုန့်များ ကြောင့်လေများမသန့်တော့ဘဲ အုတ်ခဲများအောက်၌ပိနေသော ဒုက္ခသည်များအဖို့ ပို၍အဆိပ်သင့် ကုန်ကြသည်။
တတ်အားသမျှ မြန်ဆန်စွာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကြသော်လည်း တနေ့တည်းပြီးသော ကိစ္စမဟုတ်ပေ။
အဆောက်အဦးအောက်မှ ပိတ်မိနေသော လူတွေသည်လည်း တရက်ထက်တရက်ကြာလာသည်နှင့် အမျှအစာငတ် ရေငတ်နှင့် တယောက်ပြီးတယောက် သေဆုံးကုန်ကြတော့သည်။
မကြာခင် မိုးများ သည်းထန်စွာရွာသွန်းလာပြန်သည်။
ပိတ်မိနေသော ဒုက္ခသည်များ ညစ်ပတ်သော ဘိလပ်မြေအမှုန်များသည် ရွှံ့များအဖြစ်ပြောင်းလဲသွားကြသည်။ ထို ရွှံ့ များဖြင့် မွန်းကြပ်၍ သေဆုံးကြပြန်သည်။
****************
၁၀ရက်မြောက်နေ့….။
၁၀ရက်မြောက်နေ့….။
အသက်ရှင်နေမည့်လူ တယောက်မှမရှိတော့ဟု စိတ်ဒုံးဒုံးချလိုက်ကြသည်။ လူသေအလောင်းများသာ တခုပြီးတခု ဖော်ထုတ်နေခဲ့သည်။
ကျန်ရစ်သူမိသားစုမှလည်း မိမိတို့ချစ်သောသူများ၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်သာ စောင့်ဆိုင်းနေရသော အခြေအနေဖြစ်သည်။
သေဆုံးသူ ၅၀၂ ယောက် ၊
ဒါဏ်ရာရသူ ၉၃၇ ယောက်၊
***************
မီးသတ် အရာရှိတဦးက သူ့အတွေ့အကြုံကို ဒီလိုပြောပြထားပါတယ်။
မီးသတ် အရာရှိတဦးက သူ့အတွေ့အကြုံကို ဒီလိုပြောပြထားပါတယ်။
မီးသတ်အရာရှိသည် အုတ်တွေဖယ်နေပြီး ဒုက္ခသည်တွေလိုက်ရှာနေခဲ့စဉ်….
“ကျမကိုကယ်ပါ” ဆိုတဲ့အသံကိုကြားရသည်။
“ကုန်တိုက်ကြီးဟာ အသားညှပ်ပါမုန့်ကြီးလိုဘဲ အုတ်တွေ ကြားထဲမှာ လူတွေညှပ်ထားကြတာဗျ။ ကျနော် သူမကိုရှာမရဘူး။”
မီးသတ် အရာရှိက အော်ပြောလိုက်တယ်။
” ညီမ အကိုတို့လာကယ်တဲ့ အထိစောင့်နိုင်မယ်မလား?”
“ဟုတ်ကဲ့ စောင့်နိုင်ပါတယ်”
“ကျနော် အုတ်ပုံကြီးကို လှည့်ပြီး တစ်ကနေ တဆယ်အထိနံပါတ်တွေ အော်လိုက်မယ်။ ဘယ် အသံက ညီမဆီ အနီးဆုံးကြားရလဲ သေချာနားထောင်ပြီး နံပါတ်ပြောပေးနော် ညီမ”
မီးသတ်အရာရှိက အုတ်ပုံကြီးကို ပတ်၍ “တစ်”.. နဲနဲဆက်လျှောက်ကာ ” နှစ်”……
မီးသတ် အရာရှိက တစ်ဆယ်အထိ အော်သည်။
မီးသတ် အရာရှိက တစ်ဆယ်အထိ အော်သည်။
နောက်တပတ်လှည့် ၍ ထပ်အော်သည်…။
“နှစ်…ပါ အကို”
မီးသတ်အရာရှိသည် သူ့အုပ်စုကို ခေါ်လိုက်သည်။ လူပေါင်း ၂၀ လောက်ရှိမည်။ လုပ်အားပေးသူတို့သည် အုပ်များဖယ်ကြ မြေကြီးများကို လက်နဲ့ ယက်ထုတ် သံချောင်းများဖြတ်ထုတ်၍ တတ်နိုင်သမျှ အမြန်ဆုံး အမျိုးသမီးလေးကို ကယ်တင်ရန်ပြုလုပ်ကြသည်။
၃ မီတာခန့် တွင်းတူးပြီးသွားပြီ… မတွေ့
“ညီမရေ ..မှားနေပြီး အကိုထပ်အော်မယ်။ သေသေချာချာ နားထောင်ပေးပါ။”
“ဟုတ်ကဲ့ ”
” ရှစ်ပါ ….အကို …”
မီးသတ်အရာရှိ စဉ်းစားရကြပ်သွားသည်။
“နှစ်နေရာ နှင့် ရှစ်နေရာ ” တော်တော် ဝေးသောကြောင့်ဖြစ်သည်။
” ဒါပေမဲ့ အကို ညီမ .. အသက်ရှုကြပ်လာပြီ”
” အားတင်းထားညီမလေး စိတ်က အဓိကဘဲ။ အကယ်၍ အကိုတို့လက်လျှော့လိုက် ရင်တောင် ညီမက ကာယကံရှင် ..စိတ်မလျှော့ပါနဲ့”
မီးသတ်အရာရှိသည် လူအင်းအားထပ်ဖြည့်လိုက်သည်။ သည်တခါ ၅ မီတာအထိနက်အောင်တူးသည်။
” အကို … ညီမ သေတော့မယ်”
” ညီမ မိဘတွေ စောင့်နေတယ်လေ။ သေလို့မဖြစ်ဘူး။ အကို လာနေပြီ …အားတင်းထားပါ…”
“ညီမဆီ အမြန်ဆုံး လာပါ တောင်းပန်ပါတယ်။”
” စကားမပြောနဲ့ လက်ကို ပါးစပ်နဲ့ အုပ်ထား။ မေးတာဘဲဖြေ ညီမ… ဂက်စ်တွေ အဆိတ်ငွေ့တွေအရမ်းဆိုးနေတယ်…”
“……”
“ညီမ…”
“……” အမျိုးသမီးက ပြန်မဖြေတော့ပါ။
နံပါတ် ရှစ်နေရာလဲမတွေ့ …
မီးသတ်အရာရှိ စဉ်းစားလိုက်သည်။ ပထမဆုံးသူမ အသံကြားသည့်နေရာ…
သူတို့ထပ်တူးကြသည်။ သူမ ဆံပင်လေးတွေတွေ့ရပြီ….။
လုပ်အားပေးများ ဝမ်းသာသွားကြသည်။ အင်တိုက်အားတိုက် ဆက်တူးကြသည်။
” ညီမ …!!!!.”
မီးသတ်သမားကြီးက ဝမ်းသာအားရ ငိုသံပါကြီး နှင့်အော်၍ ထမ်းစင်ဖြင့် တွင်းထဲ ဆင်းခဲ့သည်။
သူမ အသက်မရှိတော့ပြီ…!
မီးသတ်သမားကြီး ခြုံးပွဲချ၍ အော်ဟစ်ပြီး ငိုနေသည်။
သူမသည် အုတ်များ အလွန်ပိတ်ဆို့နေသောကြောင့် သူ့အသံအား ပုံမှန်လို မကြားခြင်း ဖြစ်ဟန်ရှိသည်။
“ဪ… အကို တဲ့လား”
အားကိုးတကြီး ခေါ်သံ ကြားနေမိသည်။ သူ သည် အမျိုးသမီးလေး၏ နောက်ဆုံး တွယ်တာ အာကိုးစရာ ကောက်ရိုးတမျှင်ဖြစ်ခဲ့သည်။
သူမ အသံ စ ကြားသည့်အချိန်မှ သူမကိုတွေ့သည်အချိန် ၃ နာရီသာကြာခဲ့သည်။
အားတင်းထားရမှာညီမရယ် …အခုတော့ ….
(ကိုရီးယားတွင် တွေ့တွေ့ချင်း မရင်းနှီးသောသူများကို အကို မခေါ်ပါ..)
မီးသတ်အရာရှိသည် ထိုအမျိုးသမီးလေး၏ အသံများကို အမြဲကြားနေသဖြင့် ဆေးကုသ ခံယူပြီး မီးသတ်အလုပ်ကို စွန့်လွတ်ပစ်သည် အထိ ကြေကွဲစွာခံစားခဲ့ရပါသည်။
*****************
ထူးဆန်းစွာဖြင့် သေကံမရောက် အသက်မပျောက်သူ ၃ ဦးကျန်နေခဲ့သည်။
ထူးဆန်းစွာဖြင့် သေကံမရောက် အသက်မပျောက်သူ ၃ ဦးကျန်နေခဲ့သည်။
အလွန်ကံကောင်းသူ ၃ ယောက်ဟု နာမည်ကြီးခဲ့သည်။
*******************
ကုန်တိုက်ကြီးပြိုကျသော၁၁ ရက်မြောက်နေ့…..။
ကုန်တိုက်ကြီးပြိုကျသော၁၁ ရက်မြောက်နေ့…..။
အသက် ၂၀ အရွယ်ရှိ ချွဲမြောင်းစု ကိုကယ်တင်နိုင်ခဲ့သည်။
*******************
ကုန်တိုက်ကြီးပြိုကျသော ၁၃ ရက်မြောက်နေ့…….။
ကုန်တိုက်ကြီးပြိုကျသော ၁၃ ရက်မြောက်နေ့…….။
အသက် ၁၈ နှစ်အရွယ် ယူချိဝမ်း ကအသက်ရှင်လျှက်ရှိခဲ့သည်။
*******************
ကုန်တိုက်ကြီးပြိုကျသော ၁၇ရက်မြောက်နေ့……..။
ကုန်တိုက်ကြီးပြိုကျသော ၁၇ရက်မြောက်နေ့……..။
လုပ်အားပေးလူကြီးတယောက်မှ အုတ်ခဲတွေ ဖယ်၍ သံတွေရှင်းနေစဉ်
“ဒီမှာရှင့်…”
ဆိုသော အသံသေးသေးလေးကိုကြားလိုက်ရ၍ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။ လူအင်အားများစွာသုံး၍ ရှာဖွေခဲ့သည်။
နောက်ဆုံးအသက်ရှင်လျှက်ထွက်လာသော သူမသည် ၃၇၇ နာရီလုံးလုံး အလွန်ကျဉ်းမြောင်း၍ လှုပ်၍မရသော နေရာ၌ နေခဲ့ရသည်။
အပေါ်မှကျလာသော ရေစက်လေးများကို သောက်၍ သူမအသက်ဆက်နေခဲ့သည်။
” ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ သေတော့မယ်ဆိုတဲ့အတွေး ယောင်လို့တောင်မတွေးခဲ့ဘူး။ ကျွန်မဒီနေရာက ထွက်ပြီး မိသားစုနဲ့ပြန်တွေ့ကိုတွေ့ရမယ်လို့ တွေးခဲ့ပါတယ်။ ”
သူမကတော့ ၁၉ နှစ်အရွယ်ရှိ ဘာ့ခ်စွန်းဟယောင်း (Park Seung-hyun)ဖြစ်ပါသည်။
******************
ဤကုန်တိုက်ကြီးဘာကြောင့်ပြိုခဲ့သနည်း..?
ဤကုန်တိုက်ကြီးဘာကြောင့်ပြိုခဲ့သနည်း..?
ဘယ်လို လူယုတ်မာတို့ နောက်ကွယ်မှာရှိခဲ့သနည်း…?
ဆက်လက်ရေးပါမည်။
စာအကိုးအကား
(References-
Korea TV news ,
Wikipedia,
PD interviews,
Pictures from ‘Naver’ )
(References-
Korea TV news ,
Wikipedia,
PD interviews,
Pictures from ‘Naver’ )
မရွှေမိုး ( ကိုရီးယား )
ဂျူလိုင် ၂၃ ၂၀၁၇း
ဂျူလိုင် ၂၃ ၂၀၁၇း

No comments