မြန်မာနိုင်ငံမှာတော့ လူသုံးနည်းသေးတယ်တဲ့…
ယောင်းတို့ရေ..
ခွက်လေးတစ်ခွက်အကြောင်း မျှဝေချင်လို့ပါ။ ဟီး..အမျိုးသမီး သီးသန့်ခွက်ဆိုတည်းက နည်းနည်းတော့ အထာပေါက်လောက်မယ်ထင်ပါ့။ ဟုတ်ပါတယ်… အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတစ်ခုအကြောင်းပါ။ မြန်မာနိုင်ငံမှာတော့ တော်တော်များများက Pad ကို အသုံးပြု ကြပါတယ်။ ဆိုပေမယ့်လို့ တခြားသော အမျိုးအစားတွေလည်း ရှိပါသေးတယ်။ ယောင်းတို့မှတ်မိမလား မသိ အက်ဒမင်တို့ တစ်ခါတုန်းက ပျိုမေတို့ မသိသေးတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်း(၂)မျိုး ဆိုပြီး ရေးထားဖူးတာလေးရှိပါတယ်။ အဲဒီထဲက ခွက်လေးအကြောင်းပါ။ အက်ဒမင်လည်း ကိုယ်တိုင်သုံးဖူးတာမဟုတ်တော့ ယောင်းတို့ ပိုပြီး အသေးစိတ်သိရအောင် အသိညီမလေး Angelina Win ကို အကူအညီတောင်းထားတာပါ။ သူရဲ့အတွေ့အကြုံလေးနဲ့ယှဉ်ပြီး ရေးပေးထားတာပါ။ ဖတ်ကြည့်ပါဦးနော်။
အခုပြောပြချင်တဲ့အကြောင်းလေး က Menstrural Cup အကြောင်းလေးပေါ့နော်။ cup ဆိုတဲ့အတိုင်း ခွက်လို ကန်တော့ပုံစံလေး ပုံမှာမြင်ရတဲ့အတိုင်းပဲ။ Cup က Tampon နဲ့ အသုံးပြုရတဲ့ပုံစံချင်း အလားသဏ္ဌာန်တူပါတယ်။ ဒါပေမဲ့ အဲဒီခွက်လေးက ဆေးပညာနဲ့ အထူးစီမံထားတဲ့ ဆီလီကွန်ခွက်လေးမို့လို့ စွန့်ပစ်စရာမလိုပါဘူး။ ဆေးပြီးပြန်သုံးလို့ရပါတယ်။
စစရှာတွေ့တုန်းက….
ညီမ ဒီ cup ကို လွန်ခဲ့တဲ့သုံးနှစ်က youtube မှာ အမှတ်တမဲ့တွေ့သွားတာပါ။ ကိုယ်ကလည်း အစတည်းကမှ pad မကြိုက်တဲ့သူဆိုတော့ စိတ်ဝင်စားပြီး စပ်စုကြည့်တာပေါ့။ ဒါပေမဲ့ video ကြည့်ပြီး ပထမစဉ်းစားမိတာက “ဟယ်အဲ့ခွက်ကြီးဘယ်လိုထည့်မတုန်း” ပေါ့။ အပျိုလေး ဆိုတော့ ကြောက်တယ်လေနော်။ Tampon နဲ့တောင်အဆင်မပြေတာ ဒါဘယ်လိုထည့်ရပါ့မလဲလေနော်။ ဒါပေမဲ့ pad ကလည်း လုံးဝ ကို မကြိုက်တာဆိုတော့ စုံစမ်းကြည့်ပြီး ဝယ်ပလိုက်တယ် “ဒါနဲ့အဆင်ပြေပါစေ”ဆုတောင်းရင်း နဲ့ပဲ။
အရွယ်အစား
တချို့ brand က ဆိုဒ် ၂မျိုး ရှိတယ်။ တချို့က ဆိုဒ်တစ်မျိုးပဲလာတယ်။ နာမည်ကြီးBrand တွေက တော့ Lunette, Diva Cup နဲ့ Femme Cup ဖြစ်တယ်။ အဲ့ထဲမှာ Femme က ဆိုဒ်တစ်မျိုးပဲရှိပြီး သူနဲ့ Diva က အရောင်တစ်မျိုးပဲလာတယ်။ Lunette ကအရောင်နဲ့လာတယ်။ Lunette နဲ့ Diva က model 1 နဲ့ 2 ဆိုပြီးရှိတယ်။ များသောအားဖြင့် အပျိုများက model 1 သုံးတယ်။ ဆီလီကွန်ကနည်းနည်းလေးပိုပျော့ ပြီး ခွက်အဝနည်းနည်းကျဉ်းတယ်။ Model 2 ကတော့ ကလေးမွေးဖူးပြီးစမေမေတွေ အသုံးများတယ်။ ဒါပေမဲ့ ရာသီသွေးများများဆင်းတတ်တဲ့ သူတွေက Model 2 နဲ့ ပိုသင့်တော်ပါတယ်။
အတွေ့အကြုံ
(for Lunette) Cup ရတော့ အားရပါးရဖေါက်ပြီးထုတ်လိုက်တော့ “ဟယ်” ဆိုပြီး မျက်လုံးပြူးသွားတယ်။ ထင်ထားတာထက်ခွက် က နည်းနည်းကြီးနေတယ်။ Tampon နဲ့ နောက်မတူတဲ့တစ်ချက်က cup က “dry run” ထည့်ကြည့်လို့ရတယ်။ အဓိပ္ပာယ်က ဟိုဟာမလာခင် စမ်းသုံးကြည့်လို့ရတယ်။ လေ့ကျင့်ထားတော့ တကယ်လက်တွေ့သုံးတဲ့အခါ ပိုအဆင်ပြေတာေ ပါ့။ ပထမဦးဆုံး စမ်းသုံးကြည့်တဲ့အခါ ချွေးတော့ပြန်သွားတာပေါ့နော်။ သုံးနည်းကတော့ ခွက်ကိုခေါက်ပြီးအရင်ထည့်ရတာ။ ခွက်ကအထဲမှာ ပွင့်ပြီး စုပ်ခွက်လိုဖြစ်နေမှာ။ ပထမဦးဆုံးဆိုတော့ ကိုယ်နဲ့အဆင်ပြေတဲ့ခေါက်နည်းရှာ ရတယ်။ ခေါက်နည်းအမျိုးမျိုးရှိတယ် – C fold, Punch Down fold, S-fold, 7-fold စသဖြင့်ပေါ့။ ပုံထဲမှာတွေ့ရတဲ့အတိုင်းပါပဲ။ ခေါက်လိုက်ရင် Tampon ဆိုဒ် လောက်ပဲရှိတော့တာကိုး။ အဲ့အခါ ထည့်ရလွယ်သွားတာပေါ့။
စစချင်း ခေါက်ပြီး ထည့်တဲ့အခါ ထင်သလောက်တော့မလွယ်ဘူးပေါ့နော်။ ဒါပေမဲ့ အထဲမှာနေရာတကျဖြစ်သွားရင် ဘာမှမခံစားရတော့ဘူး။ ဆိုလိုတာက ခိုးလိုးခုလု လုံးဝမဖြစ်ဘူး။ ရှိလို့ရှိမှန်းတောင်မသိရဘူး။ သုံးတဲ့အခါမှာလည်း စိမ့်ယိုမှုမရှိဘူး။ ထုတ်တဲ့အခါကျရင်လည်းလွယ်တယ်။ ခွက်ရဲ့အတံလေးကိုဆွဲထုတ်ပြီးသွန်ရုံပဲ။ ပြီးရင်ရေဆေးပြီးပြန်ထည့်ရုံပဲ။ ယောင်းတို့ဘာစဉ်းစားနေလဲသိတယ်။ “ဟင် ရွံစရာကြီး လက်နဲ့ကိုင်ရမှာ။” ခွက်အတံလေးပဲကိုင်ပြီးထုတ်ရတာဆိုေ
အားသာချက်အားနည်းချက်
ပထမဆုံး ဒီ cup ရဲ့အားသာချက်က pad တို့ tampon တို့လို (၄)နာရီခြားတစ်ခါ လဲစရာမလိုဘူး။ (Very Heavy Flow/ခွက် မပြည့်သရွေ့) သူက တစ်ခါထည့်ပြီးရင် (၁၂) နာရီပြည့်တဲ့ထိထားလို့ရတယ်။ *(ယောင်းတို့ရေ လက်ရှိသုံးနေတဲ့ ညီမလေးရော ဝက်ဘ်ဆိုဒ်တော်တော်မျာများမှာ ၁၂ နာရီကြာ အသုံးပြုလို့ရတယ်ဆိုပေမယ့် ပြင်သစ်နိုင်ငံ သုတေသနပညာရှင်တွေရဲ့ အဆိုအရတော့ cup က tampon ထပ်ပိုကြီးတော့ ဘက်တီးရီးယားပိုဝင်နိုင်တဲ့အတွက် သန့်ရှင်းမှုကိုတော့ အထူးသတိထားရပါမယ်… ဖြစ်နိုင်ရင် (၄) နာရီ ကြားတစ်ခါ လဲပေးနိုင်ရင် ပိုကောင်းပါတယ် လို့ ဆိုထားပါတယ်။နောက် တစ်ချက်က အချိန်အကြာကြီးထားလို့ရသလို သူက အနံ့ဆိုးမထွက်စေဘူး။ ပြီးတော့ သူက pad နဲ့ tampon လို chemicals မပါဘဲ ဆေးပညာနဲ့ အထူးစီမံထုတ်လုပ်ထားတဲ့ ဆီလီကွန်ဆိုတော့ အန္တရာယ်ရှိမှာ မစိုးရိမ်ရပါဘူး။ ဒါ့အပြင် ရေရှည်မှာ ပိုက်ဆံလည်းအကုန်ကျသက်သာတယ်လေ ။ ဘာလို့လဲဆိုတော့သူက တစ်ခါဝယ်ပြီးရင် (၅) နှစ်သုံးလို့ရတယ်။ တခြား pad လဲထပ်ခံစရာမလိုဘူးဆိုတော့။ စွန့်ပစ်စရာ မလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်တာပေါ့။ နောက်တစ်ချက်က အားနည်းချက်မဟုတ်သော်လည်း complaint တက်နိုင်တာက အပျိုလေးတွေ သုံးလို့အဆင်ပြေပါ့ မလားပေါ့နော်။ အဲ့ဒါက တစ်ဦးချင်းစီပေါ်မူတည်ပါတယ်။ မိန်းကလေးတစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူတဲ့အတွက် hymen ခေါ် အပျိုအမြှေးပါးရှိနေတဲ့အထူအပါး အနိမ့်အမြင့်ကွာ ပါတယ်။ တကယ်တမ်း hymen ကတော့ စက်ဘီးစီးရုံ အားကစားလုပ်ရုံနဲ့ပျက်နိုင်တာပါ။ ကိုယ့်အတွက်က ဒီ Hymen ရှိမှဖြစ်မှာဆိုရင်တော့ ဒီခွက် ကိုမသုံးသင့်ဘူးလို့ အကြံပြုချင်ပါတယ်။ နောက်တစ်ချက်က ခန္ဓာကိုယ်ထဲထည့်တာဖြစ်လို့ ဂရုတစိုက် ခွက်ကို သန့်သန့်ရှင်းရှင်းထားပြီး chemical မပါတဲ့ ခွက်ဆေးရည်နဲ့ဆေးရမှာဖြစ်တယ်။ (တစ်ဘူးကို ၂ နှစ်လောက်ခံတယ်။ ဒါပေမဲ့ အမျိုးသမီးသန့်စင်ဆေးရည်နဲ့လည်းဆေးလို့ရတယ် ။) စသုံးတော့မယ်ဆိုရင် ခွက်ကို ပွက်ပွက်ဆူတဲ့ရေနွေးထဲ (၅)မိနစ်လောက်ပြုတ်ရတယ်။ ပထမဆုံးစသုံးမှာဆိုရင်ခွက်ကို အရင်ထည့်ကြည့်ပါ။ အတံလေးထွက်နေသေးတယ်ဆို ညှပ်လိုက်ပါ။ အဲ့လိုဆို ခိုးလိုးခုလုမဖြစ်တော့ဘူးပေါ့။ နေ့စဉ်သုံးဖြစ်တဲ့အခါကျရင် တစ်ရက်တစ်ခါသူ့ဆေးရည်နဲ့ဆေးပေးဖို့တော့ လိုပါတယ်။
ကဲယောင်းတို့….ဒီခွက်လေးအကြောင်း သိသင့်သလောက် သိပြီထင်ပါရဲ့..။ သုံးတာ မသုံးတာ တစ်ကဏ္ဍဆိုပေမယ့် ယောင်းတို့ သိထားရအောင်ပါ။ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရာရောက်တယ်ဆိုတော့ အက်ဒမင်တော့ စမ်းသုံးကြည့်ချင်သား။ သုံးဖူးတဲ့ ယောင်းတွေရှိရင်လည်း အမြင်လေးတွေ ဝေမျှသွားပါဦးနော်။
<3 ဆောင်းပါးကို ရေးသားမျှဝေပေးတဲ့ ညီမလေး Angelina Win ကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ <3

No comments