ညစာမပြင်ပေးလို့ မိန်းမကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ရက်စက်တဲ့အမျိုးသား

Share:

အိန္ဒိယမှာ ရာဇ၀တ်မှုနဲ့ပတ်သက်တဲ့အမှုတွေဟာ မြင့်တက်လျက်ရှိပြီး အထူးသဖြင့် မိန်းမတွေဟာ ဓားစာခံဖြစ်ခဲ့ကြပါ
တယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အိန္ဒိယအိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟာ ညစာမပြင်ပေးလို့ ရက်စက်တဲ့ယောကျာ်း
ဖြစ်သူရဲ့ သေနတ်နဲ့ပစ်သတ်ခြင်းကို သနားစဖွယ်ခံခဲ့ရပါတယ်။
အဲဒီလင်မယားဟာ နယူးဒေးလီမြို့အနီးအနားမှာနေထိုင်ကြပြီး ကတောက်ကဆဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့တာလို့သိရ
ပါတယ်။ တရားခံရဲ့အမည်က အရှော့ခ်ကူးမား(Ashok Kumar)ဖြစ်ပြီး သေဆုံးသူအမျိုးသမီးရဲ့နာမည်က ဆူနာအီနာ (Sunaina)ဖြစ်ပါတယ်။ အသက်(၆၀)အရွယ်ရှိတဲ့ အရှော့ခ်ကူးမားဟာ အရက်သေစာသောက်စားပြီး ညနောက်ကျမှ
အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။
အရက်သောက်ပြီး အိမ်ပြန်လာတဲ့ ယောကျာ်းကို ဇနီးဖြစ်သူ ဆူနာအီနာက စိတ်ဆိုးပြီး အရက်မသောက်ဖို့ပြောရာမှ ကတောက်ကဆဖြစ်ခဲ့တာပါ။ အရှော့ခ်ကူးမားရဲ့ အရက်သောက်တတ်တဲ့အကျင့်ကို မကြိုက်တဲ့ ဆူနာအီနာဟာ စကား
များပြီး စိတ်ဆိုးစွာနဲ့ ညစာပြင်ပေးဖို့ကို ငြင်းခဲ့တာပါ။ ဒါကို အရက်မူးပြီး ဒေါသကိုမထိန်းနိုင်တဲ့ အရှော့ခ်ကူးမားက
ဆူနာအီနာရဲ့ခေါင်းကို သေနတ်နဲ့ တစ်ချက်တည်းပစ်သတ်ခဲ့တာဖြစ်ပါတယ်။
မူခင်းအရာရှိဖြစ်သူ  မစ္စတာဆင့်ရှ်က ”တရားခံယောကျာ်းဟာ ညတိုင်းအရက်သောက်ပြီးပြန်လာလေ့ရှိပါတယ်။ အမှုဖြစ်
ပွားခဲ့တဲ့ညမှာလည်း အရှော့ခ်ကူးမားဟာ ဇနီးနဲ့ စကားများခဲ့ပါတယ်။ အရှော့ခ်ကူးမားက ညစာပြင်ပေးဖို့ ပြောတာကို
ဇနီးဖြစ်သူက မလုပ်ပေးခဲ့ပါဘူး။ ဒါကို သူက ဒေါသထွက်ပြီး သေနတ်နဲ့ ခေါင်းကို ပစ်ခတ်ခဲ့တာပါ။ ဇနီးဖြစ်သူဟာ
အဲဒီဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ”လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
တရားခံ အရှော့ခ်ကူးမားကို မေးမြန်းရာမှာတော့ လူသတ်မိကြောင်း ၀န်ခံခဲ့ပြီး သူ့ဇနီးကို သတ်ပစ်မိလို့နောင်တရနေ
ကြောင်းလည်း သိပါတယ်။ ဒါပေမယ့် နောင်တဆိုတာ နောင်မှရတာဖြစ်ပြီး အရက်သေစာသောက်စားပြီး တဒင်္ဂ ဒေါသ အမှားလေးကနေ အရှော့ခ်ကူးမားကတော့ ဇနီးကိုလည်း ဆုံးရှုံးခဲ့ရသလို ရာဇ၀တ်မှုရဲ့ပြစ်ဒဏ်ကိုလည်း ခံရတော့မှာဖြစ်ပါတယ်။
Credit-shwemom

No comments

Featured post

၂၄ နာရီအတွင်း ၄၂ခါအာသာဖြေခဲ့မှူကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင...